ယူကရိန်းမှ ကောက်ပဲသီးနှံ နဲ့ အစားအစာတင်သွင်းမှုကို အိမ်နီးချင်း ပိုလန်၊ ဟန်ဂေရီတို့ တားမြစ်

 2012

Htay Oung (NP News) - ဧပြီ ၁၇

ဒေသတွင်း ထောက်ပံရေးများ အလျှံပယ်ဖြစ်လာပြီး စျေးနှုန်းများ ကျဆင်းလာတဲ့အတွက် ပြည်တွင်း စိုက်ပျိုးရေး ကဏ္ဍကိုကာကွယ်ဖို့ လိုအပ်လာတယ်လို့ ပိုလန်နဲ့ ဟန်ဂေရီနိုင်ငံတို့က ပြောပါတယ်။

ဒီအတွက် ကပ်ရက်အိမ်နီးချင်း ယူကရိန်းနိုင်ငံမှ ကောက်ပဲသီးနှံနဲ့ အခြားအစားအစာများ တင်သွင်းမှုကို ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်ကြောင်း အဲဒီနိုင်ငံအစိုးရတွေက ဧပြီလ ၁၅ ရက်၊ စနေနေ့မှာ သတင်းထုတ်ပြန်တယ်လို့ Reuters က ဧပြီလ ၁၆ရက် ရေးသားပါတယ်။

တစ်ဖက်သတ် ပြင်းထန်တဲ့လုပ်ရပ်များနဲ့ ပြဿနာအမျိုးစုံကို ဖြေရှင်းခြင်းဟာ လက်ရှိအခြေအနေရဲ့အပြုသဘော ဖြေရှင်းမှုကို အရှိန်မြှင့်ရာ မရောက်ရှိကြောင်း ပိုလန်နိုင်ငံရဲ့ဆုံးဖြတ်ချက်အတွက် စ်ိတ်မကောင်းဖြစ်ရတယ်လို့ ယူကရိန်း က မှတ်ချက်ပေးပါတယ်။

ရုရှားရဲ့ကျူးကျော်မှုကြောင့် ပင်လယ်နက်ဆိပ်ကမ်းအချို့ရဲ့ ကုန်စည်စီးဆင်းမှုအပေါ် အဟန့်အတားဖြစ်ခဲ့ရပြီး နောက် ဥရောပသမဂ္ဂထွက် စားသောက်ကုန်များထက် စျေးသက်သာတဲ့ ယူကရိန်းကောက်ပဲသီးနှံ အမြောက်အများ တို့ဟာ အလယ်ပိုင်းဥရောပနိုင်ငံများမှာ တစ်ဆို့ကြန့်ကြာမှုများ ဖြစ်လာခဲ့ပါတယ်။ ဒီအတွက် ဒေသခံ တောင်သူ လယ်သမားတို့ရဲ့ ရောင်းလိုအားနဲ့ စျေးနှုန်းအပေါ် ထိခိုက်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့လ ဥရောပကော်မရှင်ထံ ဥရောပအရှေ့ပိုင်းငါးနိုင်ငံမှ ဝန်ကြီးချုပ်များက ပေးပို့တဲ့ စာတစ်စောင်မှာ ကောက်ပဲသီးနှံ၊ ဆီထွက်သီးနှံများ၊ ဥများ၊ မွေးမြူရေး အသားများနဲ့ သကြားတို့လို ထုတ်ကုန်တိုးမြင့်မှု အတိုင်း အတာဟာ မကြုံစဖူးပင်ဖြစ်ကြောင်း၊ ယူကရိန်းလယ်ယာသွင်းကုန်ကြောင့် ဖြစ်ရတယ်လို့ ယူဆနိုင်ဖွယ်ရှိတဲ့ အတွက် အခွန်စည်းကြပ်သင့်ကြောင်း ဖော်ပြထားပါတယ်။

ကုန်ပစ္စည်း အလွန်အကျွံဝင်ရောက်လာမှုဟာ စီးပွားရေး မတည်ငြိမ်မှုနဲ့အတူ ရွေးကောက်ပွဲနှစ်မှာ ပိုလန်နိုင်ငံရဲ့ အာဏာရ (PiS) ပါတီအတွက် နိုင်ငံရေးပြဿနာတို့ကို ဖန်တီးပေးခဲ့ပါတယ်။

ပိုလန်နိုင်ငံအတွင်း ကောက်ပဲသီးနှံများသာမက အခြားအစားအစာ အမျိုးအစားများ (ယူကရိန်းမှ) တင်သွင်းခြင်းတို့ အပေါ် စည်းကမ်းသတ်မှတ်ချက်ထုတ်ပြန်ပြီး ယနေ့မှစ၍ တားမြစ်လိုက်ကြောင်း၊ ဂျုံ-စပါးနှံစားထွက်ကုန်များမှ ပျားရည်အထိ အမျိုးအစား အတော်များများပါ၀င်ကြောင်း PiS ခေါင်းဆောင်က ပါတီညီလာခံမှာ ကြေညာခဲ့ပါ တယ်။

ပိုလန်ရဲ့တားမြစ်ချက်ဟာ လက်ရှိ ပို့ကုန်ဆိုင်ရာ နှစ်နိုင်ငံ သဘောတူညီချက်များနဲ့ ကွဲလွဲနေကြောင်း၊ ပိုလန် လယ်သမားတွေဟာ ခက်ခဲတဲ့အခြေအနေမှာ ရှိနေတယ်ဆိုတာ နားလည်ပါကြောင်း၊ ဒါပေမယ့် ယခုအချိန် ယူကရိန်းလယ်သမားတွေဟာ အခက်ခဲဆုံးအခြေအနေဆိုက်ရောက်နေခြင်းကို အလေးအနက်ထားပြီး အဲဒီ ပြဿနာဖြေရှင်းရေး ဆွေးနွေးမှုများပြုလုပ်ဖို့ ယူကရိန်းစိုက်ပျိုးရေးမူဝါဒနဲ့ စားနပ်ရိက္ခာဝန်ကြီးဌာနက တောင်းဆို ထားပါတယ်။

စနေနေ့ အလားတူ တားမြစ်ချက်ထုတ်ပြန်ရာမှာ ဟန်ဂေရီ အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်ရဲ့ အစိုးရလည်း ပါဝင်ခဲ့ပြီး၊ လက်ရှိအခြေအနေဟာ ဒေသခံတောင်သူလယ်သမားများအပေါ် ဆိုးရွားစွာ ထိခိုက် ပျက်စီးစေရတယ်လို့ မှတ်ချက်ပေးပါတယ်။

ယူကရိန်းထုတ်ကုန်များအပေါ် သွင်းကုန်ခွန် ကင်းရှင်းရေးပြဋ္ဌာန်းချက်ကို ပြန်လည်စဉ်းစားခြင်း အပါအဝင် ဥရောပ သမဂ္ဂအဆင့် စည်းမျဉ်းစည်းကမ်း အပြောင်းအလဲများ ပြုလုပ်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ နှံစားထွက်ကုန် များနဲ့ အခြားစားသောက်ကုန်များ တင်သွင်းမှုကို ဘယ်အချိန် ပိတ်ပင်မှာဖြစ်ကြောင်း ဟန်ဂေရီအစိုးရက အသေးစိတ်ဖော်ပြခြင်း မရှိပေမယ့် (ကနဦး ကုန်သွယ်ရေးစည်းကမ်းသတ်မှတ်ချက်တွေဟာ) ဇွန်လကုန်မှာ သက်တမ်း ကုန်ဆုံးမှာဖြစ်တယ်လို့ ဆိုပါတယ်။

မိမိတို့အစိုးရဟာ ယူကရိန်းရဲ့မပြောင်းလဲတဲ့ မိတ်ဆွေနဲ့ မဟာမိတ်များဖြစ်ကြောင်း၊ ယခင်ထောက်ခံခဲ့ပြီး နောင်လည်း ဆက်လက်ထောက်ခံနေမှာဖြစ်ကြောင်း၊ ဒါပေမယ့် ကိုယ့်နိုင်ငံသားများရဲ့ အကျိုးစီးပွားကို ကာကွယ် ဖို့အရေးဟာ နိုင်ငံတိုင်း၊ အာဏာပိုင်ကောင်းတိုင်းရဲ့တာဝန်ပင်ဖြစ်ကြောင်း၊ နှံစားထွက်ကုန်ပြဿနာကို ဖြေရှင်းဖို့ အတွက် ယူကရိန်းနဲ့ ဆွေးနွေးဖို့ အဆင်သင့်ရှိကြောင်း ပိုလန်အာဏာရပါတီခေါင်းဆောင်က ပြောပါတယ်။

#ပိုလန်_ဟန်ဂေရီ_ယူကရိန်းသီးနှံထွက်ကုန်တားမြစ် #ဗစ်တာအော်ဘန်

(The Insider., 16 April 2023,” The two generals fighting in Sudan helped Putin plunder the country's gold to fund Russia's war in Ukraine” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ယူကရိန္းမွ ေကာက္ပဲသီးႏွံ နဲ႔ အစားအစာတင္သြင္းမႈကို အိမ္နီးခ်င္း ပိုလန္၊ ဟန္ေဂရီတို႔ တားျမစ္
Htay Oung (NP News) - ဧၿပီ ၁၇

ေဒသတြင္း ေထာက္ပံေရးမ်ား အလွ်ံပယ္ျဖစ္လာၿပီး ေစ်းႏႈန္းမ်ား က်ဆင္းလာတဲ့အတြက္ ျပည္တြင္း စိုက္ပ်ိဳးေရး က႑ကိုကာကြယ္ဖို႔ လိုအပ္လာတယ္လို႔ ပိုလန္နဲ႔ ဟန္ေဂရီႏိုင္ငံတို႔က ေျပာပါတယ္။

ဒီအတြက္ ကပ္ရက္အိမ္နီးခ်င္း ယူကရိန္းႏိုင္ငံမွ ေကာက္ပဲသီးႏွံနဲ႔ အျခားအစားအစာမ်ား တင္သြင္းမႈကို ပိတ္ပင္ဖို႔ ဆုံးျဖတ္လိုက္ေၾကာင္း အဲဒီႏိုင္ငံအစိုးရေတြက ဧၿပီလ ၁၅ ရက္၊ စေနေန႔မွာ သတင္းထုတ္ျပန္တယ္လို႔ Reuters က ဧၿပီလ ၁၆ရက္ ေရးသားပါတယ္။

တစ္ဖက္သတ္ ျပင္းထန္တဲ့လုပ္ရပ္မ်ားနဲ႔ ျပႆနာအမ်ိဳးစုံကို ေျဖရွင္းျခင္းဟာ လက္ရွိအေျခအေနရဲ႕အျပဳသေဘာ ေျဖရွင္းမႈကို အရွိန္ျမႇင့္ရာ မေရာက္ရွိေၾကာင္း ပိုလန္ႏိုင္ငံရဲ႕ဆုံးျဖတ္ခ်က္အတြက္ စ္ိတ္မေကာင္းျဖစ္ရတယ္လို႔ ယူကရိန္း က မွတ္ခ်က္ေပးပါတယ္။

႐ုရွားရဲ႕က်ဴးေက်ာ္မႈေၾကာင့္ ပင္လယ္နက္ဆိပ္ကမ္းအခ်ိဳ႕ရဲ႕ ကုန္စည္စီးဆင္းမႈအေပၚ အဟန္႔အတားျဖစ္ခဲ့ရၿပီး ေနာက္ ဥေရာပသမဂၢထြက္ စားေသာက္ကုန္မ်ားထက္ ေစ်းသက္သာတဲ့ ယူကရိန္းေကာက္ပဲသီးႏွံ အေျမာက္အမ်ား တို႔ဟာ အလယ္ပိုင္းဥေရာပႏိုင္ငံမ်ားမွာ တစ္ဆို႔ၾကန္႔ၾကာမႈမ်ား ျဖစ္လာခဲ့ပါတယ္။ ဒီအတြက္ ေဒသခံ ေတာင္သူ လယ္သမားတို႔ရဲ႕ ေရာင္းလိုအားနဲ႔ ေစ်းႏႈန္းအေပၚ ထိခိုက္ခဲ့ရပါတယ္။

ၿပီးခဲ့တဲ့လ ဥေရာပေကာ္မရွင္ထံ ဥေရာပအေရွ႕ပိုင္းငါးႏိုင္ငံမွ ဝန္ႀကီးခ်ဳပ္မ်ားက ေပးပို႔တဲ့ စာတစ္ေစာင္မွာ ေကာက္ပဲသီးႏွံ၊ ဆီထြက္သီးႏွံမ်ား၊ ဥမ်ား၊ ေမြးျမဴေရး အသားမ်ားနဲ႔ သၾကားတို႔လို ထုတ္ကုန္တိုးျမင့္မႈ အတိုင္း အတာဟာ မႀကဳံစဖူးပင္ျဖစ္ေၾကာင္း၊ ယူကရိန္းလယ္ယာသြင္းကုန္ေၾကာင့္ ျဖစ္ရတယ္လို႔ ယူဆႏိုင္ဖြယ္ရွိတဲ့ အတြက္ အခြန္စည္းၾကပ္သင့္ေၾကာင္း ေဖာ္ျပထားပါတယ္။

ကုန္ပစၥည္း အလြန္အကြၽံဝင္ေရာက္လာမႈဟာ စီးပြားေရး မတည္ၿငိမ္မႈနဲ႔အတူ ေ႐ြးေကာက္ပြဲႏွစ္မွာ ပိုလန္ႏိုင္ငံရဲ႕ အာဏာရ (PiS) ပါတီအတြက္ ႏိုင္ငံေရးျပႆနာတို႔ကို ဖန္တီးေပးခဲ့ပါတယ္။

ပိုလန္ႏိုင္ငံအတြင္း ေကာက္ပဲသီးႏွံမ်ားသာမက အျခားအစားအစာ အမ်ိဳးအစားမ်ား (ယူကရိန္းမွ) တင္သြင္းျခင္းတို႔ အေပၚ စည္းကမ္းသတ္မွတ္ခ်က္ထုတ္ျပန္ၿပီး ယေန႔မွစ၍ တားျမစ္လိုက္ေၾကာင္း၊ ဂ်ဳံ-စပါးႏွံစားထြက္ကုန္မ်ားမွ ပ်ားရည္အထိ အမ်ိဳးအစား အေတာ္မ်ားမ်ားပါ၀င္ေၾကာင္း PiS ေခါင္းေဆာင္က ပါတီညီလာခံမွာ ေၾကညာခဲ့ပါ တယ္။

ပိုလန္ရဲ႕တားျမစ္ခ်က္ဟာ လက္ရွိ ပို႔ကုန္ဆိုင္ရာ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္မ်ားနဲ႔ ကြဲလြဲေနေၾကာင္း၊ ပိုလန္ လယ္သမားေတြဟာ ခက္ခဲတဲ့အေျခအေနမွာ ရွိေနတယ္ဆိုတာ နားလည္ပါေၾကာင္း၊ ဒါေပမယ့္ ယခုအခ်ိန္ ယူကရိန္းလယ္သမားေတြဟာ အခက္ခဲဆုံးအေျခအေနဆိုက္ေရာက္ေနျခင္းကို အေလးအနက္ထားၿပီး အဲဒီ ျပႆနာေျဖရွင္းေရး ေဆြးေႏြးမႈမ်ားျပဳလုပ္ဖို႔ ယူကရိန္းစိုက္ပ်ိဳးေရးမူဝါဒနဲ႔ စားနပ္ရိကၡာဝန္ႀကီးဌာနက ေတာင္းဆို ထားပါတယ္။

စေနေန႔ အလားတူ တားျမစ္ခ်က္ထုတ္ျပန္ရာမွာ ဟန္ေဂရီ အမ်ိဳးသားေရးဝါဒီ ဝန္ႀကီးခ်ဳပ္ ဗစ္တာေအာ္ဘန္ရဲ႕ အစိုးရလည္း ပါဝင္ခဲ့ၿပီး၊ လက္ရွိအေျခအေနဟာ ေဒသခံေတာင္သူလယ္သမားမ်ားအေပၚ ဆိုး႐ြားစြာ ထိခိုက္ ပ်က္စီးေစရတယ္လို႔ မွတ္ခ်က္ေပးပါတယ္။

ယူကရိန္းထုတ္ကုန္မ်ားအေပၚ သြင္းကုန္ခြန္ ကင္းရွင္းေရးျပ႒ာန္းခ်က္ကို ျပန္လည္စဥ္းစားျခင္း အပါအဝင္ ဥေရာပ သမဂၢအဆင့္ စည္းမ်ဥ္းစည္းကမ္း အေျပာင္းအလဲမ်ား ျပဳလုပ္ဖို႔ ေမွ်ာ္လင့္တယ္လို႔ ေျပာပါတယ္။ ႏွံစားထြက္ကုန္ မ်ားနဲ႔ အျခားစားေသာက္ကုန္မ်ား တင္သြင္းမႈကို ဘယ္အခ်ိန္ ပိတ္ပင္မွာျဖစ္ေၾကာင္း ဟန္ေဂရီအစိုးရက အေသးစိတ္ေဖာ္ျပျခင္း မရွိေပမယ့္ (ကနဦး ကုန္သြယ္ေရးစည္းကမ္းသတ္မွတ္ခ်က္ေတြဟာ) ဇြန္လကုန္မွာ သက္တမ္း ကုန္ဆုံးမွာျဖစ္တယ္လို႔ ဆိုပါတယ္။

မိမိတို႔အစိုးရဟာ ယူကရိန္းရဲ႕မေျပာင္းလဲတဲ့ မိတ္ေဆြနဲ႔ မဟာမိတ္မ်ားျဖစ္ေၾကာင္း၊ ယခင္ေထာက္ခံခဲ့ၿပီး ေနာင္လည္း ဆက္လက္ေထာက္ခံေနမွာျဖစ္ေၾကာင္း၊ ဒါေပမယ့္ ကိုယ့္ႏိုင္ငံသားမ်ားရဲ႕ အက်ိဳးစီးပြားကို ကာကြယ္ ဖို႔အေရးဟာ ႏိုင္ငံတိုင္း၊ အာဏာပိုင္ေကာင္းတိုင္းရဲ႕တာဝန္ပင္ျဖစ္ေၾကာင္း၊ ႏွံစားထြက္ကုန္ျပႆနာကို ေျဖရွင္းဖို႔ အတြက္ ယူကရိန္းနဲ႔ ေဆြးေႏြးဖို႔ အဆင္သင့္ရွိေၾကာင္း ပိုလန္အာဏာရပါတီေခါင္းေဆာင္က ေျပာပါတယ္။

#ပိုလန္_ဟန္ေဂရီ_ယူကရိန္းသီးႏွံထြက္ကုန္တားျမစ္ #ဗစ္တာေအာ္ဘန္

(The Insider., 16 April 2023,” The two generals fighting in Sudan helped Putin plunder the country's gold to fund Russia's war in Ukraine” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.