လှိုင်သာယာ၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ မွေ့ယာစက်ရုံ၌ မီးလောင်မှုဖြစ်ပွား

 959

Pearl (NP News) - မတ် ၂၉

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ မွေ့ယာစက်ရုံ၌ မီးလောင်မှုဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(မတ်လ ၂၉ ရက်)၊ ညနေ (၃)နာရီခွဲအချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ မောင်ကျန်သီးလမ်းတွင် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုအား Level 3 အဆင့်သတ်မှတ်ကာ မီးသတ်ယာဉ်များနှင့် လူမှုကူညီရေးအသင်းများမှ ဆက်လက်၍ မီးငြိမ်းသတ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် မီးလောင်မှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မသိရှိ‌ရသေးပေ။

zawgyi version
လႈိင္သာယာ၊ ေ႐ႊလင္ဗန္းစက္မႈဇုန္ရွိ ေမြ႕ယာစက္႐ုံ၌ မီးေလာင္မႈျဖစ္ပြား
Pearl (NP News) - မတ္ ၂၉

ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္ရွိ ေမြ႕ယာစက္႐ုံ၌ မီးေလာင္မႈျဖစ္ပြားေနေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(မတ္လ ၂၉ ရက္)၊ ညေန (၃)နာရီခြဲအခ်ိန္ခန႔္တြင္ လႈိင္သာယာၿမိဳ႕နယ္၊ ေ႐ႊလင္ဗန္းစက္မႈဇုန္ ၊ ေမာင္က်န္သီးလမ္းတြင္ ျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈအား Level 3 အဆင့္သတ္မွတ္ကာ မီးသတ္ယာဥ္မ်ားႏွင့္ လူမႈကူညီေရးအသင္းမ်ားမွ ဆက္လက္၍ မီးၿငိမ္းသတ္လ်က္ရွိေၾကာင္း သိရသည္။

လက္ရွိတြင္ မီးေလာင္မႈႏွင့္ပတ္သက္သည့္ အေသးစိတ္အခ်က္အလက္မ်ားကို မသိရွိ‌ရေသးေပ။

Related news

© 2021. All rights reserved.