အမေရိကန်ဒေါ်လာကို အကြမ်းဖက်ငွေကြေးအဖြစ် အိန္ဒိယဘဏ်လုပ်ငန်းရှင် ဝေဖန်ပြောဆို

1712

Pika (NP News) - မေ ၁
အမေရိကန်ဒေါ်လာသည် အရန်ငွေကြေးအဖြစ် အင်အားကြီးလွန်းနေပြီး ကမ္ဘာကြီးသည် အခြားရွေးချယ်စရာ အရန် ငွေကြေးတစ်ခုကို လိုအပ်နေကြောင်း Kotak Mahindra Bank ၏ စီအီးအိုနှင့် ဘီလျံနာဖြစ်သူ Uday Kotak က ထုတ်ဖော်ပြောဆိုခဲ့သည်။
Kotak Mahindra Bank ၏ စီအီးအိုနှင့် ဘီလျံနာဖြစ်သူ Uday Kotak သည် Economic Times Awards for Corporate Excellence 2023 ပွဲတွင် အမေရိကန်ဒေါ်လာကို ကမ္ဘာ့အကြီးဆုံးအကြမ်းဖက်ငွေကြေး အဖြစ် ဝေဖန်ပြောဆိုခဲ့ကြောင်း သိရသည်။ ကမ္ဘာလုံးဆိုင်ရာပိုင်ဆိုင်မှုအများစုကို အမေရိကန်ဘဏ်များနှင့် nostro အကောင့်များတွင် ဒေါ်လာဖြင့် သိမ်းဆည်းထားသောကြောင့် ၎င်းတို့သည် အမေရိကန်ဘဏ်လုပ်ငန်းရှင်များနှင့် အာဏာပိုင်များ၏ ဆုံးဖြတ်ချက်များပေါ် တွင် မူတည်နေကြောင်း Uday Kotak က ပြောကြားခဲ့သည်။
Uday Kotak က "မနက်ဖန် မနက်ကနေစပြီး ဒီငွေတွေကို ထုတ်လို့မရတော့ဖူးလို့ အမေရိကန်နိုင်ငံက တစ်စုံတစ်ယောက် က ပြောနိုင်ပါတယ်။ ဒါဟာ အရန်ငွေကြေးရဲ့စွမ်းအားပါပဲ" ဟု ပြောဆိုခဲ့သည်။
ထို့ကြောင့် ကမ္ဘာကြီးသည် အခြားအရန်ငွေကြေးတစ်ခုကို ရှာဖွေရန်လိုအပ်နေသလို အိန္ဒိယသည် ၎င်း၏ ကိုယ်ပိုင်ငွေကြေး ဖြစ်သည့် ရူပီးကို အရန်ငွေကြေးအဖြစ် ပြုလုပ်နိုင်မည့်အခွင့်အရေးကို အရယူသင့်ကြောင်း ၎င်းက အကြုံပြုပြောဆိုခဲ့သည်။
၎င်းက "အိန္ဒိယငွေကြေး ရူပီးကို အရန်ငွေကြေးအဖြစ် လုပ်နိုင်ဖို့က ကျွန်တော်တို့အတွက် ဆယ်နှစ်လောက် ကြာနိုင်ပါ တယ်၊၊ ဒါပေမယ့် အခုတော့ အချိန်ခနအတွင်းလုပ်နိုင်မယ့် အခွင့်အရေးရှိလာပါပြီ။ ဒီရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ဖို့အတွက် အိန္ဒိယဟာ ခိုင်မာတဲ့ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ မူဘောင်ကိုတည်ဆောက်ပြီး အခြားနိုင်ငံကြီးတွေရဲ့ ယုံကြည်မှုကို ရယူရမှာဖြစ်ပါတယ်။ ကမ္ဘာ့အရန်ငွေကြေးအတွက် ရူပီးနဲ့ ပြိုင်မယ့် အားကောင်းတဲ့ အခြားငွေကြေးတစ်ခုကို လည်း မတွေ့မိပါဘူး။ ဥရောပကလည်း ကွဲလွဲမှုတွေရှိနေတဲ့အတွက် သူတို့ရဲ့ငွေကြေးကို အရန်ငွေကြေးအဖြစ် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ ဗြိတိန်နဲ့ ဂျပန်တို့ကလည်း သူတို့ရဲ့နိုင်ငံသုံးငွေကြေးတွေကို အရန်ငွေကြေးအဖြစ် လုပ်နိုင်မှာ မဟုတ်ဖူးလို့ ကျွန်တော်ထင်ပါတယ်။ တရုတ်နိုင်ငံကတော့ ကမ္ဘာတစ်ဝန်းက နိုင်ငံအများအပြားနဲ့ ယုံကြည်မှုဆိုင်ရာ ပြဿနာတွေ ရှိနေပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
အေမရိကန္ေဒၚလာကို အၾကမ္းဖက္ေငြေၾကးအျဖစ္ အိႏၵိယဘဏ္လုပ္ငန္းရွင္ ေဝဖန္ေျပာဆို
Pika (NP News) - ေမ ၁
အေမရိကန္ေဒၚလာသည္ အရန္ေငြေၾကးအျဖစ္ အင္အားႀကီးလြန္းေနၿပီး ကမာၻႀကီးသည္ အျခားေ႐ြးခ်ယ္စရာ အရန္ ေငြေၾကးတစ္ခုကို လိုအပ္ေနေၾကာင္း Kotak Mahindra Bank ၏ စီအီးအိုႏွင့္ ဘီလ်ံနာျဖစ္သူ Uday Kotak က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
Kotak Mahindra Bank ၏ စီအီးအိုႏွင့္ ဘီလ်ံနာျဖစ္သူ Uday Kotak သည္ Economic Times Awards for Corporate Excellence 2023 ပြဲတြင္ အေမရိကန္ေဒၚလာကို ကမာၻ႔အႀကီးဆုံးအၾကမ္းဖက္ေငြေၾကး အျဖစ္ ေဝဖန္ေျပာဆိုခဲ့ေၾကာင္း သိရသည္။ ကမာၻလုံးဆိုင္ရာပိုင္ဆိုင္မႈအမ်ားစုကို အေမရိကန္ဘဏ္မ်ားႏွင့္ nostro အေကာင့္မ်ားတြင္ ေဒၚလာျဖင့္ သိမ္းဆည္းထားေသာေၾကာင့္ ၎တို႔သည္ အေမရိကန္ဘဏ္လုပ္ငန္းရွင္မ်ားႏွင့္ အာဏာပိုင္မ်ား၏ ဆုံးျဖတ္ခ်က္မ်ားေပၚ တြင္ မူတည္ေနေၾကာင္း Uday Kotak က ေျပာၾကားခဲ့သည္။
Uday Kotak က "မနက္ဖန္ မနက္ကေနစၿပီး ဒီေငြေတြကို ထုတ္လို႔မရေတာ့ဖူးလို႔ အေမရိကန္ႏိုင္ငံက တစ္စုံတစ္ေယာက္ က ေျပာႏိုင္ပါတယ္။ ဒါဟာ အရန္ေငြေၾကးရဲ႕စြမ္းအားပါပဲ" ဟု ေျပာဆိုခဲ့သည္။
ထို႔ေၾကာင့္ ကမာၻႀကီးသည္ အျခားအရန္ေငြေၾကးတစ္ခုကို ရွာေဖြရန္လိုအပ္ေနသလို အိႏၵိယသည္ ၎၏ ကိုယ္ပိုင္ေငြေၾကး ျဖစ္သည့္ ႐ူပီးကို အရန္ေငြေၾကးအျဖစ္ ျပဳလုပ္ႏိုင္မည့္အခြင့္အေရးကို အရယူသင့္ေၾကာင္း ၎က အႀကဳံျပဳေျပာဆိုခဲ့သည္။
၎က "အိႏၵိယေငြေၾကး ႐ူပီးကို အရန္ေငြေၾကးအျဖစ္ လုပ္ႏိုင္ဖို႔က ကြၽန္ေတာ္တို႔အတြက္ ဆယ္ႏွစ္ေလာက္ ၾကာႏိုင္ပါ တယ္၊၊ ဒါေပမယ့္ အခုေတာ့ အခ်ိန္ခနအတြင္းလုပ္ႏိုင္မယ့္ အခြင့္အေရးရွိလာပါၿပီ။ ဒီရည္မွန္းခ်က္ကို အေကာင္အထည္ ေဖာ္ႏိုင္ဖို႔အတြက္ အိႏၵိယဟာ ခိုင္မာတဲ့ဘ႑ာေရးအဖြဲ႕အစည္းေတြနဲ႔ မူေဘာင္ကိုတည္ေဆာက္ၿပီး အျခားႏိုင္ငံႀကီးေတြရဲ႕ ယုံၾကည္မႈကို ရယူရမွာျဖစ္ပါတယ္။ ကမာၻ႔အရန္ေငြေၾကးအတြက္ ႐ူပီးနဲ႔ ၿပိဳင္မယ့္ အားေကာင္းတဲ့ အျခားေငြေၾကးတစ္ခုကို လည္း မေတြ႕မိပါဘူး။ ဥေရာပကလည္း ကြဲလြဲမႈေတြရွိေနတဲ့အတြက္ သူတို႔ရဲ႕ေငြေၾကးကို အရန္ေငြေၾကးအျဖစ္ လုပ္ႏိုင္မွာ မဟုတ္ပါဘူး။ ၿပီးေတာ့ ၿဗိတိန္နဲ႔ ဂ်ပန္တို႔ကလည္း သူတို႔ရဲ႕ႏိုင္ငံသုံးေငြေၾကးေတြကို အရန္ေငြေၾကးအျဖစ္ လုပ္ႏိုင္မွာ မဟုတ္ဖူးလို႔ ကြၽန္ေတာ္ထင္ပါတယ္။ တ႐ုတ္ႏိုင္ငံကေတာ့ ကမာၻတစ္ဝန္းက ႏိုင္ငံအမ်ားအျပားနဲ႔ ယုံၾကည္မႈဆိုင္ရာ ျပႆနာေတြ ရွိေနပါတယ္" ဟု ေျပာဆိုခဲ့သည္။