သေဒဏ်ဖျက်သိမ်းဖို့ တောင်းဆိုနေပေမယ့် ဆေးခြောက်တင်သွင်းဖို့ ကြိုးပမ်းသူကို စင်ကာပူတရားရုံး ကြိုးမိန့်သေဒဏ် ချမှတ်

738

ဂျန်ဇက် (NP News) - ဧပြီ ၂၆
စင်ကာပူနိုင်ငံဟာ ဧပြီ ၂၆ ရက်မှာ ဆေးခြောက် တစ်ကီလိုဂရမ်ကို နိုင်ငံအတွင်းကို တင်သွင်းဖို့ ကြိုးပမ်းမှုကြောင့် ဖမ်းဆီးခံထားရတဲ့ အကျဉ်းသားတစ်ဦးကို ကြိုးမိန့်ချ သေဒဏ်အပြစ်ပေးလိုက်ကြောင်း ကြောင်းသိရပါတယ်။
သေဒဏ်အပြစ်ပေးမှုများကို ဖျက်သိမ်းဖို့ နိုင်ငံတကာလူအခွင့်အရေးအဖွဲ့အစည်းများက တောင်းဆိုနေချိန်မှာ စင်ကာပူနိုင်ငံက အခုလိုမျိုး သေဒဏ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါသေဒဏ်ပေးမယ့်အစီအစဉ်ကို ပြန်စဉ်းစားဖို့ ကုလသမဂ္ဂလူအခွင့်အရေးရုံး နဲ့ ဗြိတိန်သူဋ္ဌေးကြီး ရစ်ချက်ဘရမ်ဆန်တို့က တိုက်တွန်းတောင်းဆိုခဲ့ ပေမယ့်လည်း စင်ကာပူအစိုးရက အမိန့်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
စင်ကာပူ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက "အသက် ၄၆ နှစ်အရွယ်ရှိ စင်ကာပူနိုင်ငံသား Tangaraju Suppiah ကို ဧပြီ ၂၆ ရက်မှာ သေဒဏ်အပြစ်ပေးလိုက်ပါတယ်။ သူ့ကို Changi Prison အကျဉ်းထောင်မှာ ကြိုးမိန့် ချမှတ်ခဲ့တာပါ" လို့ ပြောပါတယ်။
အဆိုပါ စင်ကာပူနိုင်ငံသားဟာ ၂ဝ၁၇ ခုနှစ်က ဆေးခြောက် ၁ဝ၁၇ ဒသမ ၉ ဂရမ်ကို နိုင်ငံအတွင်းကို ယူဆောင်ဖို့ ကြိုးပမ်းခဲ့ရာမှ ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။ အဆိုပါ စင်ကာပူနိုင်ငံသား ယူဆောင်လာတဲ့ ဆေးခြောက် အလေးချိန်ဟာ စင်ကာပူနိုင်ငံမှာ သေဒဏ် အပြစ်ပေးနိုင်တဲ့ ပမာဏထက် နှစ်ဆများနေကြောင်း သိရပါတယ်။
စင်ကာပူတရားရုံးဟာ ၎င်းကို ၂ဝ၁၈ ခုနှစ်မှာ သေဒဏ်အမိန့်ချမှတ်ခဲ့ပေမယ့်လည်း အယူခံတရားရုံးက အမှုကို ထပ်မံစစ်ဆေးခဲ့ပြီးနောက် သေဒဏ်အမိန့်ကို အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ စင်ကာပူပြည်ထဲရေး ဝန်ကြီးက Tangaraju Suppiah ဟာ နိုင်ငံအတွင်းကို ဆေးခြောက် တင်သွင်းဖို့ ကြိုးပမ်းခဲ့တာကို သက်သေထင်ရှား ခဲ့ကြောင်း ပြောပါတယ်။

Zawgyi Version;
ေသဒဏ္ဖ်က္သိမ္းဖို႔ ေတာင္းဆိုေနေပမယ့္ ေဆးေျခာက္တင္သြင္းဖို႔ ႀကိဳးပမ္းသူကို စင္ကာပူတရား႐ုံး ႀကိဳးမိန႔္ေသဒဏ္ ခ်မွတ္
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၆
စင္ကာပူႏိုင္ငံဟာ ဧၿပီ ၂၆ ရက္မွာ ေဆးေျခာက္ တစ္ကီလိုဂရမ္ကို ႏိုင္ငံအတြင္းကို တင္သြင္းဖို႔ ႀကိဳးပမ္းမႈေၾကာင့္ ဖမ္းဆီးခံထားရတဲ့ အက်ဥ္းသားတစ္ဦးကို ႀကိဳးမိန႔္ခ် ေသဒဏ္အျပစ္ေပးလိုက္ေၾကာင္း ေၾကာင္းသိရပါတယ္။
ေသဒဏ္အျပစ္ေပးမႈမ်ားကို ဖ်က္သိမ္းဖို႔ ႏိုင္ငံတကာလူအခြင့္အေရးအဖြဲ႕အစည္းမ်ားက ေတာင္းဆိုေနခ်ိန္မွာ စင္ကာပူႏိုင္ငံက အခုလိုမ်ိဳး ေသဒဏ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ အဆိုပါေသဒဏ္ေပးမယ့္အစီအစဥ္ကို ျပန္စဥ္းစားဖို႔ ကုလသမဂၢလူအခြင့္အေရး႐ုံး နဲ႔ ၿဗိတိန္သူေ႒းႀကီး ရစ္ခ်က္ဘရမ္ဆန္တို႔က တိုက္တြန္းေတာင္းဆိုခဲ့ ေပမယ့္လည္း စင္ကာပူအစိုးရက အမိန႔္ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့တယ္လို႔ သိရပါတယ္။
စင္ကာပူ အက်ဥ္းဦးစီးဌာနက တာဝန္ရွိသူတစ္ဦးက "အသက္ ၄၆ ႏွစ္အ႐ြယ္ရွိ စင္ကာပူႏိုင္ငံသား Tangaraju Suppiah ကို ဧၿပီ ၂၆ ရက္မွာ ေသဒဏ္အျပစ္ေပးလိုက္ပါတယ္။ သူ႔ကို Changi Prison အက်ဥ္းေထာင္မွာ ႀကိဳးမိန႔္ ခ်မွတ္ခဲ့တာပါ" လို႔ ေျပာပါတယ္။
အဆိုပါ စင္ကာပူႏိုင္ငံသားဟာ ၂ဝ၁၇ ခုႏွစ္က ေဆးေျခာက္ ၁ဝ၁၇ ဒသမ ၉ ဂရမ္ကို ႏိုင္ငံအတြင္းကို ယူေဆာင္ဖို႔ ႀကိဳးပမ္းခဲ့ရာမွ ဖမ္းဆီးခံခဲ့ရေၾကာင္း သိရပါတယ္။ အဆိုပါ စင္ကာပူႏိုင္ငံသား ယူေဆာင္လာတဲ့ ေဆးေျခာက္ အေလးခ်ိန္ဟာ စင္ကာပူႏိုင္ငံမွာ ေသဒဏ္ အျပစ္ေပးႏိုင္တဲ့ ပမာဏထက္ ႏွစ္ဆမ်ားေနေၾကာင္း သိရပါတယ္။
စင္ကာပူတရား႐ုံးဟာ ၎ကို ၂ဝ၁၈ ခုႏွစ္မွာ ေသဒဏ္အမိန႔္ခ်မွတ္ခဲ့ေပမယ့္လည္း အယူခံတရား႐ုံးက အမႈကို ထပ္မံစစ္ေဆးခဲ့ၿပီးေနာက္ ေသဒဏ္အမိန႔္ကို အတည္ျပဳေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ စင္ကာပူျပည္ထဲေရး ဝန္ႀကီးက Tangaraju Suppiah ဟာ ႏိုင္ငံအတြင္းကို ေဆးေျခာက္ တင္သြင္းဖို႔ ႀကိဳးပမ္းခဲ့တာကို သက္ေသထင္ရွား ခဲ့ေၾကာင္း ေျပာပါတယ္။