မွန်ပြည်နယ်၌ ဆွမ်းခံကိုရင်များ အပါအဝင် လမ်းပေါ်အမြဲသွားလာနေရသူများအတွက် ခွေးရူးပြန်ကာကွယ် ဆေးအလုံး (၉ဝဝဝ)အား အခမဲ့ထိုးနှံပေးမည်

 742

ယွန်း (NP News) - ဧပြီ ၁၈

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်(၁ဝ)ခုတွင် ခွေးရူးပြန်ကြိုတင်ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့်(၆)လတာကာလ၌ ခွေးရူးကိုက်ခံခဲ့ရသူဦးရေ စုစုပေါင်း (၁၁ဝ)နီးပါးရှိခဲ့ပြီး ၎င်းတို့အနက်မှ ကာကွယ်ဆေးမထိုးထားသူ (၃)ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ခွေးကတော့ အိမ်မွေးခွေးတွေပဲ ဖြစ်မှာပါ။ ရူးပြီးတော့လိုက်ကိုက်တာပေါ့။ (၆)လအတွင်းမှာပဲ ကျွန် တော်တို့ ပြည်နယ်ထဲမှာ ခွေးရူးကိုက်ခံရတာ အယောက်(၁၁ဝ)လောက်ရှိတယ်။ မြို့နယ်အရဆိုရင် မြို့နယ်(၇)ခုလောက် အကိုက်ခံရတယ်” ဟု မွန်‌ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ကျိုက်ထိုမြို့နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်များမှအပ ကျန်မြို့နယ်များတွင် ခွေးရူးအကိုက်ခံရမှုများ အများအပြားရှိခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။

ထို့ကြောင့် မွန်ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ခွေးရူးပြန်ကာကွယ်ဆေးရရှိရန် တင်ပြတောင်းခံမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့တင်ပြတောင်းခံမှုမှ မွန်ပြည်နယ်အတွက် ခွေးရူးပြန်ကြိုတင်ကာကွယ်ဆေး (ARV) အလုံး(၉ဝဝဝ) ကိုရရှိခဲ့ပြီး နှစ်ကြိမ်ခွဲကာ အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ARV ဆေးများကို ဧပြီလ(၁၉)ရက်တွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ပြီး တစ်ပတ်အကြာတွင် ဒုတိယအကြိမ် ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။

“ပြည်နယ်တစ်ခုလုံးမှာထိုးပေးမှာပါ။ မြို့နယ်အားလုံးကို မနက်ဖြန်မှာတစ်ပြိုင်နက်ထိုးပေးမှာပါ။ ဆေးကနှစ်ကြိမ်ထိုးမှ အာနိသင်ရှိမှာလေ။ အဲဒီတော့ မနက်ဖြန်ဆေးထိုးပြီး တစ်ပတ်အကြာမှာ နောက်တစ်ကြိမ်ထပ်ထိုးပေးမှာပေါ့” ဟု ၎င်းက ဆိုသည်။

အဆိုပါ ခွေးရူးပြန်ကြိုတင်ကာကွယ်ဆေး(ARV)ကို လမ်းပေါ်အမြဲသွားလာနေရသူများ အပါအဝင် ဆွမ်းခံကိုရင် နှင့် စာသင်သားများ၊ စာပို့သမားများ၊ Delivery သမားများ၊ ဆိုင်ကယ်ကယ်ရီသမားများ၊ စည်ပင်ဝန်ထမ်းများနှင့် ခွေးပိုင်ရှင်များကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်း ARV အလုံး(၉ဝဝဝ)ကို မွန်ပြည်နယ်အတွင်းရှိ မြို့နယ်(၁ဝ)ခုတွင် ထိုးနှံပေးသွားမည်ဖြစ်ပြီး မြို့နယ်တစ်ခုလျှင် လူဦးရေ(၄ဝဝ)နှုန်းဖြင့် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
မြန္ျပည္နယ္၌ ဆြမ္းခံကိုရင္မ်ား အပါအဝင္ လမ္းေပၚအၿမဲသြားလာေနရသူမ်ားအတြက္ ေခြး႐ူးျပန္ကာကြယ္ ေဆးအလုံး (၉ဝဝဝ)အား အခမဲ့ထိုးႏွံေပးမည္

ယြန္း (NP News) - ဧၿပီ ၁၈

မြန္ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္(၁ဝ)ခုတြင္ ေခြး႐ူးျပန္ႀကိဳတင္ကာကြယ္ေဆးမ်ား အခမဲ့ထိုးႏွံေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

မြန္ျပည္နယ္အတြင္း ၿပီးခဲ့သည့္(၆)လတာကာလ၌ ေခြး႐ူးကိုက္ခံခဲ့ရသူဦးေရ စုစုေပါင္း (၁၁ဝ)နီးပါးရွိခဲ့ၿပီး ၎တို႔အနက္မွ ကာကြယ္ေဆးမထိုးထားသူ (၃)ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

“ေခြးကေတာ့ အိမ္ေမြးေခြးေတြပဲ ျဖစ္မွာပါ။ ႐ူးၿပီးေတာ့လိုက္ကိုက္တာေပါ့။ (၆)လအတြင္းမွာပဲ ကြၽန္ ေတာ္တို႔ ျပည္နယ္ထဲမွာ ေခြး႐ူးကိုက္ခံရတာ အေယာက္(၁၁ဝ)ေလာက္ရွိတယ္။ ၿမိဳ႕နယ္အရဆိုရင္ ၿမိဳ႕နယ္(၇)ခုေလာက္ အကိုက္ခံရတယ္” ဟု မြန္‌ျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

က်ိဳက္ထိုၿမိဳ႕နယ္၊ ေရးၿမိဳ႕နယ္ႏွင့္ သံျဖဴဇရပ္ၿမိဳ႕နယ္မ်ားမွအပ က်န္ၿမိဳ႕နယ္မ်ားတြင္ ေခြး႐ူးအကိုက္ခံရမႈမ်ား အမ်ားအျပားရွိခဲ့ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။

ထို႔ေၾကာင့္ မြန္ျပည္နယ္ျပည္သူ႔ က်န္းမာေရးဦးစီးဌာနမွ ေခြး႐ူးျပန္ကာကြယ္ေဆးရရွိရန္ တင္ျပေတာင္းခံမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔တင္ျပေတာင္းခံမႈမွ မြန္ျပည္နယ္အတြက္ ေခြး႐ူးျပန္ႀကိဳတင္ကာကြယ္ေဆး (ARV) အလုံး(၉ဝဝဝ) ကိုရရွိခဲ့ၿပီး ႏွစ္ႀကိမ္ခြဲကာ အခမဲ့ထိုးႏွံေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ARV ေဆးမ်ားကို ဧၿပီလ(၁၉)ရက္တြင္ စတင္ထိုးႏွံေပးသြားမည္ျဖစ္ၿပီး တစ္ပတ္အၾကာတြင္ ဒုတိယအႀကိမ္ ထပ္မံထိုးႏွံေပးသြားမည္ျဖစ္ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။

“ျပည္နယ္တစ္ခုလုံးမွာထိုးေပးမွာပါ။ ၿမိဳ႕နယ္အားလုံးကို မနက္ျဖန္မွာတစ္ၿပိဳင္နက္ထိုးေပးမွာပါ။ ေဆးကႏွစ္ႀကိမ္ထိုးမွ အာနိသင္ရွိမွာေလ။ အဲဒီေတာ့ မနက္ျဖန္ေဆးထိုးၿပီး တစ္ပတ္အၾကာမွာ ေနာက္တစ္ႀကိမ္ထပ္ထိုးေပးမွာေပါ့” ဟု ၎က ဆိုသည္။

အဆိုပါ ေခြး႐ူးျပန္ႀကိဳတင္ကာကြယ္ေဆး(ARV)ကို လမ္းေပၚအၿမဲသြားလာေနရသူမ်ား အပါအဝင္ ဆြမ္းခံကိုရင္ ႏွင့္ စာသင္သားမ်ား၊ စာပို႔သမားမ်ား၊ Delivery သမားမ်ား၊ ဆိုင္ကယ္ကယ္ရီသမားမ်ား၊ စည္ပင္ဝန္ထမ္းမ်ားႏွင့္ ေခြးပိုင္ရွင္မ်ားကို ထိုးႏွံေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

၎ ARV အလုံး(၉ဝဝဝ)ကို မြန္ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္(၁ဝ)ခုတြင္ ထိုးႏွံေပးသြားမည္ျဖစ္ၿပီး ၿမိဳ႕နယ္တစ္ခုလွ်င္ လူဦးေရ(၄ဝဝ)ႏႈန္းျဖင့္ ထိုးႏွံေပးမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.