ကားကို အရှိန်ပြင်းစွာမောင်းနှင်ပြီး လူအုပ်ထဲကို ဝင်တိုက်တဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးနိုင်ငံမှာ တပ်ဖွဲ့ဝင်အရေအတွက် တိုးမြင့်ပြီး လုံခြုံရေးတင်းကြပ်

 1076

ဂျန်ဇက် (NP News) - ဧပြီ ၈

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ တဲအဲဗက်စ်မြို့မှာ ကားတစ်စီးကို အရှိန်ပြင်းစွာမောင်းနှင်ပြီး လူအုပ်ထဲ ဝင်တိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက် မြို့အတွင်း ရဲတပ်ဖွဲ့နဲ့ စစ်ဘက်အရန်တပ်ဖွဲ့တွေကို ကင်းလှည့်ဖို့ အမိန့်ပေး လိုက်ကြောင်း ပြောပါတယ်။

တဲအဲဗက်စ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကားတစ်စီးနဲ့ လူအုပ်ထဲကို ဝင်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ကားနဲ့တိုက်မှုကြောင့် အီတလီခရီးသွားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အခြားအီတလီနိုင်ငံသားတွေ၊ ဘရာဇီးနိုင်ငံသားတွေနဲ့ ဗြိတိန်နိုင်ငံသားတွေ အပါအဝင် ၅ ဦး ဒဏ်ရာရခဲ့ကြောင်း အစ္စရေးကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ကားနဲ့လုပ်ကြံခဲ့သူဟာ Kafr Qassem မြို့နေ အစ္စရေးအာရပ်ဖွားတစ်ဦးဖြစ်တယ်လို့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ တွေက ပြောပါတယ်။ ဂျေရုဆလင်မြို့ရှိ ဗလီကိုဝင်စီးကာ အကြမ်းဖက်သမားလို့ သံသယရှိသူများကို ဖမ်းဆီးမှု၊ ဖြိုခွင်းမှုများနဲ့ပတ်သက်ပြီး တင်းမာမှုတွေရှိနေချိန်မှာပဲ တဲအဲဗက်စ်မြို့မှာ ကားနဲ့ဝင်တိုက်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။

ဂျေရုဆလင်မြို့ရှိ ဗလီအတွင်း ပုန်းနေတဲ့အကြမ်းဖက်သမားတွေကို အစ္စရေးလုံခြုံရေးအဖွဲ့များက စီးနင်းမှုနဲ့ ပတ်သက်ပြီး လက်ဘနွန်နိုင်ငံရှိ ဟားမက်စ်စစ်သွေးကြွအုပ်စုဟာ အစ္စရေးနိုင်ငံကို ရော့ကဒ်ဒုံးကျည် အနည်းဆုံး အစင်း ၃ဝ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ အစ္စရေးဟာ ဒုံးကျည်များနဲ့ တိုက်ခိုက်ခံရမှုတွေ ကိုလက်တုံ့ပြန်မှုအဖြစ် တိုက်လေယာဉ်များအသုံးပြုပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့ရာ လက်ရှိအချိန်မှာ အစ္စရေးတပ်ဖွဲ့တွေနဲ့ ဟားမက်စ်စစ်သွေးကြွအုပ်စုတွေကြား တင်းမာမှုအရှိန် မြင့်တက်နေပါတယ်။

အစ္စရေးဝန်ကြီးချုပ်ရုံးက "ဝန်ကြီးချုပ်ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဖြိုခွင်းနိုင်ဖို့ ရဲတပ်ဖွဲ့တွေ နဲ့ စစ်ဘက်အရန်တပ်ဖွဲ့ဝင်တွေကို မြို့အတွင်း ကင်းလှည့်ဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်ဖို့ ညွှန်ကြားခဲ့တယ်။ တပ်ဖွဲ့ဝင်အရေအတွက်ကိုလည်း တိုးမြင့်ခဲ့တယ်" လို့ ပြောပါတယ်။

Zawgyi Version;
ကားကို အရွိန္ျပင္းစြာေမာင္းႏွင္ၿပီး လူအုပ္ထဲကို ဝင္တိုက္တဲ့ တိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီးေနာက္ အစၥေရးႏိုင္ငံမွာ တပ္ဖြဲ႕ဝင္အေရအတြက္ တိုးျမင့္ၿပီး လုံၿခဳံေရးတင္းၾကပ္
ဂ်န္ဇက္ (NP News) - ဧၿပီ ၈

အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ တဲအဲဗက္စ္ၿမိဳ႕မွာ ကားတစ္စီးကို အရွိန္ျပင္းစြာေမာင္းႏွင္ၿပီး လူအုပ္ထဲ ဝင္တိုက္မႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ ၿမိဳ႕အတြင္း ရဲတပ္ဖြဲ႕နဲ႔ စစ္ဘက္အရန္တပ္ဖြဲ႕ေတြကို ကင္းလွည့္ဖို႔ အမိန႔္ေပး လိုက္ေၾကာင္း ေျပာပါတယ္။

တဲအဲဗက္စ္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ကားတစ္စီးနဲ႔ လူအုပ္ထဲကို ဝင္တိုက္ခိုက္ခဲ့ရာ တစ္ဦးေသဆုံးၿပီး ငါးဦး ဒဏ္ရာရခဲ့ေၾကာင္း သိရပါတယ္။ ကားနဲ႔တိုက္မႈေၾကာင့္ အီတလီခရီးသြားတစ္ဦး ပြဲခ်င္းၿပီးေသဆုံးခဲ့ၿပီး အျခားအီတလီႏိုင္ငံသားေတြ၊ ဘရာဇီးႏိုင္ငံသားေတြနဲ႔ ၿဗိတိန္ႏိုင္ငံသားေတြ အပါအဝင္ ၅ ဦး ဒဏ္ရာရခဲ့ေၾကာင္း အစၥေရးကယ္ဆယ္ေရးအဖြဲ႕က ေျပာပါတယ္။

ကားနဲ႔လုပ္ႀကံခဲ့သူဟာ Kafr Qassem ၿမိဳ႕ေန အစၥေရးအာရပ္ဖြားတစ္ဦးျဖစ္တယ္လို႔ အစၥေရးလုံၿခဳံေရးတပ္ဖြဲ႕ ေတြက ေျပာပါတယ္။ ေဂ်႐ုဆလင္ၿမိဳ႕ရွိ ဗလီကိုဝင္စီးကာ အၾကမ္းဖက္သမားလို႔ သံသယရွိသူမ်ားကို ဖမ္းဆီးမႈ၊ ၿဖိဳခြင္းမႈမ်ားနဲ႔ပတ္သက္ၿပီး တင္းမာမႈေတြရွိေနခ်ိန္မွာပဲ တဲအဲဗက္စ္ၿမိဳ႕မွာ ကားနဲ႔ဝင္တိုက္တဲ့ တိုက္ခိုက္မႈေတြ ျဖစ္ပြားလာခဲ့တာျဖစ္ပါတယ္။

ေဂ်႐ုဆလင္ၿမိဳ႕ရွိ ဗလီအတြင္း ပုန္းေနတဲ့အၾကမ္းဖက္သမားေတြကို အစၥေရးလုံၿခဳံေရးအဖြဲ႕မ်ားက စီးနင္းမႈနဲ႔ ပတ္သက္ၿပီး လက္ဘႏြန္ႏိုင္ငံရွိ ဟားမက္စ္စစ္ေသြးႂကြအုပ္စုဟာ အစၥေရးႏိုင္ငံကို ေရာ့ကဒ္ဒုံးက်ည္ အနည္းဆုံး အစင္း ၃ဝ ေက်ာ္နဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရပါတယ္။ အစၥေရးဟာ ဒုံးက်ည္မ်ားနဲ႔ တိုက္ခိုက္ခံရမႈေတြ ကိုလက္တုံ႔ျပန္မႈအျဖစ္ တိုက္ေလယာဥ္မ်ားအသုံးျပဳၿပီး ေလေၾကာင္းက ဗုံးႀကဲတိုက္ခိုက္မႈေတြ ျပန္လည္လုပ္ေဆာင္ခဲ့ရာ လက္ရွိအခ်ိန္မွာ အစၥေရးတပ္ဖြဲ႕ေတြနဲ႔ ဟားမက္စ္စစ္ေသြးႂကြအုပ္စုေတြၾကား တင္းမာမႈအရွိန္ ျမင့္တက္ေနပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္႐ုံးက "ဝန္ႀကီးခ်ဳပ္ဟာ အၾကမ္းဖက္တိုက္ခိုက္မႈေတြကို ၿဖိဳခြင္းႏိုင္ဖို႔ ရဲတပ္ဖြဲ႕ေတြ နဲ႔ စစ္ဘက္အရန္တပ္ဖြဲ႕ဝင္ေတြကို ၿမိဳ႕အတြင္း ကင္းလွည့္ေဆာင္႐ြက္မႈေတြ ပိုမိုလုပ္ေဆာင္ဖို႔ ၫႊန္ၾကားခဲ့တယ္။ တပ္ဖြဲ႕ဝင္အေရအတြက္ကိုလည္း တိုးျမင့္ခဲ့တယ္" လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.