PDF ပူးပေါင်းအဖွဲ့များ ပြန်ဆုတ်ခွာသွားတာကြောင့် မဲဆောက်-မြဝတီ နယ်စပ်စစ်ဆေးရေးဂိတ်ကို ပြန်ဖွင့်

 1685

ဂျန်ဇက် (NP News) - မတ် ၂၇

ထိုင်းနှင့် မြန်မာနယ်စပ်ဒေသတွင်ဖြစ်ပွားသော တိုက်ပွဲများကြောင့် မတ်လ ၂၅ ရက်တွင် ပိတ်ထားခဲ့ရသော မဲဆောက်-မြဝတီနယ်စပ်စစ်ဆေးရေးဂိတ်ကို မတ်လ ၂၆ ရက်တွင် ပုံမှန်အတိုင်းပြန်ဖွင့်လိုက်ကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။

ကရင်လက်နက်ကိုင်အဖွဲ့ နှင့် (PDF) ပူးပေါင်းအဖွဲ့တို့သည် မတ်လ ၂၅ ရက်၊ နံနက်ပိုင်းက မြဝတီ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဇုန်ကို တိုက်ခိုက်ခဲ့ပြီးနောက် နယ်စပ်စစ်ရေးဂိတ်ကို ယာယီပိတ်ခဲ့ရပြီး မြန်မာနိုင်ငံဘက်ခြမ်းသို့ ပို့ဆောင်မည့် ထိုင်းကုန်ကား အစီးရေရာချီဟာ ထိုင်းဘက်ခြမ်းနယ်စပ်ဂိတ်တွင် ပိတ်မိနေခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရတာဝန်ရှိသူများက တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ထိုင်းနိုင်ငံသားများ၊ နိုင်ငံခြားသားများကို နယ်စပ်ဒေသစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းခွင့်မပြုရန် ထိုင်းဘက်သို့ တောင်းဆိုခဲ့ပြီးနောက် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနတာဝန်ရှိသူများက ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

ကရင်လက်နက်ကိုင်အဖွဲ့နှင့် PDF အဖွဲ့ဝင်များ မြဝတီစီးပွားရေးဇုန်မှ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သောကြောင့် နယ်စပ်ဒေသဖြတ်သန်းခြင်းများကို ပုံမှန်အတိုင်းပြန်လုပ်ရန် မြန်မာအာဏာပိုင်များက အကြောင်းကြားခဲ့ပြီးနောက် ထိုင်းအစိုးရတာဝန်ရှိသူများက မတ်လ ၂၆ ရက်တွင် မဲဆောက်-မြဝတီ စစ်ဆေးရေးဂိတ်ကို ပြန်လည် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ မြန်မာနယ်စပ်ဒေသတွင် တိုက်ပွဲများဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ထိုင်းစစ်တပ်သည် နယ်စပ် ဒေသတွင် ကင်းလှည့်မှုများ ပိုမိုလုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

နယ်စပ်စစ်ဆေးရေးဂိတ်ကို မတ်လ ၂၆ ရက်တွင် ပြန်ဖွင့်လိုက်သော်လည်း ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများသည် လုံခြုံရေးအခြေအနေကို စောင့်ကြည့်နေခြင်းကြောင့် စစ်ဆေးရေးဂိတ်ကို ချက်ချင်းဖြတ်သန်းသွားလာခြင်း မရှိသေးကြောင်း ထိုင်းမီဒီယာများက ဖော်ပြထားသည်။

Zawgyi Version;
PDF ပူးေပါင္းအဖြဲ႕မ်ား ျပန္ဆုတ္ခြာသြားတာေၾကာင့္ မဲေဆာက္-ျမဝတီ နယ္စပ္စစ္ေဆးေရးဂိတ္ကို ျပန္ဖြင့္
ဂ်န္ဇက္ (NP News) - မတ္ ၂၇

ထိုင္းႏွင့္ ျမန္မာနယ္စပ္ေဒသတြင္ျဖစ္ပြားေသာ တိုက္ပြဲမ်ားေၾကာင့္ မတ္လ ၂၅ ရက္တြင္ ပိတ္ထားခဲ့ရေသာ မဲေဆာက္-ျမဝတီနယ္စပ္စစ္ေဆးေရးဂိတ္ကို မတ္လ ၂၆ ရက္တြင္ ပုံမွန္အတိုင္းျပန္ဖြင့္လိုက္ေၾကာင္း ထိုင္းမီဒီယာမ်ားက ေဖာ္ျပသည္။

ကရင္လက္နက္ကိုင္အဖြဲ႕ ႏွင့္ (PDF) ပူးေပါင္းအဖြဲ႕တို႔သည္ မတ္လ ၂၅ ရက္၊ နံနက္ပိုင္းက ျမဝတီ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးဇုန္ကို တိုက္ခိုက္ခဲ့ၿပီးေနာက္ နယ္စပ္စစ္ေရးဂိတ္ကို ယာယီပိတ္ခဲ့ရၿပီး ျမန္မာႏိုင္ငံဘက္ျခမ္းသို႔ ပို႔ေဆာင္မည့္ ထိုင္းကုန္ကား အစီးေရရာခ်ီဟာ ထိုင္းဘက္ျခမ္းနယ္စပ္ဂိတ္တြင္ ပိတ္မိေနခဲ့ေၾကာင္း သိရသည္။

ျမန္မာအစိုးရတာဝန္ရွိသူမ်ားက တိုက္ပြဲမ်ား ျဖစ္ပြားေနျခင္းေၾကာင့္ ထိုင္းႏိုင္ငံသားမ်ား၊ ႏိုင္ငံျခားသားမ်ားကို နယ္စပ္ေဒသစစ္ေဆးေရးဂိတ္ကို ျဖတ္သန္းခြင့္မျပဳရန္ ထိုင္းဘက္သို႔ ေတာင္းဆိုခဲ့ၿပီးေနာက္ ထိုင္းလူဝင္မႈႀကီးၾကပ္ေရးဌာနတာဝန္ရွိသူမ်ားက ယာယီပိတ္ထားခဲ့ျခင္းျဖစ္သည္။

ကရင္လက္နက္ကိုင္အဖြဲ႕ႏွင့္ PDF အဖြဲ႕ဝင္မ်ား ျမဝတီစီးပြားေရးဇုန္မွ ျပန္လည္ဆုတ္ခြာသြားၿပီျဖစ္ေသာေၾကာင့္ နယ္စပ္ေဒသျဖတ္သန္းျခင္းမ်ားကို ပုံမွန္အတိုင္းျပန္လုပ္ရန္ ျမန္မာအာဏာပိုင္မ်ားက အေၾကာင္းၾကားခဲ့ၿပီးေနာက္ ထိုင္းအစိုးရတာဝန္ရွိသူမ်ားက မတ္လ ၂၆ ရက္တြင္ မဲေဆာက္-ျမဝတီ စစ္ေဆးေရးဂိတ္ကို ျပန္လည္ ဖြင့္လွစ္ေပးခဲ့ေၾကာင္း သိရသည္။ ျမန္မာနယ္စပ္ေဒသတြင္ တိုက္ပြဲမ်ားျဖစ္ပြားမႈႏွင့္ပတ္သက္ၿပီး ထိုင္းစစ္တပ္သည္ နယ္စပ္ ေဒသတြင္ ကင္းလွည့္မႈမ်ား ပိုမိုလုပ္ေဆာင္ခဲ့ရေၾကာင္း သိရသည္။

နယ္စပ္စစ္ေဆးေရးဂိတ္ကို မတ္လ ၂၆ ရက္တြင္ ျပန္ဖြင့္လိုက္ေသာ္လည္း ထိုင္းႏိုင္ငံသားမ်ားႏွင့္ ႏိုင္ငံျခားသားမ်ားသည္ လုံၿခဳံေရးအေျခအေနကို ေစာင့္ၾကည့္ေနျခင္းေၾကာင့္ စစ္ေဆးေရးဂိတ္ကို ခ်က္ခ်င္းျဖတ္သန္းသြားလာျခင္း မရွိေသးေၾကာင္း ထိုင္းမီဒီယာမ်ားက ေဖာ္ျပထားသည္။

Picture

L Mone

27/03/2023 19:42

ထိုင်းနိုင်ငံကို ခြိမ်းခြောက်လာသူတွေ ဖြစ်ကြ၏

Related news

© 2021. All rights reserved.