အီဂျစ်တောင်ပိုင်း အာဘေဒိုစ်မြို့၊ ရှေးဟောင်းတူးဖော်မှုမှာ ရှေးသိုးဦးခေါင်းပေါင်း ၂ဝဝဝ ထက်မနည်း တွေ့ရှိ

 640

ရောင်နီ (NP News) - မတ် ၂၆

အီဂျစ်နိုင်ငံတောင်ပိုင်း ရှေးဟောင်းမြို့တော် အာဘေဒိုစ်ရှိ Ramses II ဗိမာန်မှာ Ptolemaic ခေတ်၊ သက်တမ်းရှိ သိုးဦးခေါင်းပေါင်း ၂,ဝဝဝ ထက်မနည်းနဲ့ ခမ်းနားသော ရှေးဟောင်းဘုရင့်နိုင်ငံတော် တည်ဆောက်ပုံတို့ကို တူးဖော် တွေ့ရှိခဲ့ကြောင်း ရှေးဟောင်းအာဏာပိုင်များက မတ်လ ၂၅ ရက်၊ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

သိုးခေါင်းများ၊ ခွေးများ၊ တောဆိတ်များ၊ နွားများ၊ ဒရယ်များနဲ့ မျောက်ဝံ ဦးခေါင်းများကို ဗိမာန်တော်မှာ မြုပ်နှံထား တာ တွေ့ရှိခဲ့ပြီး သိုးဦးခေါင်းများကိုတော့ ဘုရားကျောင်းမှာ တွေ့ရှိခဲ့ကြောင်း ခရီးသွားလုပ်ငန်းနဲ့ ရှေးဟောင်း ဝန်ကြီးဌာနထံမှ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရှာဖွေတွေ့ရှိမှုများဟာ Ptolemaic ကာလ၊ နှစ်ပေါင်း နှစ်ထောင် ကျော်ကာလအတွင်း နေထိုင်မှုပုံစံ အသိပညာကို ကျယ်ပြန့်စွာ သိရှိနိုင်မှာဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

Ptolemaic ခေတ်မှ ဘီစီ ၃ဝ ခန့်က ရောမတို့ အောင်ပွဲခံသည်အထိ ခေတ်ဟာ ရာစုနှစ်သုံးစုခန့် ကွာခြားပါတယ်။ ကိုင်ရိုမြို့တောင်ဘက် မိုင် ၂၇ဝ ( ၄၃၅ ကီလိုမီတာ) ခန့်အကွာ ဆိုဟက် အီဂျစ်အုပ်ချုပ်ရေးမှူးရုံးမှာ တည်ရှိတဲ့ အာဘေဒိုစ် မြို့ဟောင်းဟာ အီဂျစ်နိုင်ငံရဲ့အထင်ကရ ရှေးဟောင်းသုတေသန နေရာများ ဖြစ်ပေမယ့်လည်း ခရီးသွားလည်ပတ်မှု နည်းပါးတဲ့နေရာများထဲမှ တစ်ခုဖြစ်ပါတယ်။

၎င်းဟာ ရှေးခေတ်အီဂျစ်မင်းမျိုးမင်းနွယ်များအတွက် နီခရိုပိုလစ်နဲ့ အိုစီရစ် ဘုရားဝတ်ပြုဖို့အတွက် ဖွင့်လှစ်ထားတဲ့ ဘုရားဖူးစင်တာတစ်ခုလည်း ဖြစ်ပါတယ်။ တူးဖော်မှုများကို နယူးယောက် တက္ကသိုလ် ရှေးဟောင်းကမ္ဘာ့လေ့လာ ရေးဌာနမှ မစ်ရှင်တစ်ခုက ဆောင်ရွက်ခဲ့ပါတယ်။ တူးဖော်မှုမှာ သွေ့ခြောက်နေတဲ့ တိရစ္ဆာန်အကြွင်းအကျန်များနဲ့ အတူ၊ ရှေးဟောင်းဘုရင့်နိုင်ငံတော်ရဲ့ ဆဋ္ဌမမင်းဆက်မှ ငါးမီတာခန့် အထူရှိတဲ့ နံရံများနဲ့အတူ ရုပ်ပွားတော်များ၊ ရှေးဟောင်းသစ်ပင်ရုပ်ကြွင်းများ၊ သားရေအဝတ်အစားများနဲ့ ဖိနပ်များစွာတို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဆိုပါတိရစ္ဆာန်ဦးခေါင်းများနဲ့တည်ဆောက်တဲ့ ဖွဲ့စည်းပုံဟာ Ramses II ဘုရားကျောင်း မတည်ဆောက်မီက အာဘေဒိုစ်ရဲ့ ရှေးဟောင်းရှုခင်းကို ပြန်လည်ခန့်မှန်းနိုင်အောင် ကူညီနိုင်တယ်လို့ မစ်ရှင်အကြီးအကဲ ဆာမက်အိုက် ကန်ဒါ က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
အီဂ်စ္ေတာင္ပိုင္း အာေဘဒိုစ္ၿမိဳ႕၊ ေရွးေဟာင္းတူးေဖာ္မႈမွာ ေရွးသိုးဦးေခါင္းေပါင္း ၂ဝဝဝ ထက္မနည္း ေတြ႕ရွိ
ေရာင္နီ (NP News) - မတ္ ၂၆


အီဂ်စ္ႏိုင္ငံေတာင္ပိုင္း ေရွးေဟာင္းၿမိဳ႕ေတာ္ အာေဘဒိုစ္ရွိ Ramses II ဗိမာန္မွာ Ptolemaic ေခတ္၊ သက္တမ္းရွိ သိုးဦးေခါင္းေပါင္း ၂,ဝဝဝ ထက္မနည္းနဲ႔ ခမ္းနားေသာ ေရွးေဟာင္းဘုရင့္ႏိုင္ငံေတာ္ တည္ေဆာက္ပုံတို႔ကို တူးေဖာ္ ေတြ႕ရွိခဲ့ေၾကာင္း ေရွးေဟာင္းအာဏာပိုင္မ်ားက မတ္လ ၂၅ ရက္၊ စေနေန႔မွာ ေျပာၾကားခဲ့ပါတယ္။

သိုးေခါင္းမ်ား၊ ေခြးမ်ား၊ ေတာဆိတ္မ်ား၊ ႏြားမ်ား၊ ဒရယ္မ်ားနဲ႔ ေမ်ာက္ဝံ ဦးေခါင္းမ်ားကို ဗိမာန္ေတာ္မွာ ျမဳပ္ႏွံထား တာ ေတြ႕ရွိခဲ့ၿပီး သိုးဦးေခါင္းမ်ားကိုေတာ့ ဘုရားေက်ာင္းမွာ ေတြ႕ရွိခဲ့ေၾကာင္း ခရီးသြားလုပ္ငန္းနဲ႔ ေရွးေဟာင္း ဝန္ႀကီးဌာနထံမွ ထုတ္ျပန္ခ်က္အရ သိရပါတယ္။ ရွာေဖြေတြ႕ရွိမႈမ်ားဟာ Ptolemaic ကာလ၊ ႏွစ္ေပါင္း ႏွစ္ေထာင္ ေက်ာ္ကာလအတြင္း ေနထိုင္မႈပုံစံ အသိပညာကို က်ယ္ျပန္႔စြာ သိရွိႏိုင္မွာျဖစ္ေၾကာင္း ၎က ဆိုပါတယ္။

Ptolemaic ေခတ္မွ ဘီစီ ၃ဝ ခန္႔က ေရာမတို႔ ေအာင္ပြဲခံသည္အထိ ေခတ္ဟာ ရာစုႏွစ္သုံးစုခန႔္ ကြာျခားပါတယ္။ ကိုင္႐ိုၿမိဳ႕ေတာင္ဘက္ မိုင္ ၂၇ဝ ( ၄၃၅ ကီလိုမီတာ) ခန႔္အကြာ ဆိုဟက္ အီဂ်စ္အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ တည္ရွိတဲ့ အာေဘဒိုစ္ ၿမိဳ႕ေဟာင္းဟာ အီဂ်စ္ႏိုင္ငံရဲ႕အထင္ကရ ေရွးေဟာင္းသုေတသန ေနရာမ်ား ျဖစ္ေပမယ့္လည္း ခရီးသြားလည္ပတ္မႈ နည္းပါးတဲ့ေနရာမ်ားထဲမွ တစ္ခုျဖစ္ပါတယ္။

၎ဟာ ေရွးေခတ္အီဂ်စ္မင္းမ်ိဳးမင္းႏြယ္မ်ားအတြက္ နီခ႐ိုပိုလစ္နဲ႔ အိုစီရစ္ ဘုရားဝတ္ျပဳဖို႔အတြက္ ဖြင့္လွစ္ထားတဲ့ ဘုရားဖူးစင္တာတစ္ခုလည္း ျဖစ္ပါတယ္။ တူးေဖာ္မႈမ်ားကို နယူးေယာက္ တကၠသိုလ္ ေရွးေဟာင္းကမာၻ႔ေလ့လာ ေရးဌာနမွ မစ္ရွင္တစ္ခုက ေဆာင္႐ြက္ခဲ့ပါတယ္။ တူးေဖာ္မႈမွာ ေသြ႕ေျခာက္ေနတဲ့ တိရစာၦန္အႂကြင္းအက်န္မ်ားနဲ႔ အတူ၊ ေရွးေဟာင္းဘုရင့္ႏိုင္ငံေတာ္ရဲ႕ ဆ႒မမင္းဆက္မွ ငါးမီတာခန႔္ အထူရွိတဲ့ နံရံမ်ားနဲ႔အတူ ႐ုပ္ပြားေတာ္မ်ား၊ ေရွးေဟာင္းသစ္ပင္႐ုပ္ႂကြင္းမ်ား၊ သားေရအဝတ္အစားမ်ားနဲ႔ ဖိနပ္မ်ားစြာတို႔ကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

အဆိုပါတိရစာၦန္ဦးေခါင္းမ်ားနဲ႔တည္ေဆာက္တဲ့ ဖြဲ႕စည္းပုံဟာ Ramses II ဘုရားေက်ာင္း မတည္ေဆာက္မီက အာေဘဒိုစ္ရဲ႕ ေရွးေဟာင္းရႈခင္းကို ျပန္လည္ခန္႔မွန္းႏိုင္ေအာင္ ကူညီႏိုင္တယ္လို႔ မစ္ရွင္အႀကီးအကဲ ဆာမက္အိုက္ ကန္ဒါ က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.