အမျိုးအမည်မသိ အခြားအရာဝတ္ထုတစ်ခုကို ခြေရာခံလိုက်ခဲ့ဟု အမေရိကန်ဆို

2321

Pika (NP News) - မေ ၂
အမေရိကန်စစ်တပ်သည် ပစိဖိတ်သမုဒ္ဒရာအတွင်းပျံသန်းနေသော အမျိုးအမည်မသိအရာဝတ္ထုတစ်ခုကို ခြေရာခံလိုက် ခဲ့ကြောင်း အမည်မဖော်လိုသော အမေရိကန်အရာရှိ သုံးဦး၏ ပြောကြားချက်ကို ကိုးကားပြီး NBC သတင်းက ဖော်ပြခဲ့ သည်။
လျှို့ဝှက်ဆန်းကြယ်သော မီးပုံးပျံဟု ဖော်ပြထားသောအရာသည် ဟာဝိုင်အီကို ဖြတ်ကျော်ပျံသန်းခဲ့ပြီး မက္ကဆီကိုနိုင်ငံ သို့ ဦးတည်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းအရာဝတ္ထုသည် မည်သည့်အရာ ဖြစ်နိုင်သည် ဆိုသည့်အချက်နှင့် မည်သည့်နိုင်ငံက ပိုင်သည်ဆိုသည့်အချက်တို့ကို အတိအကျမသိရှိရသေးကြောင်း အမည်မဖော်လို သော အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။
အမျိုးအမည်မသိအရာဝတ္ထု၏ ပျံသန်းမှုလမ်းကြောင်းသည် စစ်ဖက်ဆိုင်ရာနယ်မြေများကို ဖြတ်ကျော်သွားခြင်းမျိုး မရှိ ကြောင်း သိရသည်။ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်သည် ပြီးခဲ့သည့်သီတင်းပတ်ကတည်းက အဆိုပါအရာဝတ္ထုကို ခြေရာခံလိုက်နေခဲ့ခြင်းဖြစ်ပြီး ၎င်းသည် လေကြောင်းပျံသန်းမှုများ (သို့မဟုတ်) အမေရိကန်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုများ မရှိကြောင်း စစ်တပ်တာဝန်ရှိသူများ က ပြောကြားခဲ့သည်။
သံသယဖြစ်ဖွယ်ကောင်းသော အရာဝတ္ထုသည် အချက်ပြမှုတစ်စုံတစ်ရာ ပေးပို့ခြင်းမျိုးကိုလည်း မတွေ့မိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အမေရိကန်သည် အမျိုးအမည်မသိအရာဝတ္ထု နှင့် ၎င်း၏ ပိုင်ရှင်ကို ဖော်ထုတ် ရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
ထို့အပြင် အမေရိကန်စစ်တပ်က ယင်းအရာဝတ္ထုသည် တရုတ်နိုင်ငံက ပိုင်ဆိုင်သည့်အရာဝတ္ထုတစ်ခုအဖြစ် ယုံကြည် ခြင်းမျိုး မရှိကြောင်း သိရသည်။ အမေရိကန်စစ်တပ်သည် တောင်ကာရိုလိုင်းနားကမ်းခြေတွင် တရုတ်၏ စပိုင်မီးပုံးပျံကို ပစ်ချပြီးနောက် သုံးလအကြာတွင် အမေရိကန်လေပိုင်နက်အတွင်း နောက်ထပ်အမျိုးအမည်မသိ အရာဝတ္ထုတစ်ခု ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် သုံးလခန့်က တရုတ်၏ စပိုင်မီးပုံးပျံကို မွန်တာနာပြည်နယ် မြောက်ပိုင်းတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အမေရိကန်၏ နျူကလီးယားစက်ရုံနှင့်ပတ်သက်ပြီး တရုတ်က သူလျှိုလုပ်မည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။
ယင်းအရာဝတ္ထုသည် အမေရိကတိုက်တစ်ခုလုံးကို ဖြတ်ကျော်ပျံသန်းခဲ့ပြီးနောက် တောင်ကာရိုလိုင်းနားကမ်းခြေသို့ ရောက်ရှိချိန်တွင် အမေရိကန်စစ်တပ်က ပစ်ချရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံက မီးပုံးပျံသည် မိုးလေဝသဆိုင်ရာ မီးပုံးပျံတစ်ခုဖြစ်ပြီး သူလျှိုလုပ်ရန် အသုံးပြုခဲ့ခြင်း မဟုတ်ကြောင်း ပြန်လည်တုံ့ပြန် ပြောဆိုခဲ့သည်။
ထို့အပြင် အမေရိကန်က ပစ်ချလိုက်သော မီးပုံးပျံ၏ အပျက်အစီးများကို တရုတ်နိုင်ငံသို့ပြန်ပေးရန် တောင်းဆိုခဲ့ ကြောင်းလည်း သိရသည်။ အမေရိကန်သည် မီးပုံးပျံကိစ္စနှင့်ပတ်သက်ပြီး ပရောက်ဖက်ရှင်နယ်ကျကျ စဥ်းစားဆုံးဖြတ် လုပ်ဆောင်ခဲ့ခြင်းမျိုး မရှိကြောင်း တရုတ်နိုင်ငံက ဝေဖန်ပြောဆိုခဲ့သည်။
အမေရိကန်နှင့် ကနေဒါနိုင်ငံတို့သည် ၎င်းတို့၏ လေပိုင်နက်အတွင်းတွင် ပျံသန်းနေသော နောက်ထပ်အမျိုးအမည်မသိ အရာဝတ္ထုများကိုလည်း ပစ်ချခဲ့ကြောင်း သိရသည်။ ယင်းတို့အထဲမှ တစ်ခုသည် Michigan hobbyist society မှ အရုပ် မိုးပျံပူဖောင်းတစ်ခုဖြစ်ပြီး အပျော်လှည့်ပတ်သွားလာသည့် ဒေါ်လာ(၂ဝဝ) တန် မိုးပျံပူဖောင်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
အမေရိကန်သည် ဒေါ်လာ(၂ဝဝ) တန်မိုးပျံပူဖောင်းကို ပစ်ချရန်အတွက် အမေရိကန်ဒေါ်လာ အနည်းဆုံး (၄၇ဝဝဝဝ) တန် Sidewinder ဒုံးကျည်ကို အသုံးပြုခဲ့ကြောင်း သိရသည်။

Zawgyi Version;
အမ်ိဳးအမည္မသိ အျခားအရာဝတၳဳတစ္ခုကို ေျခရာခံလိုက္ခဲ့ဟု အေမရိကန္ဆို
Pika (NP News) - ေမ ၂
အေမရိကန္စစ္တပ္သည္ ပစိဖိတ္သမုဒၵရာအတြင္းပ်ံသန္းေနေသာ အမ်ိဳးအမည္မသိအရာဝတၳဳတစ္ခုကို ေျခရာခံလိုက္ ခဲ့ေၾကာင္း အမည္မေဖာ္လိုေသာ အေမရိကန္အရာရွိ သုံးဦး၏ ေျပာၾကားခ်က္ကို ကိုးကားၿပီး NBC သတင္းက ေဖာ္ျပခဲ့ သည္။
လွ်ိဳ႕ဝွက္ဆန္းၾကယ္ေသာ မီးပုံးပ်ံဟု ေဖာ္ျပထားေသာအရာသည္ ဟာဝိုင္အီကို ျဖတ္ေက်ာ္ပ်ံသန္းခဲ့ၿပီး မကၠဆီကိုႏိုင္ငံ သို႔ ဦးတည္ေနေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။ ယင္းအရာဝတၳဳသည္ မည္သည့္အရာ ျဖစ္ႏိုင္သည္ ဆိုသည့္အခ်က္ႏွင့္ မည္သည့္ႏိုင္ငံက ပိုင္သည္ဆိုသည့္အခ်က္တို႔ကို အတိအက်မသိရွိရေသးေၾကာင္း အမည္မေဖာ္လို ေသာ အေမရိကန္အရာရွိမ်ားက ေျပာၾကားခဲ့သည္။
အမ်ိဳးအမည္မသိအရာဝတၳဳ၏ ပ်ံသန္းမႈလမ္းေၾကာင္းသည္ စစ္ဖက္ဆိုင္ရာနယ္ေျမမ်ားကို ျဖတ္ေက်ာ္သြားျခင္းမ်ိဳး မရွိ ေၾကာင္း သိရသည္။ အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္သည္ ၿပီးခဲ့သည့္သီတင္းပတ္ကတည္းက အဆိုပါအရာဝတၳဳကို ေျခရာခံလိုက္ေနခဲ့ျခင္းျဖစ္ၿပီး ၎သည္ ေလေၾကာင္းပ်ံသန္းမႈမ်ား (သို႔မဟုတ္) အေမရိကန္အမ်ိဳးသားလုံၿခဳံေရးကို ၿခိမ္းေျခာက္မႈမ်ား မရွိေၾကာင္း စစ္တပ္တာဝန္ရွိသူမ်ား က ေျပာၾကားခဲ့သည္။
သံသယျဖစ္ဖြယ္ေကာင္းေသာ အရာဝတၳဳသည္ အခ်က္ျပမႈတစ္စုံတစ္ရာ ေပးပို႔ျခင္းမ်ိဳးကိုလည္း မေတြ႕မိေၾကာင္း တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့သည္။ အေမရိကန္သည္ အမ်ိဳးအမည္မသိအရာဝတၳဳ ႏွင့္ ၎၏ ပိုင္ရွင္ကို ေဖာ္ထုတ္ ရန္ စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ အေမရိကန္စစ္တပ္က ယင္းအရာဝတၳဳသည္ တ႐ုတ္ႏိုင္ငံက ပိုင္ဆိုင္သည့္အရာဝတၳဳတစ္ခုအျဖစ္ ယုံၾကည္ ျခင္းမ်ိဳး မရွိေၾကာင္း သိရသည္။ အေမရိကန္စစ္တပ္သည္ ေတာင္ကာ႐ိုလိုင္းနားကမ္းေျခတြင္ တ႐ုတ္၏ စပိုင္မီးပုံးပ်ံကို ပစ္ခ်ၿပီးေနာက္ သုံးလအၾကာတြင္ အေမရိကန္ေလပိုင္နက္အတြင္း ေနာက္ထပ္အမ်ိဳးအမည္မသိ အရာဝတၳဳတစ္ခု ထပ္မံထြက္ေပၚလာျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ သုံးလခန႔္က တ႐ုတ္၏ စပိုင္မီးပုံးပ်ံကို မြန္တာနာျပည္နယ္ ေျမာက္ပိုင္းတြင္ စတင္ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး အေမရိကန္၏ န်ဴကလီးယားစက္႐ုံႏွင့္ပတ္သက္ၿပီး တ႐ုတ္က သူလွ်ိဳလုပ္မည္ကို စိုးရိမ္မႈမ်ား ျဖစ္ေပၚေစခဲ့ေၾကာင္း သိရသည္။
ယင္းအရာဝတၳဳသည္ အေမရိကတိုက္တစ္ခုလုံးကို ျဖတ္ေက်ာ္ပ်ံသန္းခဲ့ၿပီးေနာက္ ေတာင္ကာ႐ိုလိုင္းနားကမ္းေျခသို႔ ေရာက္ရွိခ်ိန္တြင္ အေမရိကန္စစ္တပ္က ပစ္ခ်ရန္ အမိန႔္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ တ႐ုတ္ႏိုင္ငံက မီးပုံးပ်ံသည္ မိုးေလဝသဆိုင္ရာ မီးပုံးပ်ံတစ္ခုျဖစ္ၿပီး သူလွ်ိဳလုပ္ရန္ အသုံးျပဳခဲ့ျခင္း မဟုတ္ေၾကာင္း ျပန္လည္တုံ႔ျပန္ ေျပာဆိုခဲ့သည္။
ထို႔အျပင္ အေမရိကန္က ပစ္ခ်လိုက္ေသာ မီးပုံးပ်ံ၏ အပ်က္အစီးမ်ားကို တ႐ုတ္ႏိုင္ငံသို႔ျပန္ေပးရန္ ေတာင္းဆိုခဲ့ ေၾကာင္းလည္း သိရသည္။ အေမရိကန္သည္ မီးပုံးပ်ံကိစၥႏွင့္ပတ္သက္ၿပီး ပေရာက္ဖက္ရွင္နယ္က်က် စဥ္းစားဆုံးျဖတ္ လုပ္ေဆာင္ခဲ့ျခင္းမ်ိဳး မရွိေၾကာင္း တ႐ုတ္ႏိုင္ငံက ေဝဖန္ေျပာဆိုခဲ့သည္။
အေမရိကန္ႏွင့္ ကေနဒါႏိုင္ငံတို႔သည္ ၎တို႔၏ ေလပိုင္နက္အတြင္းတြင္ ပ်ံသန္းေနေသာ ေနာက္ထပ္အမ်ိဳးအမည္မသိ အရာဝတၳဳမ်ားကိုလည္း ပစ္ခ်ခဲ့ေၾကာင္း သိရသည္။ ယင္းတို႔အထဲမွ တစ္ခုသည္ Michigan hobbyist society မွ အ႐ုပ္ မိုးပ်ံပူေဖာင္းတစ္ခုျဖစ္ၿပီး အေပ်ာ္လွည့္ပတ္သြားလာသည့္ ေဒၚလာ(၂ဝဝ) တန္ မိုးပ်ံပူေဖာင္းတစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။
အေမရိကန္သည္ ေဒၚလာ(၂ဝဝ) တန္မိုးပ်ံပူေဖာင္းကို ပစ္ခ်ရန္အတြက္ အေမရိကန္ေဒၚလာ အနည္းဆုံး (၄၇ဝဝဝဝ) တန္ Sidewinder ဒုံးက်ည္ကို အသုံးျပဳခဲ့ေၾကာင္း သိရသည္။