လူငယ်အဆိုတော် မေလသံစဉ် ပုဒ်မ ၅ဝ၅(က)ဖြင့် အမှုဖွင့် ဖမ်းဆီးခံရ

 8815

NP News - ဧပြီ ၂၂

လူငယ်အဆိုတော် မေလသံစဉ်သည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅ဝ၅ (က)ဖြင့် အမှုဖွင့် ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

မေလသံစဉ်အား ဧပြီလ ၂ဝ ရက်တွင် ပုဒ်မ ၅ဝ၅(က)ဖြင့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရဲစခန်း၌ ချုပ်မိန့်ရမန်ယူထားကာ ထိန်းသိမ်းထားကြောင်း လုံခြုံရေးအဖွဲ့များနှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို ပြောသည်။

အဆိုတော်မေလသံစဉ်သည် ပြီးခဲ့သော ဧပြီလ ၁၂ ရက်တွင် ၎င်း၏နေအိမ်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် စစ်ကြောရေးစခန်းတွင် စစ်ဆေးမှုများအပြီး၌ အမှုဖွင့်ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေသားဖြန့်ဝေခဲ့မှုများနှင့် ဆက်စပ်မှုရှိနိုင်ကြောင်းလည်း သုံးသပ်ပြောဆိုမှုများရှိနေသည်။

မေလသံစဉ်သည် အောင်မြင်ကျော်ကြားသော လူငယ်အဆိုတော်တစ်ဦးဖြစ်ပြီး ၎င်းသီဆိုထားသော သီချင်းများသည် လူမှုကွန်ရက်စာမျက်များတွင် ပရိတ်သတ်အများအပြား၏ အားပေးမှုကို ရရှိထားသည်။

အလားတူ ယမန်နေ့ကလည်း သရုပ်ဆောင် မေပန်းချီ၊ အဆိုတော် ရွှေရည်သိန်းတန်နှင့် The Voice Journal အယ်ဒီတာချုပ်ဟောင်း ဦးကျော်မင်းဆွေတို့သည်လည်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅ဝ၅ (က)ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည်။

zawgyi version
လူငယ္အဆိုေတာ္ ေမလသံစဥ္ ပုဒ္မ ၅ဝ၅(က)ျဖင့္ အမႈဖြင့္ ဖမ္းဆီးခံရ

NP News - ဧၿပီ ၂၂

လူငယ္အဆိုေတာ္ ေမလသံစဥ္သည္ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅ဝ၅ (က)ျဖင့္ အမႈဖြင့္ ဖမ္းဆီးခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ေမလသံစဥ္အား ဧၿပီလ ၂ဝ ရက္တြင္ ပုဒ္မ ၅ဝ၅(က)ျဖင့္ ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းၿမိဳ႕နယ္ရဲစခန္း၌ ခ်ဳပ္မိန႔္ရမန္ယူထားကာ ထိန္းသိမ္းထားေၾကာင္း လုံၿခဳံေရးအဖြဲ႕မ်ားႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္က NP News ကို ေျပာသည္။

အဆိုေတာ္ေမလသံစဥ္သည္ ၿပီးခဲ့ေသာ ဧၿပီလ ၁၂ ရက္တြင္ ၎၏ေနအိမ္၌ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီးေနာက္ စစ္ေၾကာေရးစခန္းတြင္ စစ္ေဆးမႈမ်ားအၿပီး၌ အမႈဖြင့္ခံခဲ့ရျခင္းျဖစ္ေၾကာင္း ၎ကဆက္ လက္ေျပာသည္။

စစ္ကိုင္းတိုင္း၊ ကန႔္ဘလူၿမိဳ႕နယ္၊ ပဇီႀကီးေက်း႐ြာျဖစ္စဥ္ႏွင့္ပတ္သက္၍ ၎၏ လူမႈကြန္ရက္စာ မ်က္ႏွာ၌ ေရသားျဖန႔္ေဝခဲ့မႈမ်ားႏွင့္ ဆက္စပ္မႈရွိႏိုင္ေၾကာင္းလည္း သုံးသပ္ေျပာဆိုမႈမ်ားရွိေနသည္။

ေမလသံစဥ္သည္ ေအာင္ျမင္ေက်ာ္ၾကားေသာ လူငယ္အဆိုေတာ္တစ္ဦးျဖစ္ၿပီး ၎သီဆိုထားေသာ သီခ်င္းမ်ားသည္ လူမႈကြန္ရက္စာမ်က္မ်ားတြင္ ပရိတ္သတ္အမ်ားအျပား၏ အားေပးမႈကို ရရွိထားသည္။

အလားတူ ယမန္ေန႔ကလည္း သ႐ုပ္ေဆာင္ ေမပန္းခ်ီ၊ အဆိုေတာ္ ေ႐ႊရည္သိန္းတန္ႏွင့္ The Voice Journal အယ္ဒီတာခ်ဳပ္ေဟာင္း ဦးေက်ာ္မင္းေဆြတို႔သည္လည္း ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅ဝ၅ (က)ျဖင့္ အမႈဖြင့္ဖမ္းဆီးခံထားရသည္။

Picture

zaw moe

22/04/2023 12:46

ော

Related news

© 2021. All rights reserved.