အမေရိကန်ခရီးသည်တင်လေယာဉ်တစ်စီး ငှက်အုပ်ကို ဝင်တိုက်မိတဲ့အတွက် မီးလောင်မှုဖြစ်ပွား

897

ဂျန်ဇက် (NP News) - ဧပြီ ၂၄
အမေရိကန်ခရီးသည်တင်လေယာဉ်တစ်စီးဟာ ဧပြီ ၂၃ ရက်က ငှက်အုပ်နဲ့တိုက်မိခဲ့ပြီးနောက် မီးလောင်မှုများ ဖြစ်ပွားခဲ့ပြီး သွားရမယ့်ခရီးစဉ်ကို သွားနိုင်ခဲ့ခြင်း မရှိကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံ အိုဟိုင်းရိုင်းပြည်နယ် John Glenn Columbus လေဆိပ်မှာ Boeing 737-800 လေယာဉ်ဟာ ပျံတက်ခဲ့ပြီးနောက် မကြာမီ လေယာဉ်အင်ဂျင် နဲ့ ငှက်တစ်ကောက်တိုက်မိခဲ့ကြောင်း၊ လေယာဉ် မီးလောင်မှု ကြောင့် အရီဇိုးနားပြည်နယ်ကို သွားရောက်မယ့်ခရီးစဉ်ကို သွားရောက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။
ရုပ်သံဖိုင်များထဲမှာ လေယာဉ်အင်ဂျင် မီးလောင်မှုခဲ့ရာကနေ လေယာဉ် ညာတောင်ပံဘက်ခြမ်းကို မီးပျံ့နှံ့ လောင်ကျွမ်းခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဘိုရင်းလေယာဉ်ဟာ လေဆိပ်မှ နံနက် ၇ နာရီ ၄၃ မိနစ်မှာ ပျံတက် ခဲ့ပြီး လေယာဉ်အင်ဂျင် နဲ့ ငှက်အုပ်နဲ့တိုက်မိမှုက နံနက် ၈ နာရီမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် လေကြောင်းအာဏာပိုင်အဖွဲ့ က ပြောပါတယ်။
အဆိုပါလေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်းများအပါအဝင် လူပေါင်း ၁၇၃ ဦးလိုက်ပါခဲ့ကြောင်း၊ လေယာဉ် မီးလောင်မှုဖြစ်ပွားခဲ့ရပေမယ့်လည်း ဒဏ်ရာရသူမရှိခဲ့ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများ က ပြောပါတယ်။ ခရီးသည်တစ်ဦးက လေယာဉ်စီးနင်းနေချိန်အတွင်း ကျယ်လောင်တဲ့အသံကြီးကို ကြားခဲ့ရတဲ့အတွက် ကြည့်ရှုမိချိန် မှာ ငှက်နဲ့ လေယာဉ်အင်ဂျင်တိုက်မိခဲ့ခြင်းကို သိရှိခဲ့ကြောင်း ဆိုပါတယ်။
၎င်းက "ကျွန်တော်တို့လေယာဉ်ဟာ ငှက်အုပ်နဲ့ တိုက်မိခဲ့လို့ လေယာဉ်အင်ဂျင်ဟာ အလွန်ကျယ်လောင်တဲ့ ဆူညံသံ တွေ ကြားခဲ့ရတယ်။ အင်ဂျင်တွေကို ပိတ်ပြီး လေဆိပ်ကိုပြန်ခဲ့ရတယ်။ သွားရမယ့်နေရာကို ဆက်မသွားနိုင်တော့ ဘူး" လို့ ပြောပါတယ်။
အမေရိကန်လေယာဉ်တွေဟာ ငှက်အုပ်စုနဲ့ မကြာခဏ ဝင်တိုက်မှုများဖြစ်ပွားခဲ့ပြီး လေယာဉ်အတွက် အလွန် အန္တရာယ်ရှိတဲ့အခြေအနေများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း၊ လေယာဉ် နဲ့ ငှက်အုပ်စု တိုက်မိမှုကြောင့် အနည်းဆုံး လူပေါင်း ၃၅ဝ ကျော်သေဆုံးခဲ့ဖူးကြောင်း အမေရိကန်လေယာဉ်မှုးများနဲ့ လေယာဉ်ပိုင်ရှင်များ က ဆိုပါတယ်။

Zawgyi Version;
အေမရိကန္ခရီးသည္တင္ေလယာဥ္တစ္စီး ငွက္အုပ္ကို ဝင္တိုက္မိတဲ့အတြက္ မီးေလာင္မႈျဖစ္ပြား
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၄
အေမရိကန္ခရီးသည္တင္ေလယာဥ္တစ္စီးဟာ ဧၿပီ ၂၃ ရက္က ငွက္အုပ္နဲ႔တိုက္မိခဲ့ၿပီးေနာက္ မီးေလာင္မႈမ်ား ျဖစ္ပြားခဲ့ၿပီး သြားရမယ့္ခရီးစဥ္ကို သြားႏိုင္ခဲ့ျခင္း မရွိေၾကာင္း သိရပါတယ္။
အေမရိကန္ႏိုင္ငံ အိုဟိုင္း႐ိုင္းျပည္နယ္ John Glenn Columbus ေလဆိပ္မွာ Boeing 737-800 ေလယာဥ္ဟာ ပ်ံတက္ခဲ့ၿပီးေနာက္ မၾကာမီ ေလယာဥ္အင္ဂ်င္ နဲ႔ ငွက္တစ္ေကာက္တိုက္မိခဲ့ေၾကာင္း၊ ေလယာဥ္ မီးေလာင္မႈ ေၾကာင့္ အရီဇိုးနားျပည္နယ္ကို သြားေရာက္မယ့္ခရီးစဥ္ကို သြားေရာက္ႏိုင္ျခင္း မရွိခဲ့ေၾကာင္း သိရပါတယ္။
႐ုပ္သံဖိုင္မ်ားထဲမွာ ေလယာဥ္အင္ဂ်င္ မီးေလာင္မႈခဲ့ရာကေန ေလယာဥ္ ညာေတာင္ပံဘက္ျခမ္းကို မီးပ်ံ႕ႏွံ႔ ေလာင္ကြၽမ္းခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။ ဘိုရင္းေလယာဥ္ဟာ ေလဆိပ္မွ နံနက္ ၇ နာရီ ၄၃ မိနစ္မွာ ပ်ံတက္ ခဲ့ၿပီး ေလယာဥ္အင္ဂ်င္ နဲ႔ ငွက္အုပ္နဲ႔တိုက္မိမႈက နံနက္ ၈ နာရီမွာ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အေမရိကန္ ေလေၾကာင္းအာဏာပိုင္အဖြဲ႕ က ေျပာပါတယ္။
အဆိုပါေလယာဥ္ေပၚမွာ ေလယာဥ္အမႈထမ္းမ်ားအပါအဝင္ လူေပါင္း ၁၇၃ ဦးလိုက္ပါခဲ့ေၾကာင္း၊ ေလယာဥ္ မီးေလာင္မႈျဖစ္ပြားခဲ့ရေပမယ့္လည္း ဒဏ္ရာရသူမရွိခဲ့ေၾကာင္း အေမရိကန္အစိုးရတာဝန္ရွိသူမ်ား က ေျပာပါတယ္။ ခရီးသည္တစ္ဦးက ေလယာဥ္စီးနင္းေနခ်ိန္အတြင္း က်ယ္ေလာင္တဲ့အသံႀကီးကို ၾကားခဲ့ရတဲ့အတြက္ ၾကည့္ရႈမိခ်ိန္ မွာ ငွက္နဲ႔ ေလယာဥ္အင္ဂ်င္တိုက္မိခဲ့ျခင္းကို သိရွိခဲ့ေၾကာင္း ဆိုပါတယ္။
၎က "ကြၽန္ေတာ္တို႔ေလယာဥ္ဟာ ငွက္အုပ္နဲ႔ တိုက္မိခဲ့လို႔ ေလယာဥ္အင္ဂ်င္ဟာ အလြန္က်ယ္ေလာင္တဲ့ ဆူညံသံ ေတြ ၾကားခဲ့ရတယ္။ အင္ဂ်င္ေတြကို ပိတ္ၿပီး ေလဆိပ္ကိုျပန္ခဲ့ရတယ္။ သြားရမယ့္ေနရာကို ဆက္မသြားႏိုင္ေတာ့ ဘူး" လို႔ ေျပာပါတယ္။
အေမရိကန္ေလယာဥ္ေတြဟာ ငွက္အုပ္စုနဲ႔ မၾကာခဏ ဝင္တိုက္မႈမ်ားျဖစ္ပြားခဲ့ၿပီး ေလယာဥ္အတြက္ အလြန္ အႏၲရာယ္ရွိတဲ့အေျခအေနမ်ား မၾကာခဏျဖစ္ပြားေလ့ရွိေၾကာင္း၊ ေလယာဥ္ နဲ႔ ငွက္အုပ္စု တိုက္မိမႈေၾကာင့္ အနည္းဆုံး လူေပါင္း ၃၅ဝ ေက်ာ္ေသဆုံးခဲ့ဖူးေၾကာင္း အေမရိကန္ေလယာဥ္မႈးမ်ားနဲ႔ ေလယာဥ္ပိုင္ရွင္မ်ား က ဆိုပါတယ္။