ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေအိမ်သို့ပြန်လည်ပြောင်းရွှေ့ခဲ့သည်ဟုဆိုသော သတင်းများမှာ မှန်ကန်မှုမရှိကြောင်း နစက ဖြေရှင်း

 1372

မျိုးကြီး (NP News) - ဧပြီ ၁၉

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေအိမ်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်ဟုဆိုသော သတင်းများမှာ မမှန်ကန်ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့(ဧပြီလ ၁၉ ရက်)တွင် ၎င်းသတင်းနှင့်ပတ်သက်၍ အထက်ပါကဲ့သို့ မီဒီယာများကို ဖြေရှင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အချုပ်ထောင်မှ သူမ၏ နေအိမ်သို့ ပြန်လည်ပြောင်းရွှေ့လိုက်သည်ဟု ယနေ့ နံနက်ပိုင်းတွင် သတင်းများထွက်ပေါ်နေခြင်း ဖြစ်သည်။

အဆိုပါ သတင်းများသည် မဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေရှင်းထားသည်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ တပ်မတော်မှ နိုင်ငံတော်အာဏာရယူပြီးနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် အဂတိလိုက်စားမှုများအပါအဝင် အမှုပေါင်းများစွာဖြင့် တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ် (၃၃)နှစ်အထိ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် အသက်(၇၇)နှစ်အရွယ်နေပြီဖြစ်ကာ နေပြည်တော်ရှိ အချုပ်ထောင်တွင် ထောင်ဒဏ်ကျခံရလျက်ရှိသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)သည်လည်း နစကမှ ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ပြန်လျှောက်ထားခြင်း မရှိသည့်အတွက် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခြင်း ခံထားရသည်။

zawgyi version
ေဒၚေအာင္ဆန္းစုၾကည္အား အက်ဥ္းေထာင္မွ ေနအိမ္သို႔ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့သည္ဟုဆိုေသာ သတင္းမ်ားမွာ မွန္ကန္မႈမရွိေၾကာင္း နစက ေျဖရွင္း

မ်ိဳးႀကီး (NP News) - ဧၿပီ ၁၉

ေဒၚေအာင္ဆန္းစုၾကည္အား အက်ဥ္းေထာင္မွ ေနအိမ္သို႔ ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့သည္ဟုဆိုေသာ သတင္းမ်ားမွာ မမွန္ကန္ေၾကာင္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔(ဧၿပီလ ၁၉ ရက္)တြင္ ၎သတင္းႏွင့္ပတ္သက္၍ အထက္ပါကဲ့သို႔ မီဒီယာမ်ားကို ေျဖရွင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဟာင္း ေဒၚေအာင္ဆန္းစုၾကည္အား ေနျပည္ေတာ္အခ်ဳပ္ေထာင္မွ သူမ၏ ေနအိမ္သို႔ ျပန္လည္ေျပာင္းေ႐ႊ႕လိုက္သည္ဟု ယေန႔ နံနက္ပိုင္းတြင္ သတင္းမ်ားထြက္ေပၚေနျခင္း ျဖစ္သည္။

အဆိုပါ သတင္းမ်ားသည္ မဟုတ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ျပန္လည္ေျဖရွင္းထားသည္။

၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္မွစ၍ တပ္မေတာ္မွ ႏိုင္ငံေတာ္အာဏာရယူၿပီးေနာက္ပိုင္းတြင္ ေဒၚေအာင္ဆန္းစုၾကည္သည္ အဂတိလိုက္စားမႈမ်ားအပါအဝင္ အမႈေပါင္းမ်ားစြာျဖင့္ တရားစြဲဆိုခံခဲ့ရၿပီး ေထာင္ဒဏ္ (၃၃)ႏွစ္အထိ ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရသည္။

လက္ရွိတြင္ ေဒၚေအာင္ဆန္းစုၾကည္သည္ အသက္(၇၇)ႏွစ္အ႐ြယ္ေနၿပီျဖစ္ကာ ေနျပည္ေတာ္ရွိ အခ်ဳပ္ေထာင္တြင္ ေထာင္ဒဏ္က်ခံရလ်က္ရွိသည္။

ထို႔ျပင္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေသာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)သည္လည္း နစကမွ ျပ႒ာန္းခဲ့ေသာ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒအရ မွတ္ပုံတင္ျပန္ေလွ်ာက္ထားျခင္း မရွိသည့္အတြက္ ႏိုင္ငံေရးပါတီအျဖစ္မွ ဖ်က္သိမ္းျခင္း ခံထားရသည္။

Related news

© 2021. All rights reserved.