ရုရှားဘက်က သတိပေးမှုများရှိနေပေမယ့်လည်း ဗြိတိန်က ယူကရိန်းကို တင့်ကားများနဲ့အတူ လျော့နည်း ယူရေနီယံကျည်များ အသုံးပြုပုံ လေ့ကျင်သင်ကြားပေးခဲ့

 1549

ဂျန်ဇက် (NP News) - မတ် ၂၈

ဗြိတိန်နိုင်ငံအနေနဲ့ ယူကရိန်းစစ်သားများကို ဗြိတိန်နိုင်ငံထုတ် Challenger-2 တင့်ကားများနဲ့ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးမှုများ ပြီးဆုံးခဲ့ပြီး ယူကရိန်းစစ်သားများအိမ်ကို ပြန်သွားခဲ့ပြီဖြစ်ကြောင်း ဒါ့အပြင် ယူကရိန်း စစ်သားများကို လျော့နည်း ယူရေနီယံတင့်ကားဖျက်ကျည်များ အသုံးပြုရေးနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းများကို လည်း သင်ကြားပေးခဲ့ပြီး အသုံးပြုပုံနည်းစနစ် သင်ခန်းစာများပေးခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရပါတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်ထဲမှာ ဗြိတိန်စစ်သားများအပြင် အမေရိကန်စစ်သားများ က သီတင်းပတ်အတန်ကြာ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရပါတယ်။

ဗြိတိန်ဟာ ယူကရိန်းကို ဗြိတိန်နိုင်ငံထုတ် Challenger-2 တင့်ကား ၁၄ စီး လွှဲပြောင်းပေးမှာဖြစ်ရာ တင့်ကား အချို့လွှဲပြောင်းပေးထားပြီးဖြစ်ကြောင်းသိရပါတယ်။ အမေရိကန်ကလည်း ယူကရိန်းကို M1 Abrams MBTs တင့်ကားများ လွှဲပြောင်းပေးမှာဖြစ်သလို ဂျာမနီကလည်း ၎င်းတို့ရဲ့ Leopards တင့်ကားများ လွှဲပြောင်းပေးမှာဖြစ် ကြောင်း သိရပါတယ်။

အဆိုပါတင့်ကားများဟာ လျော့နည်းယူရေနီယံကျည်များ အသုံးပြုပစ်ခတ်မှုများ လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ လည်း သတင်းများထွက်ပေါ်နေပါတယ်။ လျော့နည်း ယူရေနီယံကျည်ဆံများဟာ ကင်ဆာဖြစ်ပွားမှုနဲ့ မွေးဖွားနှုန်း ကို လျော့နည်းစေနိုင်ပြီး အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုတွေဟာ အီရတ်နဲ့ ယူဂိုဆလားဗီးယားနိုင်ငံတို့မှာ လျော့နည်းယူရေနီယံ ကျည်များ အသုံးပြုခဲ့ကြောင်းသိရပါတယ်။

ဗြိတိန်အစိုးရက ၎င်းတို့ဟာ Challengers အမျိုးအစား တင့်ကားများနဲ့အတူ လျော့နည်း ယူရေနီယံဓါတ် ပါဝင်တဲ့ DU ကျည်ဆံများကို လွှဲပြောင်းပေးသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ် က ပြောခဲ့ပါတယ်။ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗြိတိန်ရဲ့လုပ်ရပ်တွေက အဆင်ခြင်မဲ့ပြီး တာဝန်မဲ့သလို ပြစ်ဒဏ်ပေးသလိုမျိုး ဖြစ်လာနိုင်ဖွယ် ရှိနေ ကြောင်း သိရပါတယ်။

လျော့နည်းယူရေနီယံဓါတ် ပါဝင်တဲ့ DU ကျည်ဆံများဟာ ယူကရိန်းမြေတွေအပေါ် ကျရောက်မယ်ဆိုရင် ယူကရိန်းစိုက်ပျိုးမြေများ၊ နှစ်ပေါင်းများစွာကြာ ထိခိုက်စေနိုင်သလို ယူကရိန်းပြည်သူများရဲ့ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ကြောင်း သတိပေးထားပါတယ်။

Zawgyi Version;
႐ုရွားဘက္က သတိေပးမႈမ်ားရွိေနေပမယ့္လည္း ၿဗိတိန္က ယူကရိန္းကို တင့္ကားမ်ားနဲ႔အတူ ေလ်ာ့နည္း ယူေရနီယံက်ည္မ်ား အသုံးျပဳပုံ ေလ့က်င္သင္ၾကားေပးခဲ့
ဂ်န္ဇက္ (NP News) - မတ္ ၂၈

ၿဗိတိန္ႏိုင္ငံအေနနဲ႔ ယူကရိန္းစစ္သားမ်ားကို ၿဗိတိန္ႏိုင္ငံထုတ္ Challenger-2 တင့္ကားမ်ားနဲ႔ပတ္သက္ၿပီး ေလ့က်င့္သင္ၾကားေပးမႈမ်ား ၿပီးဆုံးခဲ့ၿပီး ယူကရိန္းစစ္သားမ်ားအိမ္ကို ျပန္သြားခဲ့ၿပီျဖစ္ေၾကာင္း ဒါ့အျပင္ ယူကရိန္း စစ္သားမ်ားကို ေလ်ာ့နည္း ယူေရနီယံတင့္ကားဖ်က္က်ည္မ်ား အသုံးျပဳေရးနဲ႔ပတ္သက္တဲ့ ေလ့က်င့္ခန္းမ်ားကို လည္း သင္ၾကားေပးခဲ့ၿပီး အသုံးျပဳပုံနည္းစနစ္ သင္ခန္းစာမ်ားေပးခဲ့ေၾကာင္း ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္မ်ားအရ သိရပါတယ္။

ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ ဗီဒီယိုဖိုင္ထဲမွာ ၿဗိတိန္စစ္သားမ်ားအျပင္ အေမရိကန္စစ္သားမ်ား က သီတင္းပတ္အတန္ၾကာ ေလ့က်င့္သင္ၾကားေပးခဲ့ေၾကာင္း သိရပါတယ္။

ၿဗိတိန္ဟာ ယူကရိန္းကို ၿဗိတိန္ႏိုင္ငံထုတ္ Challenger-2 တင့္ကား ၁၄ စီး လႊဲေျပာင္းေပးမွာျဖစ္ရာ တင့္ကား အခ်ိဳ႕လႊဲေျပာင္းေပးထားၿပီးျဖစ္ေၾကာင္းသိရပါတယ္။ အေမရိကန္ကလည္း ယူကရိန္းကို M1 Abrams MBTs တင့္ကားမ်ား လႊဲေျပာင္းေပးမွာျဖစ္သလို ဂ်ာမနီကလည္း ၎တို႔ရဲ႕ Leopards တင့္ကားမ်ား လႊဲေျပာင္းေပးမွာျဖစ္ ေၾကာင္း သိရပါတယ္။

အဆိုပါတင့္ကားမ်ားဟာ ေလ်ာ့နည္းယူေရနီယံက်ည္မ်ား အသုံးျပဳပစ္ခတ္မႈမ်ား လုပ္ေဆာင္ႏိုင္စြမ္းရွိတယ္လို႔ လည္း သတင္းမ်ားထြက္ေပၚေနပါတယ္။ ေလ်ာ့နည္း ယူေရနီယံက်ည္ဆံမ်ားဟာ ကင္ဆာျဖစ္ပြားမႈနဲ႔ ေမြးဖြားႏႈန္း ကို ေလ်ာ့နည္းေစႏိုင္ၿပီး အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုေတြဟာ အီရတ္နဲ႔ ယူဂိုဆလားဗီးယားႏိုင္ငံတို႔မွာ ေလ်ာ့နည္းယူေရနီယံ က်ည္မ်ား အသုံးျပဳခဲ့ေၾကာင္းသိရပါတယ္။

ၿဗိတိန္အစိုးရက ၎တို႔ဟာ Challengers အမ်ိဳးအစား တင့္ကားမ်ားနဲ႔အတူ ေလ်ာ့နည္း ယူေရနီယံဓါတ္ ပါဝင္တဲ့ DU က်ည္ဆံမ်ားကို လႊဲေျပာင္းေပးသြားမွာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့သီတင္းပတ္ က ေျပာခဲ့ပါတယ္။ ႐ုရွား ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ၿဗိတိန္ရဲ႕လုပ္ရပ္ေတြက အဆင္ျခင္မဲ့ၿပီး တာဝန္မဲ့သလို ျပစ္ဒဏ္ေပးသလိုမ်ိဳး ျဖစ္လာႏိုင္ဖြယ္ ရွိေန ေၾကာင္း သိရပါတယ္။

ေလ်ာ့နည္းယူေရနီယံဓါတ္ ပါဝင္တဲ့ DU က်ည္ဆံမ်ားဟာ ယူကရိန္းေျမေတြအေပၚ က်ေရာက္မယ္ဆိုရင္ ယူကရိန္းစိုက္ပ်ိဳးေျမမ်ား၊ ႏွစ္ေပါင္းမ်ားစြာၾကာ ထိခိုက္ေစႏိုင္သလို ယူကရိန္းျပည္သူမ်ားရဲ႕က်န္းမာေရးကိုလည္း ထိခိုက္ေစႏိုင္ေၾကာင္း သတိေပးထားပါတယ္။

Related news

© 2021. All rights reserved.