မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေသည့်ပစ္စည်းများကြောင့် သေဆုံးဒဏ်ရာရသူ သုံးပုံတစ်ပုံကျော်မှာ ကလေးငယ်များဖြစ်ကြောင်း UNICEF Myanmar ဆို

 801

Pearl (NP News) – ဧပြီ ၉

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေသည့်ပစ္စည်းများကြောင့် သေဆုံးဒဏ်ရာရသူ သုံးပုံတစ်ပုံ ကျော်မှာ ကလေးငယ်များဖြစ်ကြောင်း UNICEF Myanmar မှ ဖော်ပြ ပြောဆိုထားသည်။

UNICEF Myanmar မှ ပြီးခဲ့သည့် ရက်ပိုင်းတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သည့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် အရပ်သားသေဆုံးထိခိုက်မှု မြင့်တက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သေဆုံးထိခိုက်သူများအနက်မှ (၃၄) ရာခိုင်နှုန်းမှာ ကလေးငယ်များဖြစ်ကြောင်း ၎င်းအဖွဲ့၏ ထုတ်ပြန် ချက်များအရ သိရသည်။

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ (ERW) ကြောင့် သေဆုံး ထိခိုက်သူ ၃၉ဝ ဦးရှိပြီး ၂ဝ၂၁ ခုနှစ်တွင် သေဆုံးသူ ၂၈၄ ဦးရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်း၌ ပဋိပက္ခများ အရှိန်မြင့်တက်လာသည့်အလျောက် မြေမြှုပ်မိုင်းများ ပိုမိုချထားလာကြောင်း UNICEF Myanmar မှ ဆိုသည်။

Zawgyi Version;
ေျမျမႇဳပ္မိုင္းႏွင့္ အျခားေပါက္ကြဲေစသည့္ပစၥည္းမ်ားေၾကာင့္ ေသဆုံးဒဏ္ရာရသူ သုံးပုံတစ္ပုံေက်ာ္မွာ ကေလးငယ္မ်ားျဖစ္ေၾကာင္း UNICEF Myanmar ဆို
Pearl (NP News) – ဧၿပီ ၉

ျမန္မာႏိုင္ငံတြင္ ေျမျမႇဳပ္မိုင္းႏွင့္ အျခားေပါက္ကြဲေစသည့္ပစၥည္းမ်ားေၾကာင့္ ေသဆုံးဒဏ္ရာရသူ သုံးပုံတစ္ပုံ ေက်ာ္မွာ ကေလးငယ္မ်ားျဖစ္ေၾကာင္း UNICEF Myanmar မွ ေဖာ္ျပ ေျပာဆိုထားသည္။

UNICEF Myanmar မွ ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

ေျမျမႇဳပ္မိုင္းနဲ႔ ေပါက္ကြဲေစတတ္သည့္ စစ္က်န္လက္နက္ပစၥည္းမ်ားေၾကာင့္ အရပ္သားေသဆုံးထိခိုက္မႈ ျမင့္တက္လ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ ေသဆုံးထိခိုက္သူမ်ားအနက္မွ (၃၄) ရာခိုင္ႏႈန္းမွာ ကေလးငယ္မ်ားျဖစ္ေၾကာင္း ၎အဖြဲ႕၏ ထုတ္ျပန္ ခ်က္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္တြင္ ျမန္မာႏိုင္ငံ၌ ေျမျမႇဳပ္မိုင္းႏွင့္ စစ္က်န္လက္နက္ပစၥည္းမ်ား (ERW) ေၾကာင့္ ေသဆုံး ထိခိုက္သူ ၃၉ဝ ဦးရွိၿပီး ၂ဝ၂၁ ခုႏွစ္တြင္ ေသဆုံးသူ ၂၈၄ ဦးရွိခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတစ္ဝန္း၌ ပဋိပကၡမ်ား အရွိန္ျမင့္တက္လာသည့္အေလ်ာက္ ေျမျမႇဳပ္မိုင္းမ်ား ပိုမိုခ်ထားလာေၾကာင္း UNICEF Myanmar မွ ဆိုသည္။

Related news

© 2021. All rights reserved.