အမေရိကန်နိုင်ငံမှာ လူ ၆ ဦးသေဆုံးစေခဲ့တဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် သေနတ်ကိုင်ဆောင်မှုကိုပိတ်ပင်မယ့် ဥပဒေထုတ်ပြန်နိုင်ဖို့ သမ္မတဂျိုးဘိုင်ဒန် တိုက်တွန်းတောင်းဆို

 348

ဂျန်ဇက် (NP News) - မတ် ၂၈

အမေရိကန်နိုင်ငံ Tennessee ပြည်နယ် Nashville မြို့ရှိ စာသင်ကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ကလေးငယ် ၃ ဦး အပါအဝင် လူ ၆ ဦးသေဆုံးခဲ့ပြီးနောက်၊ အမေရိကန်နိုင်ငံအတွင်း သေနတ်ကိုင်ဆောင်ခွင့်ပိတ်ပင်ပေးဖို့ လွှတ်တော်ကို အမေရိကန်အစိုးရက တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရပါတယ်။

အမေရိကန်သမ္မတက "သေနတ်ကိုင်ဆောင်ပြီး အကြမ်းဖက်မှုများဖြစ်ပွားနေခြင်းကို ရပ်တန့်စေဖို့ ပိုမိုလုပ်ဆောင်ရမယ်။ သေနတ်ကိုင်ဆောင်ပြီး အကြမ်းဖက်မှုတွေက ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းကို ပြိုကွဲစေတယ်။ သေနတ်ကိုင်ဆောင်ခွင့် ပိတ်ပင်မယ့်အစီအစဉ်ကို ခွင့်ပြုပေးဖို့ လွှတ်တော်ကို တိုက်တွန်းတောင်းဆိုပါတယ်" လို့ ပြောပါတယ်။

Nashville မြို့ရှိ စာသင်ကျောင်းပစ်ခတ်မှုကို အသက် ၂၈ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ၎င်းဟာ အော်တိုမစ်တစ် ရိုင်ဖယ်နှစ်လက် နဲ့ ပစ္စတိုသေနတ်ကို အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဟာ အဲဒီသေနတ်သမားကို ပစ်သတ်ခဲ့ရကြောင်း ဆိုပါတယ်။

သမ္မတဂျိုးဘိုင်ဒန်က သေနတ်ကိုင်ဆောင်ခွင့်ကို ပိတ်ပင်ဖို့ နဲ့ သေနတ်ရောင်းချခြင်းတွေကို ပိုမိုတင်းကြပ်တဲ့ စည်းကမ်းဥပဒေများ ထုတ်ပြန်ရမှာဖြစ်ရာ လွှတ်တော်က လိုအပ်တဲ့စီမံဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးစေလို ကြောင်း ဆိုပါတယ်။ အမေရိကန်အောက် လွှတ်တော်ကို ရီပတ်ဘလီကန်ပါတီဝင်အမတ်များ ထိန်းချုပ်ထားရာ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ဥပဒေကို ဒီနှစ်အတွင်း ထုတ်ပြန်နိုင်ဖို့ အလားအလာနည်း တယ်လို့ လွှတ်တော်ကိုယ်စားလှယ်များက ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ဒီမိုကရက်တစ်ပါတီ နဲ့ ရီပတ်ဘလီကန်ပါတီတို့ဟာ သေနတ်ကိုင်ဆောင်ခွင့်နဲ့ပတ်သက်ပြီး သဘောထားကွဲလွဲနေရာ သမ္မတဂျိုးဘိုင်ဒန်ရဲ့ ဒီမိုကရက်တစ်ပါတီလှုပ်ရှားမှုများကို ရီပတ်ဘလီကန်ပါတီ လွှတ်တော်ကိုယ်စားလှယ်များက မကြာခဏ ကန့်ကွက်လျက်ရှိနေကြောင်းသိရပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံမွာ လူ ၆ ဦးေသဆုံးေစခဲ့တဲ့ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ေသနတ္ကိုင္ေဆာင္မႈကိုပိတ္ပင္မယ့္ ဥပေဒထုတ္ျပန္ႏိုင္ဖို႔ သမၼတဂ်ိဳးဘိုင္ဒန္ တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - မတ္ ၂၈

အေမရိကန္ႏိုင္ငံ Tennessee ျပည္နယ္ Nashville ၿမိဳ႕ရွိ စာသင္ေက်ာင္းမွာ ပစ္ခတ္မႈျဖစ္ပြားခဲ့ရာ ကေလးငယ္ ၃ ဦး အပါအဝင္ လူ ၆ ဦးေသဆုံးခဲ့ၿပီးေနာက္၊ အေမရိကန္ႏိုင္ငံအတြင္း ေသနတ္ကိုင္ေဆာင္ခြင့္ပိတ္ပင္ေပးဖို႔ လႊတ္ေတာ္ကို အေမရိကန္အစိုးရက တိုက္တြန္းေတာင္းဆိုလိုက္ေၾကာင္း သိရပါတယ္။

အေမရိကန္သမၼတက "ေသနတ္ကိုင္ေဆာင္ၿပီး အၾကမ္းဖက္မႈမ်ားျဖစ္ပြားေနျခင္းကို ရပ္တန႔္ေစဖို႔ ပိုမိုလုပ္ေဆာင္ရမယ္။ ေသနတ္ကိုင္ေဆာင္ၿပီး အၾကမ္းဖက္မႈေတြက ကြၽန္ေတာ္တို႔ လူမႈအသိုင္းအဝိုင္းကို ၿပိဳကြဲေစတယ္။ ေသနတ္ကိုင္ေဆာင္ခြင့္ ပိတ္ပင္မယ့္အစီအစဥ္ကို ခြင့္ျပဳေပးဖို႔ လႊတ္ေတာ္ကို တိုက္တြန္းေတာင္းဆိုပါတယ္" လို႔ ေျပာပါတယ္။

Nashville ၿမိဳ႕ရွိ စာသင္ေက်ာင္းပစ္ခတ္မႈကို အသက္ ၂၈ ႏွစ္အ႐ြယ္ရွိ အမ်ိဳးသားတစ္ဦးက က်ဴးလြန္ခဲ့ျခင္းျဖစ္ၿပီး ၎ဟာ ေအာ္တိုမစ္တစ္ ႐ိုင္ဖယ္ႏွစ္လက္ နဲ႔ ပစၥတိုေသနတ္ကို အသုံးျပဳတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ရဲတပ္ဖြဲ႕ဟာ အဲဒီေသနတ္သမားကို ပစ္သတ္ခဲ့ရေၾကာင္း ဆိုပါတယ္။

သမၼတဂ်ိဳးဘိုင္ဒန္က ေသနတ္ကိုင္ေဆာင္ခြင့္ကို ပိတ္ပင္ဖို႔ နဲ႔ ေသနတ္ေရာင္းခ်ျခင္းေတြကို ပိုမိုတင္းၾကပ္တဲ့ စည္းကမ္းဥပေဒမ်ား ထုတ္ျပန္ရမွာျဖစ္ရာ လႊတ္ေတာ္က လိုအပ္တဲ့စီမံေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ေပးေစလို ေၾကာင္း ဆိုပါတယ္။ အေမရိကန္ေအာက္ လႊတ္ေတာ္ကို ရီပတ္ဘလီကန္ပါတီဝင္အမတ္မ်ား ထိန္းခ်ဳပ္ထားရာ ေသနတ္ကိုင္ေဆာင္ခြင့္ ထိန္းခ်ဳပ္ေရးနဲ႔ပတ္သက္ၿပီး ဥပေဒကို ဒီႏွစ္အတြင္း ထုတ္ျပန္ႏိုင္ဖို႔ အလားအလာနည္း တယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေျပာပါတယ္။

အေမရိကန္ႏိုင္ငံမွာ ဒီမိုကရက္တစ္ပါတီ နဲ႔ ရီပတ္ဘလီကန္ပါတီတို႔ဟာ ေသနတ္ကိုင္ေဆာင္ခြင့္နဲ႔ပတ္သက္ၿပီး သေဘာထားကြဲလြဲေနရာ သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕ ဒီမိုကရက္တစ္ပါတီလႈပ္ရွားမႈမ်ားကို ရီပတ္ဘလီကန္ပါတီ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက မၾကာခဏ ကန႔္ကြက္လ်က္ရွိေနေၾကာင္းသိရပါတယ္။

Picture

Ye Htun

28/03/2023 13:14

မြန်မာပြည်က ခွေး pdf တွေ သေနတ်ကိုင်ရမ်းကားနေတာလည်း..အကြမ်းဖက်မှု ဘဲလေ....ဘိုင်းဒါကြီးရေ😂🤣

Related news

© 2021. All rights reserved.