ကားဂိတ်တွင် ပါဆယ်ပစ္စည်းပို့ထားသည့် စက္ကူဂျပ်ဖာအတွင်းမှ ငွေကျပ်သိန်း(၁၈ဝဝ) တန်ဖိုးရှိသော Happy Water များဖမ်းဆီးရမိ

989

စော (NP News) - ဧပြီ ၅
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ကားဂိတ်၌ ပါဆယ်ပစ္စည်းပို့ထားသည့် စက္ကူဂျက်ဖာအတွင်းမှ Happy Water များကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိခဲ့သည်။
ဖြစ်စဥ်မှာ ယမန်နေ့ (ဧပြီလ ၄ ရက်)တွင် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက် ၊၅၇x၅၈ လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှသတင်းအရ နံနက် (၈)နာရီခွဲအချိန်တွင် ကားဂိတ်၌ ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသည့် စိုင်းဆိုင်လှိုင်းနွံ အားစစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေခဲ့ရာ အဆိုပါ စက္ကူဂျပ်ဖာအတွင်းမှ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ရောစပ်ထားသောအမှုန့် (Happy Water)များနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။
၎င်း Happy Water များသည် ငွေကျပ်သိန်း (၁၈၂၄)တန်ဖိုးရှိပြီး အလေးချိန် (၁ ဒသမ ၅၂) ကီလိုရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ထို့နောက် စစ်ဆေးဖော်ထုတ်ချက်အရ နေ့လည် (၁၂)နာရီအချိန်တွင် ၎င်းတည်ခိုသည့် ချမ်း အေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင်လည်း ငွေကျပ်သိန်း (၁၉ ဒသမ ၂)တန်ဖိုးရှိသော Happy Water များကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စိုင်းဆိုင်လှိုင်းနွံ(၂၈)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။
zawgyi version
ကားဂိတ္တြင္ ပါဆယ္ပစၥည္းပို႔ထားသည့္ စကၠဴဂ်ပ္ဖာအတြင္းမွ ေငြက်ပ္သိန္း(၁၈ဝဝ) တန္ဖိုးရွိေသာ Happy Water မ်ားဖမ္းဆီးရမိ
ေစာ (NP News) - ဧၿပီ ၅
မႏၲေလးတိုင္း၊ ခ်မ္းေအးသာစံၿမိဳ႕နယ္တြင္ ကားဂိတ္၌ ပါဆယ္ပစၥည္းပို႔ထားသည့္ စကၠဴဂ်က္ဖာအတြင္းမွ Happy Water မ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိခဲ့သည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဧၿပီလ ၄ ရက္)တြင္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ကန္ေကာက္ရပ္ကြက္ ၊၅၇x၅၈ လမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕မွ အသိေပးထုတ္ျပန္ထားသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕မွသတင္းအရ နံနက္ (၈)နာရီခြဲအခ်ိန္တြင္ ကားဂိတ္၌ ပါဆယ္ပစၥည္း လာေရာက္ထုတ္ယူသည့္ စိုင္းဆိုင္လႈိင္းႏြံ အားစစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ရွာေဖြခဲ့ရာ အဆိုပါ စကၠဴဂ်ပ္ဖာအတြင္းမွ စိတ္ေျပာင္းမူးယစ္ေဆးဝါးမ်ား ေရာစပ္ထားေသာအမႈန႔္ (Happy Water)မ်ားႏွင့္ လက္ကိုင္ဖုန္းတစ္လုံးတို႔ကို သိမ္းဆည္းခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။
၎ Happy Water မ်ားသည္ ေငြက်ပ္သိန္း (၁၈၂၄)တန္ဖိုးရွိၿပီး အေလးခ်ိန္ (၁ ဒသမ ၅၂) ကီလိုရွိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီး ႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ သိရသည္။
ထို႔ေနာက္ စစ္ေဆးေဖာ္ထုတ္ခ်က္အရ ေန႔လည္ (၁၂)နာရီအခ်ိန္တြင္ ၎တည္ခိုသည့္ ခ်မ္း ေအးသာစံၿမိဳ႕နယ္၊ ျပည္ႀကီးမ်က္ရွင္ရပ္ကြက္ရွိ ဟိုတယ္တစ္ခုတြင္လည္း ေငြက်ပ္သိန္း (၁၉ ဒသမ ၂)တန္ဖိုးရွိေသာ Happy Water မ်ားကို ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ စိုင္းဆိုင္လႈိင္းႏြံ(၂၈)ႏွစ္အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္အေရးယူထားေၾကာင္း ရဲတပ္ဖြဲ႕မွထုတ္ျပန္ထားသည္။