စနစ်ဟောင်းဖြင့် နောက်ဆုံးဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းမှလွဲ၍ KG မှ Grade-11 အထိ စာမေးပွဲအောင်စာရင်းများကို ဧပြီလ(၂၇)ရက်၌ ကြေညာမည်

1372

ယွန်း (NP News) - ဧပြီ ၂၄
KG မှ Grade-11 အထိ စာမေးပွဲဖြေဆိုထားသည့် ကျောင်းသားများ၏ အောင်စာရင်းများကို လာမည့် ဧပြီလ (၂၇ ရက်)တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အောင်စာရင်းများကို ဧပြီလ(၂၇)ရက်၊ နံနက်(၆)နာရီအချိန်တွင် ထုတ်ပြန်သွားမည်ဖြစ်ပြီး KG မှ Grade-11 အထိ ကျောင်းသားများ၏ အောင်ချက်သည် ရာနှုန်းပြည့်နီးပါး ကောင်းမွန်ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။
သို့သော် အဆိုပါ အောင်စာရင်းထုတ်ပြန်ချက်များတွင် စနစ်ဟောင်းဖြင့် ဖြေဆိုထားသည့် (၁ဝ)တန်းကျောင်းသားများ ပါဝင်မည် မဟုတ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် စာမေးပွဲတွင် (၁ဝ)တန်းစာမေးပွဲကို ဖြေဆိုသူစုစုပေါင်း(၂၈၁၇၅၁)ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအောင်ချက် ရာခိုင်နှုန်းသည် (၄၆ ဒသမ ၈၈) ရာခိုင်နှုန်းဖြင့် အောင်မြင်သူ(၁၃၁ဝ၇၇)ဦး ရှိခဲ့သည်။
ယခု ၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်မှစတင်ကာ မတ်လ(၁၈)ရက်အထိ ကျင်းပခဲ့ခြင်ဖြစ်ပြီး စာမေးပွဲဖြေဆိုရန် လျှောက်လွှာတင်သူပေါင်း (၁၇၉၇၄၂)ဦးရှိခဲ့သည်။
မြန်မာစာ စတင်ဖြေဆိုခဲ့သည့်နေ့တွင် လာရောက်ဖြေဆိုသူဦးရေ စုစုပေါင်း (၁၆၁၈၅၁)ဦးရှိခဲ့ပြီး ဖြေဆိုသည့် ရာခိုင်နှုန်း (၉ဝ)ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။
အဆိုပါစာမေးပွဲသည် စနစ်ဟောင်း၊ သင်ရိုးဟောင်းဖြင့် နောက်ဆုံးအကြိမ်စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲဖြစ်သည်။
လက်ရှိတွင် စနစ်ဟောင်း(၁ဝ)တန်းစာမေးပွဲအတွက် အောင်စာရင်းထွက်မည့်ရက်ကို အတိအကျမသိရှိရသေးပေ။
လာမည့် ၂ဝ၂၃ – ၂ဝ၂၄ ခုနှစ် ပညာသင်နှစ်တွင် စနစ်သစ်ပညာရေးဖြစ်သည့် KG + 12 ကို စတင်သင် ကြားမည်ဖြစ်သည့်အတွက် လာမည့် ဧပြီလ(၂၇)ရက်တွင် အောင်စာရင်းထွက်ရှိသည့် ကျောင်းသား/ကျောင်းသူများသည် စနစ်သစ်ပညာရေးကို ဆက်လက်သင်ကြားရမည်ဖြစ်သည်။

zawgyi version
စနစ္ေဟာင္းျဖင့္ ေနာက္ဆုံးေျဖဆိုခဲ့သည့္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္းမွလြဲ၍ KG မွ Grade-11 အထိ စာေမးပြဲေအာင္စာရင္းမ်ားကို ဧၿပီလ(၂၇)ရက္၌ ေၾကညာမည္
ယြန္း (NP News) - ဧၿပီ ၂၄
KG မွ Grade-11 အထိ စာေမးပြဲေျဖဆိုထားသည့္ ေက်ာင္းသားမ်ား၏ ေအာင္စာရင္းမ်ားကို လာမည့္ ဧၿပီလ (၂၇ ရက္)တြင္ ထုတ္ျပန္ေၾကညာသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။
အဆိုပါ ေအာင္စာရင္းမ်ားကို ဧၿပီလ(၂၇)ရက္၊ နံနက္(၆)နာရီအခ်ိန္တြင္ ထုတ္ျပန္သြားမည္ျဖစ္ၿပီး KG မွ Grade-11 အထိ ေက်ာင္းသားမ်ား၏ ေအာင္ခ်က္သည္ ရာႏႈန္းျပည့္နီးပါး ေကာင္းမြန္ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
သို႔ေသာ္ အဆိုပါ ေအာင္စာရင္းထုတ္ျပန္ခ်က္မ်ားတြင္ စနစ္ေဟာင္းျဖင့္ ေျဖဆိုထားသည့္ (၁ဝ)တန္းေက်ာင္းသားမ်ား ပါဝင္မည္ မဟုတ္ေၾကာင္းသိရသည္။
ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္ စာေမးပြဲတြင္ (၁ဝ)တန္းစာေမးပြဲကို ေျဖဆိုသူစုစုေပါင္း(၂၈၁၇၅၁)ဦးရွိခဲ့ၿပီး တစ္ႏိုင္ငံလုံးေအာင္ခ်က္ ရာခိုင္ႏႈန္းသည္ (၄၆ ဒသမ ၈၈) ရာခိုင္ႏႈန္းျဖင့္ ေအာင္ျမင္သူ(၁၃၁ဝ၇၇)ဦး ရွိခဲ့သည္။
ယခု ၂ဝ၂၃ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို မတ္လ(၈)ရက္မွစတင္ကာ မတ္လ(၁၈)ရက္အထိ က်င္းပခဲ့ျခင္ျဖစ္ၿပီး စာေမးပြဲေျဖဆိုရန္ ေလွ်ာက္လႊာတင္သူေပါင္း (၁၇၉၇၄၂)ဦးရွိခဲ့သည္။
ျမန္မာစာ စတင္ေျဖဆိုခဲ့သည့္ေန႔တြင္ လာေရာက္ေျဖဆိုသူဦးေရ စုစုေပါင္း (၁၆၁၈၅၁)ဦးရွိခဲ့ၿပီး ေျဖဆိုသည့္ ရာခိုင္ႏႈန္း (၉ဝ)ရာခိုင္ႏႈန္း ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါစာေမးပြဲသည္ စနစ္ေဟာင္း၊ သင္႐ိုးေဟာင္းျဖင့္ ေနာက္ဆုံးအႀကိမ္စစ္ေဆးခဲ့သည့္ တကၠသိုလ္ဝင္စာေမးပြဲျဖစ္သည္။
လက္ရွိတြင္ စနစ္ေဟာင္း(၁ဝ)တန္းစာေမးပြဲအတြက္ ေအာင္စာရင္းထြက္မည့္ရက္ကို အတိအက်မသိရွိရေသးေပ။
လာမည့္ ၂ဝ၂၃ – ၂ဝ၂၄ ခုႏွစ္ ပညာသင္ႏွစ္တြင္ စနစ္သစ္ပညာေရးျဖစ္သည့္ KG + 12 ကို စတင္သင္ ၾကားမည္ျဖစ္သည့္အတြက္ လာမည့္ ဧၿပီလ(၂၇)ရက္တြင္ ေအာင္စာရင္းထြက္ရွိသည့္ ေက်ာင္းသား/ေက်ာင္းသူမ်ားသည္ စနစ္သစ္ပညာေရးကို ဆက္လက္သင္ၾကားရမည္ျဖစ္သည္။