ထိုင်းတွင် ကျင်းပမည့် လာမည့်ရွေးကောက်ပွဲအတွက် ရေပန်းအစားဆုံးသူ(၃)ဦးထဲတွင် Move Forward ပါတီနှင့် ပါတီခေါင်းဆောင်တို့ ပါဝင်လာ

 591

Pika (NP News) - မတ် ၂၈

ထိုင်းနိုင်ငံ၏ လာမည့်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရမည့်သူများထဲတွင် Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat ၊ ဖြူထိုင်းပါတီ၏ အကြံပေးအရာရှိ Paetongtarn Shinawatra နှင့် United Thai Nation ပါတီမှ ၀န်ကြီးချုပ်ပရာယွတ်ချန်အိုချာ တို့သည် ရေပန်းအစားဆုံးဖြစ်နေကြောင်းလည်း သိရသည်။

သို့သော်လည်း မဲဆန္ဒရှင် အများစုသည် ဖြူထိုင်းပါတီကို အဓိကထား မဲပေးမည်ဟု စစ်တမ်းကို ဖြေဆိုထားပြီး ဖြူထိုင်းပါတီနောက်မှ Move Forward ပါတီ၊ United Thai Nation ပါတီ နှင့် အခြားပါတီများကို မဲပေးမည်ဖြစ် ကြောင်းလည်း ပြောဆိုခဲ့ကြသည်။

အဆိုပါ အချက်အလက်များသည် မတ်လ(၁၅)ရက်မှ (၂၁)ရက်အထိ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျု့ (NIDA) မှ ကောက်ယူသော နောက်ဆုံးစစ်တမ်း တွေ့ရှိချက်များဖြစ်ကြောင်း သိရသည်။ (NIDA) သည် ဘန်ကောက်မြို့၏ ခရိုင်(၅ဝ)တွင် မတူညီသော အလုပ်အကိုင်နှင့်ပညာရေးဆိုင်ရာ အရည်အချင်းပြည့်မှီသော မဲဆန္ဒရှင်(၂၅ဝဝ) ကို ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

ထိုင်း၏ လာမည့်ဝန်ကြီးချုပ်အတွက် ဘယ်သူကိုပိုကြိုက်လဲဆိုသည့် မေးခွန်းနှင့်ပတ်သက်ပြီး စစ်တမ်းကောက်ယူမှု တွင် (၂၅ ဒသမ ဝ၈) ရာခိုင်နှုန်းက Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat ကို ပိုမိုနှစ်သက်ကြ ကြောင်း သိရသည်။

ထို့အပြင် ဖြူထိုင်းပါတီမှ Paetongtarn Shinawatraက(၂၄ ဒသမ ၂ဝ) ရာခိုင်နှုန်း၊ United Thai Nation ပါတီမှ ပရာယွတ်ချန်အိုချာက (၁၈ ဒသမ ၂၄) ရာခိုင်နှုန်း၊Thai Sang Thai ပါတီခေါင်းဆောင် Sudarat Keyuraphan က (၅ ဒသမ ၉၆) ရာခိုင်နှုန်း၊ Thai Liberal Party ခေါင်းဆောင် Sereepisuth Temeeyaves က (၅ ဒသမ ၆၈) ရာခိုင်နှုန်း၊ Chart Pattana Kla Party ခေါင်းဆောင် Korn Chatikavanij က (၄ ဒသမ ၈၄) ရာခိုင်နှုန်း၊ ဖြူထိုင်းပါတီမှ Srettha Thavisin က (၂ ဒသမ ၄ဝ) ရာခိုင်နှုန်း၊ ဖြူထိုင်းပါတီခေါင်းဆောင် Cholnan Srikaew က (၂)ရာခိုင်နှုန်း၊ Bhumjaithai Party ခေါင်းဆောင် Anutin Charnvirakul က (၁ ဒသမ ၆၄) ရာခိုင်နှုန်း၊ ဒီမိုကရက်ပါတီခေါင်းဆောင် Jurin Laksanawisit က (၁ ဒသမ ၅၆) ရာခိုင်နှုန်း ရှိကြောင်းလည်း သိရသည်။

ထို့အပြင် ရေပန်းအစားဆုံးပါတီများမှာ ဖြူထိုင်းပါတီက (၃၄ ဒသမ ၉၂) ရာခိုင်နှုန်း၊ Move Forward ပါတီက (၂၇ ဒသမ ၇၂) ရာခိုင်နှုန်း၊ United Thai Nation က (၁၄ ဒသမ ၃၂) ရာခိုင်နှုန်း၊ ဒီမိုကရက်ပါတီ က (၆ ဒသမ ၇၆) ရာခိုင်နှုန်း၊ Chart Pattana Kla ပါတီက (၃ ဒသမ ၃၂) ရာခိုင်နှုန်း၊ Thai Sang Thai ပါတီက (၂ ဒသမ ၉၆) ရာခိုင်နှုန်း၊ Thai Liberal ပါတီက (၂ ဒသမ ၄၈) ရာခိုင်နှုန်း၊ Palang Pracharath ပါတီက (၂ ဒသမ ၁၆) ရာခိုင်နှုန်း၊ Bhumjaithai ပါတီက (၁ ဒသမ ၄၈) ရာခိုင်နှုန်း နှင့် အခြားပါတီများက (၂ ဒသမ ၂ဝ) ရာခိုင်နှုန်းရှိကြောင်း လည်း သိရသည်။

Zawgyi Version;
ထိုင္းတြင္ က်င္းပမည့္ လာမည့္ေ႐ြးေကာက္ပြဲအတြက္ ေရပန္းအစားဆုံးသူ(၃)ဦးထဲတြင္ Move Forward ပါတီႏွင့္ ပါတီေခါင္းေဆာင္တို႔ ပါဝင္လာ
Pika (NP News) - မတ္ ၂၈

ထိုင္းႏိုင္ငံ၏ လာမည့္ေ႐ြးေကာက္ပြဲတြင္ ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးေကာက္ခံရမည့္သူမ်ားထဲတြင္ Move Forward ပါတီေခါင္းေဆာင္ Pita Limjaroenrat ၊ ျဖဴထိုင္းပါတီ၏ အႀကံေပးအရာရွိ Paetongtarn Shinawatra ႏွင့္ United Thai Nation ပါတီမွ ၀န္ႀကီးခ်ဳပ္ပရာယြတ္ခ်န္အိုခ်ာ တို႔သည္ ေရပန္းအစားဆုံးျဖစ္ေနေၾကာင္းလည္း သိရသည္။

သို႔ေသာ္လည္း မဲဆႏၵရွင္ အမ်ားစုသည္ ျဖဴထိုင္းပါတီကို အဓိကထား မဲေပးမည္ဟု စစ္တမ္းကို ေျဖဆိုထားၿပီး ျဖဴထိုင္းပါတီေနာက္မွ Move Forward ပါတီ၊ United Thai Nation ပါတီ ႏွင့္ အျခားပါတီမ်ားကို မဲေပးမည္ျဖစ္ ေၾကာင္းလည္း ေျပာဆိုခဲ့ၾကသည္။

အဆိုပါ အခ်က္အလက္မ်ားသည္ မတ္လ(၁၅)ရက္မွ (၂၁)ရက္အထိ အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးအင္စတီက်ဳ႕ (NIDA) မွ ေကာက္ယူေသာ ေနာက္ဆုံးစစ္တမ္း ေတြ႕ရွိခ်က္မ်ားျဖစ္ေၾကာင္း သိရသည္။ (NIDA) သည္ ဘန္ေကာက္ၿမိဳ႕၏ ခ႐ိုင္(၅ဝ)တြင္ မတူညီေသာ အလုပ္အကိုင္ႏွင့္ပညာေရးဆိုင္ရာ အရည္အခ်င္းျပည့္မွီေသာ မဲဆႏၵရွင္(၂၅ဝဝ) ကို ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္ၿပီး စစ္တမ္းေကာက္ယူခဲ့ေၾကာင္း သိရသည္။

ထိုင္း၏ လာမည့္ဝန္ႀကီးခ်ဳပ္အတြက္ ဘယ္သူကိုပိုႀကိဳက္လဲဆိုသည့္ ေမးခြန္းႏွင့္ပတ္သက္ၿပီး စစ္တမ္းေကာက္ယူမႈ တြင္ (၂၅ ဒသမ ဝ၈) ရာခိုင္ႏႈန္းက Move Forward ပါတီေခါင္းေဆာင္ Pita Limjaroenrat ကို ပိုမိုႏွစ္သက္ၾက ေၾကာင္း သိရသည္။

ထို႔အျပင္ ျဖဴထိုင္းပါတီမွ Paetongtarn Shinawatraက(၂၄ ဒသမ ၂ဝ) ရာခိုင္ႏႈန္း၊ United Thai Nation ပါတီမွ ပရာယြတ္ခ်န္အိုခ်ာက (၁၈ ဒသမ ၂၄) ရာခိုင္ႏႈန္း၊Thai Sang Thai ပါတီေခါင္းေဆာင္ Sudarat Keyuraphan က (၅ ဒသမ ၉၆) ရာခိုင္ႏႈန္း၊ Thai Liberal Party ေခါင္းေဆာင္ Sereepisuth Temeeyaves က (၅ ဒသမ ၆၈) ရာခိုင္ႏႈန္း၊ Chart Pattana Kla Party ေခါင္းေဆာင္ Korn Chatikavanij က (၄ ဒသမ ၈၄) ရာခိုင္ႏႈန္း၊ ျဖဴထိုင္းပါတီမွ Srettha Thavisin က (၂ ဒသမ ၄ဝ) ရာခိုင္ႏႈန္း၊ ျဖဴထိုင္းပါတီေခါင္းေဆာင္ Cholnan Srikaew က (၂)ရာခိုင္ႏႈန္း၊ Bhumjaithai Party ေခါင္းေဆာင္ Anutin Charnvirakul က (၁ ဒသမ ၆၄) ရာခိုင္ႏႈန္း၊ ဒီမိုကရက္ပါတီေခါင္းေဆာင္ Jurin Laksanawisit က (၁ ဒသမ ၅၆) ရာခိုင္ႏႈန္း ရွိေၾကာင္းလည္း သိရသည္။

ထို႔အျပင္ ေရပန္းအစားဆုံးပါတီမ်ားမွာ ျဖဴထိုင္းပါတီက (၃၄ ဒသမ ၉၂) ရာခိုင္ႏႈန္း၊ Move Forward ပါတီက (၂၇ ဒသမ ၇၂) ရာခိုင္ႏႈန္း၊ United Thai Nation က (၁၄ ဒသမ ၃၂) ရာခိုင္ႏႈန္း၊ ဒီမိုကရက္ပါတီ က (၆ ဒသမ ၇၆) ရာခိုင္ႏႈန္း၊ Chart Pattana Kla ပါတီက (၃ ဒသမ ၃၂) ရာခိုင္ႏႈန္း၊ Thai Sang Thai ပါတီက (၂ ဒသမ ၉၆) ရာခိုင္ႏႈန္း၊ Thai Liberal ပါတီက (၂ ဒသမ ၄၈) ရာခိုင္ႏႈန္း၊ Palang Pracharath ပါတီက (၂ ဒသမ ၁၆) ရာခိုင္ႏႈန္း၊ Bhumjaithai ပါတီက (၁ ဒသမ ၄၈) ရာခိုင္ႏႈန္း ႏွင့္ အျခားပါတီမ်ားက (၂ ဒသမ ၂ဝ) ရာခိုင္ႏႈန္းရွိေၾကာင္း လည္း သိရသည္။

Related news

© 2021. All rights reserved.