Online မှတစ်ဆင့် တရားမဝင် စာသင်နေသည့် Federal School of AungMyay Thar Zan ၏ ကျောင်းတာဝန်ခံ အပါအဝင် (၁၅) ဦးအား ဖမ်းဆီးရမိ

 1275

Pearl (NP News) - ဧပြီ ၅

NUG နှင့်ဆက်သွယ်၍ Online မှတစ်ဆင့် တရားမဝင် စာသင်ကြားနေသော Federal School of AungMyay Thar Zan ၏ ကျောင်းတာဝန်ခံ အပါအဝင် (၁၅) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း နစကထံမှ သတင်းရရှိသည်။

နစကမှ ဧပြီလ(၄)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ (၂၂)ရက်နေ့တွင် Federal School of Aung Myay Thar Zan ၏ ကျောင်းတာဝန်ခံ အိရွှေစင်မြင့်အား မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုသည်။

ထို့နောက် ၎င်းအား စစ်ဆေးဖော်ထုတ်ရာ အဆိုပါ Federal School တွင် သင်ကြားနေသော တင်တင်လတ်၊ စန်းစန်းဝင်း၊ ခိုင်မာသန်း၊ နေကြည်ဝင်း၊ ခင်ကြည်မာဝေ၊ အေးမြတ်မွန်၊ ကျော်စန်းထွေး၊ ဇော်မျိုးထွန်း၊ ခင်နွယ်ဦး၊ ယဉ်ယဉ်မင်း၊ ခင်မြတ်နိုး၊ ခိုင်မာဖြိုး၊ အိအိအောင်နှင့် ချောစုသန်း စုစုပေါင်း (၁၄) ဦးတို့အား ၎င်းတို့နေအိမ် အသီးသီး၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ အဆိုပါ Federal School အား ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျောင်းသား/ကျောင်းသူများထံမှ ကောက်ခံရသည့် ငွေကြေးများအား PDF အကြမ်းဖက်အဖွဲ့များသို့ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်ကို ဖော်ထုတ်သိရှိရခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်များအရ သိရ သည်။

လက်ရှိတွင် ၎င်းတို့ (၁၅) ဦးအား ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ငွေကြေးထောက်ပံ့ မှုများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နေသူများကိုလည်း ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တရားမဝင်ပညာသင်ကြားမှုအစီအစဉ်တွင် စာရင်းပေးသွင်း၍ အတန်းများတက်ရောက်စေခဲ့သော မိဘများနှင့် ကျောင်းသား/ကျောင်းသူများကိုပါ ဆက်လက်ဖော်ထုတ်၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version;
Online မွတစ္ဆင့္ တရားမဝင္ စာသင္ေနသည့္ Federal School of AungMyay Thar Zan ၏ ေက်ာင္းတာဝန္ခံ အပါအဝင္ (၁၅) ဦးအား ဖမ္းဆီးရမိ
Pearl (NP News) - ဧၿပီ ၅

NUG ႏွင့္ဆက္သြယ္၍ Online မွတစ္ဆင့္ တရားမဝင္ စာသင္ၾကားေနေသာ Federal School of AungMyay Thar Zan ၏ ေက်ာင္းတာဝန္ခံ အပါအဝင္ (၁၅) ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း နစကထံမွ သတင္းရရွိသည္။

နစကမွ ဧၿပီလ(၄)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ မတ္လ (၂၂)ရက္ေန႔တြင္ Federal School of Aung Myay Thar Zan ၏ ေက်ာင္းတာဝန္ခံ အိေ႐ႊစင္ျမင့္အား မႏၲေလးတိုင္း၊ ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ ၎၏ေနအိမ္၌ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုသည္။

ထို႔ေနာက္ ၎အား စစ္ေဆးေဖာ္ထုတ္ရာ အဆိုပါ Federal School တြင္ သင္ၾကားေနေသာ တင္တင္လတ္၊ စန္းစန္းဝင္း၊ ခိုင္မာသန္း၊ ေနၾကည္ဝင္း၊ ခင္ၾကည္မာေဝ၊ ေအးျမတ္မြန္၊ ေက်ာ္စန္းေထြး၊ ေဇာ္မ်ိဳးထြန္း၊ ခင္ႏြယ္ဦး၊ ယဥ္ယဥ္မင္း၊ ခင္ျမတ္ႏိုး၊ ခိုင္မာၿဖိဳး၊ အိအိေအာင္ႏွင့္ ေခ်ာစုသန္း စုစုေပါင္း (၁၄) ဦးတို႔အား ၎တို႔ေနအိမ္ အသီးသီး၌ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ အဆိုပါ Federal School အား ၂ဝ၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွ စတင္၍ Online စနစ္ျဖင့္ ဖြင့္လွစ္သင္ၾကားခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ ေက်ာင္းသား/ေက်ာင္းသူမ်ားထံမွ ေကာက္ခံရသည့္ ေငြေၾကးမ်ားအား PDF အၾကမ္းဖက္အဖြဲ႕မ်ားသို႔ ေထာက္ပံ့ေပးအပ္ျခင္းမ်ား ေဆာင္႐ြက္ခဲ့သည္ကို ေဖာ္ထုတ္သိရွိရခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္မ်ားအရ သိရ သည္။

လက္ရွိတြင္ ၎တို႔ (၁၅) ဦးအား ဥပေဒအရ ထိေရာက္စြာ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ေငြေၾကးေထာက္ပံ့ မႈမ်ားႏွင့္ ပူးေပါင္းပါဝင္ေဆာင္႐ြက္ေနသူမ်ားကိုလည္း ေဖာ္ထုတ္ဖမ္းဆီး၍ တရားဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔အျပင္ တရားမဝင္ပညာသင္ၾကားမႈအစီအစဥ္တြင္ စာရင္းေပးသြင္း၍ အတန္းမ်ားတက္ေရာက္ေစခဲ့ေသာ မိဘမ်ားႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ားကိုပါ ဆက္လက္ေဖာ္ထုတ္၍ တရားဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Picture

L Mone

05/04/2023 12:05

သူများထက်ထူး နဖူး မဝါဒီ စိတ်တွေကမွှန် ဥရောပ မရောက်ဖူးပဲ ဥရောပကြောင်းပြောနေတဲ့ တရားဝင် ဖာသည်မလုပ်စားချင်နေတဲ့ ဂိုဏ်းကွဲ ရှိတယ် ဥရောပရော အမေရိကန်ရောက မိန်းမတွေကို စုပ်ဖုတ်မှူတ်ပေးတာကိုကြိုက်တာက စတာပါပဲ.. မြန်မာမတွေက မှားနေတာက ဘာသာရေးမတူတာကို မသိကြဘူး

Related news

© 2021. All rights reserved.