ဇာတ်ပွဲသို့ ဈေးရောင်းရန်ထွက်လာသည့် သုံးဘီးဆိုင်ကယ် တောင်အောက်သို့ပြုတ်ကျခဲ့ရာ (၆)ဦးထိခိုက်ဒဏ်ရာရရှိ

 811

စော (NP News) - ဧပြီ ၇

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ဇာတ်ပွဲသို့ ဈေးရောင်းရန်ထွက်လာသည့် သုံးဘီးဆိုင်ကယ်တစ်စီး‌ တောင်အောက်သို့ ပြုတ်ကျသဖြင့် လူ(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဧပြီလ ၆ ရက်)၊ နံနက် (၉)နာရီဝန်းကျင်အချိန်ခန့်တွင် ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ပရဟိတလူငယ်များအသင်း(စေတီပြင်)မှ သိရသည်။

အဆိုပါသုံးဘီးဆိုင်ကယ်သည် စစ်တွေမြို့မှ ခွဆုံကျေးရွာရှိ ဇာတ်ပွဲသို့ ဈေးလာရောင်းခြင်းဖြစ်ကြောင်း သိရသည်။

“သုံးဘီးဆိုင်ကယ်က အရှိန်မထိန်းနိုင်ပဲ တောင်အောက်ကိုပြုတ်ကျသွားတာပါ။ ဆိုင်ကယ်ပေါ်မှာ အမျိုးသမီး (၅)ယောက် ဆိုင်ကယ်မောင်းတဲ့အမျိုးသားတစ်ယောက်ပါပါတယ်။ သေတဲ့လူတော့မရှိပါဘူး” ဟု ပရဟိတလူငယ်များအသင်း(စေတီပြင်)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ သုံးဘီးဆိုင်ကယ်ပေါ်တွင် ဆိုင်ကယ်မောင်းသူ အမျိုးသား အပါအဝင် (၆)ဦး လိုက်ပါလာပြီး ယာဥ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် အသက်က(၅၅)အရွယ်ရှိ ဆိုင်ကယ်မောင်းသူနှင့် အသက် (၂၇)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း အထက်ပါ ပရဟိတအသင်းမှ ဆက်လက်ပြောဆိုထားသည်။

zawgyi version
ဇာတ္ပြဲသို႔ ေဈးေရာင္းရန္ထြက္လာသည့္ သုံးဘီးဆိုင္ကယ္ ေတာင္ေအာက္သို႔ျပဳတ္က်ခဲ့ရာ (၆)ဦးထိခိုက္ဒဏ္ရာရရွိ

ေစာ (NP News) - ဧၿပီ ၇

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္တြင္ ဇာတ္ပြဲသို႔ ေဈးေရာင္းရန္ထြက္လာသည့္ သုံးဘီးဆိုင္ကယ္တစ္စီး‌ ေတာင္ေအာက္သို႔ ျပဳတ္က်သျဖင့္ လူ(၆)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဧၿပီလ ၆ ရက္)၊ နံနက္ (၉)နာရီဝန္းက်င္အခ်ိန္ခန႔္တြင္ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေစတီျပင္ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း ပရဟိတလူငယ္မ်ားအသင္း(ေစတီျပင္)မွ သိရသည္။

အဆိုပါသုံးဘီးဆိုင္ကယ္သည္ စစ္ေတြၿမိဳ႕မွ ခြဆုံေက်း႐ြာရွိ ဇာတ္ပြဲသို႔ ေဈးလာေရာင္းျခင္းျဖစ္ေၾကာင္း သိရသည္။

“သုံးဘီးဆိုင္ကယ္က အရွိန္မထိန္းႏိုင္ပဲ ေတာင္ေအာက္ကိုျပဳတ္က်သြားတာပါ။ ဆိုင္ကယ္ေပၚမွာ အမ်ိဳးသမီး (၅)ေယာက္ ဆိုင္ကယ္ေမာင္းတဲ့အမ်ိဳးသားတစ္ေယာက္ပါပါတယ္။ ေသတဲ့လူေတာ့မရွိပါဘူး” ဟု ပရဟိတလူငယ္မ်ားအသင္း(ေစတီျပင္)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ သုံးဘီးဆိုင္ကယ္ေပၚတြင္ ဆိုင္ကယ္ေမာင္းသူ အမ်ိဳးသား အပါအဝင္ (၆)ဦး လိုက္ပါလာၿပီး ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ေၾကာင့္ အသက္က(၅၅)အ႐ြယ္ရွိ ဆိုင္ကယ္ေမာင္းသူႏွင့္ အသက္ (၂၇)ႏွစ္အ႐ြယ္ရွိ အမ်ိဳးသမီးတစ္ဦးမွာ ထိခိုက္ဒဏ္ရာ ျပင္းထန္စြာ ရရွိခဲ့ေၾကာင္း အထက္ပါ ပရဟိတအသင္းမွ ဆက္လက္ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.