ပြစ်ဒဏ်ကျခံ သီရိလင်္ကာနိုင်ငံသား ငါးဦး အပါအဝင် ပြည်ပနိုင်ငံသား ၉၈ ဦးကို လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေး

 2190

NP News - ဧပြီ ၁၇

အင်းစိန်ဗဟိုအကျဥ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော သီရိလင်္ကာနိုင်ငံသား ငါးဦး အပါအဝင် ပြည်ပနိုင်ငံသား ၉၈ ဦးအား ၄င်းတို့၏ ပြစ်ဒဏ်များအပေါ် လျော့ပေါ့ပေးပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

နစကဥက္ကဋ္ဌအနေဖြင့် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့၊ မြန်မာနှစ်သစ်မင်္ဂလာအခါသမအထိမ်းအမှတ်အဖြစ် လည်းကောင်း၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသော အားဖြင့် လည်းကောင်း အင်းစိန်ဗဟိုအကျဥ်းထောင်တွင် ပြစ်ဒဏ် ကျခံနေရသည့် (၁) အစ/၂၃/ဝ၂၅၁၉/က Mr.R.R.GAMINI ၊ (၂) အစ/၂၃/ဝ၂၅၂ဝ/က Mr.M.M.R.D DILSHAN ၊ (၃) အစ/၂၃/ဝ၂၅၂၁/က Mr.L.S.J NANAYAKKARA ၊ (၄) အစ/၂၃/ဝ၂၅၂၂/က Mr.V.G.L.R KUMARA ၊ (၅) အစ/၂၃/ဝ၂၅၂၃/က Mr.L.H.N KARUNASINGHE စသည့် သိရိလင်္ကာနိုင်ငံသား ငါးဦး အပါအဝင် အကျဥ်းထောင်၊ အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော ပြည်ပနိုင်ငံသား ၉၈ ဦးအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄ဝ၁ ပုဒ်မခွဲအရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၄င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိ နေသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိ သော ပြစ်ဒဏ်များအပေါ် လျော့ပေါ့ပြီး ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

နစက အနေဖြင့် ယနေ့ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် အကျဥ်းထောင်၊ အကျဥ်းစခန်းအသီးသီးတွင် ပြစ်ဒဏ် ကျခံနေရသူ များအနက်မှ အကျဥ်းသား၊ အကျဥ်းသူ ၃ဝ၁၅ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။

Zawgyi Version;
ျပစ္ဒဏ္က်ခံ သီရိလကၤာႏိုင္ငံသား ငါးဦး အပါအဝင္ ျပည္ပႏိုင္ငံသား ၉၈ ဦးကို လြတ္ၿငိမ္းခြင့္ျပဳကာ ျပည္ႏွင္ဒဏ္ေပး
NP News - ဧၿပီ ၁၇

အင္းစိန္ဗဟိုအက်ဥ္းေထာင္တြင္ ျပစ္ဒဏ္က်ခံေနရေသာ သီရိလကၤာႏိုင္ငံသား ငါးဦး အပါအဝင္ ျပည္ပႏိုင္ငံသား ၉၈ ဦးအား ၄င္းတို႔၏ ျပစ္ဒဏ္မ်ားအေပၚ ေလ်ာ့ေပါ့ေပးၿပီး ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ျပဳကာ ျပည္ႏွင္ဒဏ္ေပးလိုက္ေၾကာင္း သတင္းရရွိသည္။

နစကဥကၠ႒အေနျဖင့္ ျမန္မာ့ႏွစ္ဆန္းတစ္ရက္ေန႔၊ ျမန္မာႏွစ္သစ္မဂၤလာအခါသမအထိမ္းအမွတ္အျဖစ္ လည္းေကာင္း၊ ႏိုင္ငံအခ်င္းခ်င္းမိတ္ဝတ္မပ်က္ဆက္ဆံေရးကို ေရွးရႈေသာအားျဖင့္လည္းေကာင္း၊ လူသားခ်င္း စာနာေထာက္ထားမႈကို အေလးထားေသာ အားျဖင့္ လည္းေကာင္း အင္းစိန္ဗဟိုအက်ဥ္းေထာင္တြင္ ျပစ္ဒဏ္ က်ခံေနရသည့္ (၁) အစ/၂၃/ဝ၂၅၁၉/က Mr.R.R.GAMINI ၊ (၂) အစ/၂၃/ဝ၂၅၂ဝ/က Mr.M.M.R.D DILSHAN ၊ (၃) အစ/၂၃/ဝ၂၅၂၁/က Mr.L.S.J NANAYAKKARA ၊ (၄) အစ/၂၃/ဝ၂၅၂၂/က Mr.V.G.L.R KUMARA ၊ (၅) အစ/၂၃/ဝ၂၅၂၃/က Mr.L.H.N KARUNASINGHE စသည့္ သိရိလကၤာႏိုင္ငံသား ငါးဦး အပါအဝင္ အက်ဥ္းေထာင္၊ အခ်ဳပ္ေထာင္အသီးသီးတြင္ ျပစ္ဒဏ္က်ခံေနရေသာ ျပည္ပႏိုင္ငံသား ၉၈ ဦးအား ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၄ဝ၁ ပုဒ္မခြဲအရ ေနာက္တစ္ႀကိမ္ ျပစ္မႈထပ္မံက်ဴးလြန္ပါက ၄င္းျပစ္ဒဏ္အျပင္ ယခုက်ခံရန္ က်န္ရွိ ေနေသာ ျပစ္ဒဏ္မ်ားကိုပါ ဆက္လက္က်ခံပါမည္ ဟူေသာ စည္းကမ္းသတ္မွတ္ခ်က္ျဖင့္ ယင္းတို႔ က်ခံရန္က်န္ရွိ ေသာ ျပစ္ဒဏ္မ်ားအေပၚ ေလ်ာ့ေပါ့ၿပီး ျပစ္ဒဏ္ လြတ္ၿငိမ္းခြင့္ျပဳကာ ျပည္ႏွင္ဒဏ္ ေပးလိုက္ေၾကာင္း ထုတ္ျပန္ ေၾကညာထားသည္။

နစက အေနျဖင့္ ယေန႔ ျမန္မာ့ႏွစ္ဆန္းတစ္ရက္ေန႔တြင္ အက်ဥ္းေထာင္၊ အက်ဥ္းစခန္းအသီးသီးတြင္ ျပစ္ဒဏ္ က်ခံေနရသူ မ်ားအနက္မွ အက်ဥ္းသား၊ အက်ဥ္းသူ ၃ဝ၁၅ ဦးအား ျပစ္ဒဏ္မွ လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳခဲ့သည္။

Picture

Myo Latt

17/04/2023 10:32

လြတ္ၿငိမ္းေပးျခင္းေၾကာင့္ တိုင္းျပည္ကလူထုမွာစိတ္ဓာတ္ေတြပ်င္ျပားေနၾကတယ္

Picture

L Mone

17/04/2023 21:54

ပဇီကြီး ရွာသားတွေကို လုံခြုံစွာနဲ့ ပြန်ခေါ်ပြီး သတင်းစာရှင်းလင်းသင့်ပါတယ်...

Related news

© 2021. All rights reserved.