NUG နှင့် ၎င်းတို့အား ပံ့ပိုးနေသော EAO အဖွဲ့အစည်းအချို့ကို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမည်ဟု တပ်ချုပ် သတိပေး

 1612

မျိုးကြီး (NP News) - မတ် ၂၇
NUG၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့အား ပံ့ပိုးနေသော EAO အဖွဲ့အစည်းအချို့ကို ပြတ်ပြတ်သားသားအရေးယူ ဆောင်ရွက်သွားမည်ဟု တပ်ချုပ်က သတိပေးပြောဆိုလိုက်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ (မတ်လ ၂၇ ရက်)တွင် နေပြည်တော်၌ ကျင်းပသည့် (၇၈)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ၎င်းကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

တပ်မတော်မှ နိုင်ငံတော်တာဝန် စတင်ထမ်းဆောင်ချိန်တွင် ဆူပူမှုများသာ ကြုံတွေ့ခဲ့ရသော်လည်း နောက်ပိုင်း၌ အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများ၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြားသောနေရာများကို ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်လာသည်ကို တွေ့ရှိရကြောင်း တပ်ချုပ်က ဆိုသည်။

အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုများသည် နိုင်ငံရေးရည်ရွယ်ချက်ရှိရှိဖြင့် ဖွဲ့စည်းခဲ့သည့် NUG မှ ပေါက်ဖွားလာသည့် PDF အပါအဝင် ၎င်းတို့ကို ကူညီနေသည့်အချို့သော EAO များ၏ နိုင်ငံအပေါ် ပျက်စီးရာပျက်စီးကြောင်း ကြံစည်လုပ်ဆောင်မှုများသာဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

“နိုင်ငံတစ်ဝန်းရှိ ပြည်သူများရဲ့ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးမှု အပြည့်အဝရရှိရန်အလေးထား လုပ်ဆောင်သွားမှာပဲ ဖြစ်တယ်။ အဲလိုလုပ်ဆောင်ရာမှာ NUG နဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေ၊ ၎င်းတို့ကို ပံ့ပိုးနေတဲ့ EAO အဖွဲ့အစည်းအချို့ကို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်” ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

လက်ရှိတွင် နစကအစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း(၄၀)နီးပါးကို စစ်အုပ်ချုပ်ရေးအမိန့်များ ကြေညာထားပြီး တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်လျက်ရှိနေသည်။

“NUG နဲ့ ၎င်းတို့လက်ဝေခံ PDF တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ လုံးဝရပ်ဆိုင်းအောင် ဆောင်ရွက်သွားဖို့ လိုအပ်တယ်။ တပ်မတော်နဲ့ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံကိုဖျက်ဆီးနေတဲ့ ပြည်သူကိုသတ်နေတဲ့ ဒီအကြမ်းဖက်အဖွဲ့ကို ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်သွားရမှာပဲ ဖြစ်တယ်” ဟု တပ်ချုပ်က ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးမှုများသည် အစိုးရတစ်ရပ်အတွက် နစ်နာဆုံးရှုံးမဟုတ်ဘဲ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား နစ်နာဆုံးရှုံးခြင်းသာဖြစ်ကြောင်း တပ်ချုပ်က ဆိုသည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲအား အကြားအလပ်မရှိ ဆောလျင်စွာ ကျင်းပနိုင်ရေးအတွက် အဓိက လိုအပ်ချက်သည် တည်ငြိမ်အေးချမ်းရေးပင်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များတွင် အကြမ်းဖက်သတ်ဖြတ်မှုနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေ သည့်အပြင် လုယက်မှု၊ ဓါးပြတိုက်မှုဖြစ်စဉ်များလည်း ဖြစ်ပွားလျက်ရှိသည်ကို တွေ့နေရသည်။

Zawgyi Version

NUG ႏွင့္ ၎တို႔အား ပံ့ပိုးေနေသာ EAO အဖြဲ႕အစည္းအခ်ိဳ႕ကို ျပတ္ျပတ္သားသားအေရးယူေဆာင္႐ြက္သြားမည္ဟု တပ္ခ်ဳပ္ သတိေပး

မ်ိဳးႀကီး (NP News) - မတ္ ၂၇
NUG၊ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားႏွင့္ ၎တို႔အား ပံ့ပိုးေနေသာ EAO အဖြဲ႕အစည္းအခ်ိဳ႕ကို ျပတ္ျပတ္သားသားအေရးယူ ေဆာင္႐ြက္သြားမည္ဟု တပ္ခ်ဳပ္က သတိေပးေျပာဆိုလိုက္သည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယေန႔ (မတ္လ ၂၇ ရက္)တြင္ ေနျပည္ေတာ္၌ က်င္းပသည့္ (၇၈)ႏွစ္ေျမာက္တပ္မေတာ္ေန႔အခမ္းအနားတြင္ မိန႔္ခြန္းေျပာၾကားရာ၌ ၎ကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

တပ္မေတာ္မွ ႏိုင္ငံေတာ္တာဝန္ စတင္ထမ္းေဆာင္ခ်ိန္တြင္ ဆူပူမႈမ်ားသာ ႀကဳံေတြ႕ခဲ့ရေသာ္လည္း ေနာက္ပိုင္း၌ အၾကမ္းဖက္သမားမ်ားက အျပစ္မဲ့ျပည္သူမ်ား၊ စစ္ေရးပစ္မွတ္မဟုတ္သည့္ အျခားေသာေနရာမ်ားကို ရည္႐ြယ္ခ်က္ရွိရွိျဖင့္ တိုက္ခိုက္လာသည္ကို ေတြ႕ရွိရေၾကာင္း တပ္ခ်ဳပ္က ဆိုသည္။

အဆိုပါအၾကမ္းဖက္တိုက္ခိုက္မႈမ်ားသည္ ႏိုင္ငံေရးရည္႐ြယ္ခ်က္ရွိရွိျဖင့္ ဖြဲ႕စည္းခဲ့သည့္ NUG မွ ေပါက္ဖြားလာသည့္ PDF အပါအဝင္ ၎တို႔ကို ကူညီေနသည့္အခ်ိဳ႕ေသာ EAO မ်ား၏ ႏိုင္ငံအေပၚ ပ်က္စီးရာပ်က္စီးေၾကာင္း ႀကံစည္လုပ္ေဆာင္မႈမ်ားသာျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

“ႏိုင္ငံတစ္ဝန္းရွိ ျပည္သူမ်ားရဲ႕ လူမႈစီးပြားဘဝလုံၿခဳံေရးအတြက္ ျပည္ေထာင္စုတစ္ဝန္းလုံးတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရား ဥပေဒစိုးမိုးမႈ အျပည့္အဝရရွိရန္အေလးထား လုပ္ေဆာင္သြားမွာပဲ ျဖစ္တယ္။ အဲလိုလုပ္ေဆာင္ရာမွာ NUG နဲ႔ အၾကမ္းဖက္ အဖြဲ႕အစည္းေတြ၊ ၎တို႔ကို ပံ့ပိုးေနတဲ့ EAO အဖြဲ႕အစည္းအခ်ိဳ႕ကို ျပတ္ျပတ္သားသားအေရးယူေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း ေျပာၾကားလိုတယ္” ဟု ၎က ထည့္သြင္းေျပာဆိုခဲ့သည္။

လက္ရွိတြင္ နစကအစိုးရအေနျဖင့္ ႏိုင္ငံအတြင္းရွိ ၿမိဳ႕နယ္ေပါင္း(၄၀)နီးပါးကို စစ္အုပ္ခ်ဳပ္ေရးအမိန႔္မ်ား ေၾကညာထားၿပီး တည္ၿငိမ္ေအးခ်မ္းေရးႏွင့္တရားဥပေဒစိုးမိုးေရးအတြက္ ေဆာင္႐ြက္လ်က္ရွိေနသည္။

“NUG နဲ႔ ၎တို႔လက္ေဝခံ PDF တို႔ရဲ႕ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား လုံးဝရပ္ဆိုင္းေအာင္ ေဆာင္႐ြက္သြားဖို႔ လိုအပ္တယ္။ တပ္မေတာ္နဲ႔ ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ႏိုင္ငံကိုဖ်က္ဆီးေနတဲ့ ျပည္သူကိုသတ္ေနတဲ့ ဒီအၾကမ္းဖက္အဖြဲ႕ကို ထိေရာက္စြာ တုံ႔ျပန္ေဆာင္႐ြက္သြားရမွာပဲ ျဖစ္တယ္” ဟု တပ္ခ်ဳပ္က ၎၏မိန႔္ခြန္းတြင္ ထည့္သြင္းေျပာဆိုခဲ့သည္။

အၾကမ္းဖက္လုပ္ရပ္မ်ားေၾကာင့္ ပ်က္စီးဆုံးရႈံးမႈမ်ားသည္ အစိုးရတစ္ရပ္အတြက္ နစ္နာဆုံးရႈံးမဟုတ္ဘဲ ႏိုင္ငံေတာ္၏ အမ်ိဳးသားအက်ိဳးစီးပြား နစ္နာဆုံးရႈံးျခင္းသာျဖစ္ေၾကာင္း တပ္ခ်ဳပ္က ဆိုသည္။

ထို႔ျပင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေ႐ြးေကာက္ပြဲအား အၾကားအလပ္မရွိ ေဆာလ်င္စြာ က်င္းပႏိုင္ေရးအတြက္ အဓိ က လိုအပ္ခ်က္သည္ တည္ၿငိမ္ေအးခ်မ္းေရးပင္ျဖစ္ေၾကာင္း ထည့္သြင္းေျပာဆိုခဲ့သည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ အၾကမ္းဖက္သတ္ျဖတ္မႈႏွင့္ ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ပြားလ်က္ရွိေန သည့္အျပင္ လုယက္မႈ၊ ဓါးျပတိုက္မႈျဖစ္စဥ္မ်ားလည္း ျဖစ္ပြားလ်က္ရွိသည္ကို ေတြ႕ေနရသည္။

Picture

hla thein

27/03/2023 14:38

တခါလွတ်ရင် ဂျက်ဖိုက်တာ အများကြီးနဲ့အရေးယူမှာလား အမြန်လုပ်

Picture

hla thein

27/03/2023 14:38

တခါလွတ်ရင် ဂျက်ဖိုက်တာ အများကြီးနဲ့အရေးယူမှာလား အမြန်လုပ်

Picture

စိုင္းဟြမ္ မိန္း အိုရီယြန္

27/03/2023 15:17

လူမလေးခွေးမခန့် ပြောပြန်ပြီ

Related news

© 2021. All rights reserved.