ပုဇွန်တောင်ဘူတာ ပလက်ဖောင်းပေါ်၌ ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးသည်ဟုယူဆရသော အလောင်းတစ်လောင်းတွေ့ရှိ

 717

စော (NP News) - ဧပြီ ၂၄

ရန်ကုန်တိုင်း ၊ ပုဇွန်တောင်ဘူတာ ပလက်ဖောင်းပေါ်တွင် ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးသည်ဟု ယူဆရသော အလောင်းတစ်လောင်းတွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါအလောင်းကို ယနေ့(ဧပြီလ ၂၄ ရက်)၊ နံနက် (၈)နာရီတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ကျီတော်ရပ်ကွက်ရှိ ပုဇွန်တောင်ဘူတာ ပလက်ဖောင်းပေါ်တွင် တွေ့ရှိခဲ့ကြောင်း မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းမှ ဆိုသည်။

“နေပူရှိန်ပြင်းပြီး အိမ်ခြေမဲ့ဆိုတော့ ထိုင်နေရင်းနဲ့တင် ဦးနှောက်သွေးကြောပြတ်တဲ့ပုံစံမျိုးပေါ့ ။ ဒါပေမယ့် မျက်နှာမှာတော့ နှာခေါင်းသွေးလျှံထားတဲ့ပုံစံတော့ရှိတယ်။ အခြားထိခိုက်ဒဏ်ရာတော့ မတွေ့ဘူး ။ သေတာတော့ နည်းနည်းကြာပြီ ။ အပုတ်နံ့တောင်ထွက်နေပြီ “ဟု မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

သေဆုံးသူအမျိုးသားသည် အသက် (၃ဝ)ခန့်ရှိ အိမ်ခြေမဲ့တစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းမှဆိုသည်။

zawgyi version
ပုဇြန္ေတာင္ဘူတာ ပလက္ေဖာင္းေပၚ၌ ဦးေႏွာက္ေသြးေၾကာျပတ္ကာ ေသဆုံးသည္ဟုယူဆရေသာ အေလာင္းတစ္ေလာင္းေတြ႕ရွိ

ေစာ (NP News) - ဧၿပီ ၂၄

ရန္ကုန္တိုင္း ၊ ပုဇြန္ေတာင္ဘူတာ ပလက္ေဖာင္းေပၚတြင္ ဦးေႏွာက္ေသြးေၾကာျပတ္ကာ ေသဆုံးသည္ဟု ယူဆရေသာ အေလာင္းတစ္ေလာင္းေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။

အဆိုပါအေလာင္းကို ယေန႔(ဧၿပီလ ၂၄ ရက္)၊ နံနက္ (၈)နာရီတြင္ မဂၤလာေတာင္ၫြန္႔ၿမိဳ႕နယ္ ၊ က်ီေတာ္ရပ္ကြက္ရွိ ပုဇြန္ေတာင္ဘူတာ ပလက္ေဖာင္းေပၚတြင္ ေတြ႕ရွိခဲ့ေၾကာင္း မဂၤလာေတာင္ၫြန္႔လူငယ္လူမႈကူညီေရးအသင္းမွ ဆိုသည္။

“ေနပူရွိန္ျပင္းၿပီး အိမ္ေျခမဲ့ဆိုေတာ့ ထိုင္ေနရင္းနဲ႔တင္ ဦးေႏွာက္ေသြးေၾကာျပတ္တဲ့ပုံစံမ်ိဳးေပါ့ ။ ဒါေပမယ့္ မ်က္ႏွာမွာေတာ့ ႏွာေခါင္းေသြးလွ်ံထားတဲ့ပုံစံေတာ့ရွိတယ္။ အျခားထိခိုက္ဒဏ္ရာေတာ့ မေတြ႕ဘူး ။ ေသတာေတာ့ နည္းနည္းၾကာၿပီ ။ အပုတ္နံ႔ေတာင္ထြက္ေနၿပီ “ဟု မဂၤလာေတာင္ၫြန္႔လူငယ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ေသဆုံးသူအမ်ိဳးသားသည္ အသက္ (၃ဝ)ခန႔္ရွိ အိမ္ေျခမဲ့တစ္ဦးျဖစ္ေၾကာင္း သိရသည္။

အဆိုပါ႐ုပ္အေလာင္းကို ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း မဂၤလာေတာင္ၫြန္႔လူငယ္လူမႈကူညီေရးအသင္းမွဆိုသည္။

Related news

© 2021. All rights reserved.