Light Truck မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူ
535
Pearl (NP News) - ဧပြီ ၆
မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် Light Truck မော်တော်ယာဉ်သည် ရှေ့ဘီးပေါက်ကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး သံဃာတစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း စိတ်ဓာတ်ဖြူစင်ကရုဏာရှင်များ အသင်းထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန့်နေ (ဧပြီလ ၅ ရက်)၊ ညနေ (၄)နာရီ၊ (၄၅)မိနစ် အချိန်ခန့်တွင် နတ်မောက်မြို့နယ်၊ ဈေးသာရွာအနီး၊ ပန်းတင်ရိုးချောင်းတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သံဃာ (၁)ပါး၊ ကိုရင် (၁၂)ပါး နှင့် ယာဉ်မောင်းအပါအဝင် အမျိုးသား (၂)ဦးတို့ လိုက်ပါလာသော Light Truck မော်တော်ယာဉ်သည် ရန်ကုန်မြို့မှ ပြန်လည်မောင်းနှင်လာစဉ် အခင်း ဖြစ်နေရာအရောက်၌ ရှေ့ဘီးပေါက်ကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
" ရှေ့က ညာဘက်ဘီးပေါက်ပြီးတော့ ရှေ့ကိုက်တစ်ရာတွင်ရေကျော်ရှိသည်ဆိုတဲ့ ဆိုင်းပုဒ်ကို ဝင်တိုက်တာ၊ ဦးဇင်းတစ်ပါးဆုံးတယ်၊ ရင်ဘက်ဘေးနားကို ဖောက်ဝင်သွားတာ၊ ကိုရင် (၃)ပါး ထိခိုက်ဒဏ်ရာ အနည်းငယ်ရတယ်၊ ကားက ရန်ကုန်ကနေ လာတာ၊ သင်္ကြန်ပိတ်ရက်ဆိုတော့ ပြန်လာတာ၊ စာသင်သားတွေ" ဟု စိတ်ဓာတ်ဖြူစင်ကရုဏာရှင်များ အသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
ထိုသို့ဖြစ်ပွားမှုကြောင့် သက်တော် (၃ဝ)ခန့်ရှိ သံဃာတစ်ပါး ပျံလွန်တော်မူပြီး ကိုရင် (၃)ပါးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
zawgyi version
Light Truck ေမာ္ေတာ္ယာဥ္ တိမ္းေမွာက္မႈေၾကာင့္ သံဃာတစ္ပါး ပ်ံလြန္ေတာ္မူ
Pearl (NP News) - ဧၿပီ ၆
မေကြးတိုင္း၊ နတ္ေမာက္ၿမိဳ႕နယ္တြင္ Light Truck ေမာ္ေတာ္ယာဥ္သည္ ေရွ႕ဘီးေပါက္ကာ တိမ္းေမွာက္မႈ ျဖစ္ပြားခဲ့ၿပီး သံဃာတစ္ပါး ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း စိတ္ဓာတ္ျဖဴစင္က႐ုဏာရွင္မ်ား အသင္းထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန႔္ေန (ဧၿပီလ ၅ ရက္)၊ ညေန (၄)နာရီ၊ (၄၅)မိနစ္ အခ်ိန္ခန႔္တြင္ နတ္ေမာက္ၿမိဳ႕နယ္၊ ေဈးသာ႐ြာအနီး၊ ပန္းတင္႐ိုးေခ်ာင္းတြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
သံဃာ (၁)ပါး၊ ကိုရင္ (၁၂)ပါး ႏွင့္ ယာဥ္ေမာင္းအပါအဝင္ အမ်ိဳးသား (၂)ဦးတို႔ လိုက္ပါလာေသာ Light Truck ေမာ္ေတာ္ယာဥ္သည္ ရန္ကုန္ၿမိဳ႕မွ ျပန္လည္ေမာင္းႏွင္လာစဥ္ အခင္း ျဖစ္ေနရာအေရာက္၌ ေရွ႕ဘီးေပါက္ကာ တိမ္းေမွာက္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
" ေရွ႕က ညာဘက္ဘီးေပါက္ၿပီးေတာ့ ေရွ႕ကိုက္တစ္ရာတြင္ေရေက်ာ္ရွိသည္ဆိုတဲ့ ဆိုင္းပုဒ္ကို ဝင္တိုက္တာ၊ ဦးဇင္းတစ္ပါးဆုံးတယ္၊ ရင္ဘက္ေဘးနားကို ေဖာက္ဝင္သြားတာ၊ ကိုရင္ (၃)ပါး ထိခိုက္ဒဏ္ရာ အနည္းငယ္ရတယ္၊ ကားက ရန္ကုန္ကေန လာတာ၊ သၾကၤန္ပိတ္ရက္ဆိုေတာ့ ျပန္လာတာ၊ စာသင္သားေတြ" ဟု စိတ္ဓာတ္ျဖဴစင္က႐ုဏာရွင္မ်ား အသင္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။
ထိုသို႔ျဖစ္ပြားမႈေၾကာင့္ သက္ေတာ္ (၃ဝ)ခန႔္ရွိ သံဃာတစ္ပါး ပ်ံလြန္ေတာ္မူၿပီး ကိုရင္ (၃)ပါးထိခိုက္ ဒဏ္ရာရရွိခဲ့ေၾကာင္းသိရသည္။