ငွေသားကိုင်တွယ်သုံးစွဲမှုကို လျှော့ချပေးနိုင်မည့် Digital Payment Switch ကို ဗဟိုဘဏ် မိတ်ဆက်ခဲ့ပြီး ယခုနှစ်အတွင်း အသုံးပြုနိုင်ရန် စီစဉ်နေ

 843

မျိုးကြီး (NP News) - မေ ၁၆

ငွေသားကိုင်တွယ်သုံးစွဲမှုကို လျှော့ချပေးနိုင်မည့် Digital Payment Switch ကို ဗဟိုဘဏ်က ထုတ်ဖော်မိတ်ဆက်ခဲ့ပြီး ယခုနှစ်အတွင်း အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မေလ ၁၅ ရက်တွင် နေပြည်တော်၌ မြန်မာကြူအာ (Myanmar Quick Respond - MMQR) အသုံးပြု၍ ဒစ်ဂျစ်တယ်ငွေပေးချေမှုများ အပြန်အလှန်ချိတ်ဆက် ပေးချေနိုင်သည့် Digital Payment Switch ကို စတင်မိတ်ဆက် ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ မိတ်ဆက်ပွဲသို့ ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေ အပါအဝင် ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားဘဏ်ခွဲများအားလုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ငွေပေးချေမှုဆိုင်ရာမူဝါဒများနှင့်အညီ ဘဏ်များအကြား ပမာဏကြီးမားသော ငွေပေးချေမှုများအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ငွေရေးကြေးရေးကွန်ရက်စနစ်(CBM-NET)၊ ကတ်အချင်းချင်းချိတ်ဆက်ပေးချေနိုင်ရန်အတွက် မြန်မာငွေပေးချေမှုအဖွဲ့(MPU)ကို ဗဟိုဘဏ်က အကောင်အထည်ဖော်ဆောင် ရွက်ထားသည်။

ထို့ပြင် ဗဟိုဘဏ်အနေဖြင့် ယခုလက်ရှိ၌ QR Code အသုံးပြုကာ လက်လီငွေပေးချေမှုများကို အချိန်နှင့်တစ်ပြေးညီ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်မည့် Digital Payment Switch ကို ယခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေက ထုတ်ဖော်ပြောဆိုထားသည်။

Digital Payment Switch ကို အကောင်အထည်ဖော်ပြီးပါက လုံခြုံ၍ စွမ်းရည်ပြည့်ဝသော ငွေပေးချေမှုစနစ်တစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်ပြီး မည်သည့် မိုဘိုင်းပိုက်ဆံအိတ်ကိုမဆို အပြန်အလှန်ချိတ်ဆက် ပေးချေနိုင်မည်ဖြစ်သည့်အတွက် ငွေသားကိုင်တွယ်သုံးစွဲမှု လျှော့ချနိုင်ကြောင်း ဗဟိုဘဏ်က အသိပေးထားသည်။

ထို့ပြင် ဟွန်ဒီကဲ့သို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ပေးချမှုများကို ဒစ်ဂျစ်တယ်ပေးချေမှုများ ပိုမိုသုံးစွဲစေခြင်းဖြင့် တရားဝင် ငွေစီးဆင်းမှု မူဘောင်အား ဖော်ဆောင်နိုင်မည့်အပြင် စီးပွားရေးစနစ်အတွင်း ငွေကြေးစီးဆင်းမှုမြန်ဆန်ပြီး ငွေရေးကြေးရေးဈေးကွက် ဖွံ့ဖြိုးလာနိုင်သည်ဟုလည်း ဗဟိုဘဏ်က ဆိုထားသည်။

Digital Payment Switch ကြောင့် နိုင်ငံ၏ငွေပေးချေမှုစနစ်အား ထိရောက်စွာကြီးကြပ်ထိန်းကျောင်းနိုင်ခြင်း၊ အားလုံးပါဝင်ဆောင်ရွက်နိုင်မည့် ငွေရေးကြေးရေးစနစ် အားကောင်းလာနိုင်ခြင်းအပြင် စီးပွားရေးလုပ်ငန်းအနေဖြင့်လည်း ငွေပေးချေမှုအတွက် နှောင့်နှေးကြန့်ကြာမှုများကို လျှော့ချပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။

zawgyi version
ေငြသားကိုင္တြယ္သုံးစြဲမႈကို ေလွ်ာ့ခ်ေပးႏိုင္မည့္ Digital Payment Switch ကို ဗဟိုဘဏ္ မိတ္ဆက္ခဲ့ၿပီး ယခုႏွစ္အတြင္း အသုံးျပဳႏိုင္ရန္ စီစဥ္ေန

မ်ိဳးႀကီး (NP News) - ေမ ၁၆

ေငြသားကိုင္တြယ္သုံးစြဲမႈကို ေလွ်ာ့ခ်ေပးႏိုင္မည့္ Digital Payment Switch ကို ဗဟိုဘဏ္က ထုတ္ေဖာ္မိတ္ဆက္ခဲ့ၿပီး ယခုႏွစ္အတြင္း အသုံးျပဳႏိုင္ရန္ စီစဥ္ေနေၾကာင္း သတင္းရရွိသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ေမလ ၁၅ ရက္တြင္ ေနျပည္ေတာ္၌ ျမန္မာၾကဴအာ (Myanmar Quick Respond - MMQR) အသုံးျပဳ၍ ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈမ်ား အျပန္အလွန္ခ်ိတ္ဆက္ ေပးေခ်ႏိုင္သည့္ Digital Payment Switch ကို စတင္မိတ္ဆက္ ရွင္းလင္းခဲ့ေၾကာင္း သိရသည္။

အဆိုပါ မိတ္ဆက္ပြဲသို႔ ဗဟိုဘဏ္ဥကၠ႒ေဒၚသန္းသန္းေဆြ အပါအဝင္ ဘဏ္မ်ား၊ မိုဘိုင္းေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား၊ ႏိုင္ငံျခားဘဏ္ခြဲမ်ားအားလုံးမွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

ေငြေပးေခ်မႈဆိုင္ရာမူဝါဒမ်ားႏွင့္အညီ ဘဏ္မ်ားအၾကား ပမာဏႀကီးမားေသာ ေငြေပးေခ်မႈမ်ားအတြက္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္၏ ေငြေရးေၾကးေရးကြန္ရက္စနစ္(CBM-NET)၊ ကတ္အခ်င္းခ်င္းခ်ိတ္ဆက္ေပးေခ်ႏိုင္ရန္အတြက္ ျမန္မာေငြေပးေခ်မႈအဖြဲ႕(MPU)ကို ဗဟိုဘဏ္က အေကာင္အထည္ေဖာ္ေဆာင္ ႐ြက္ထားသည္။

ထို႔ျပင္ ဗဟိုဘဏ္အေနျဖင့္ ယခုလက္ရွိ၌ QR Code အသုံးျပဳကာ လက္လီေငြေပးေခ်မႈမ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီ ဒစ္ဂ်စ္တယ္နည္းလမ္းျဖင့္ အျပန္အလွန္ခ်ိတ္ဆက္ေပးေခ်ႏိုင္မည့္ Digital Payment Switch ကို ယခုႏွစ္အတြင္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္မည္ဟု ဥကၠ႒ေဒၚသန္းသန္းေဆြက ထုတ္ေဖာ္ေျပာဆိုထားသည္။

Digital Payment Switch ကို အေကာင္အထည္ေဖာ္ၿပီးပါက လုံၿခဳံ၍ စြမ္းရည္ျပည့္ဝေသာ ေငြေပးေခ်မႈစနစ္တစ္ရပ္ ေပၚေပါက္လာမည္ျဖစ္ၿပီး မည္သည့္ မိုဘိုင္းပိုက္ဆံအိတ္ကိုမဆို အျပန္အလွန္ခ်ိတ္ဆက္ ေပးေခ်ႏိုင္မည္ျဖစ္သည့္အတြက္ ေငြသားကိုင္တြယ္သုံးစြဲမႈ ေလွ်ာ့ခ်ႏိုင္ေၾကာင္း ဗဟိုဘဏ္က အသိေပးထားသည္။

ထို႔ျပင္ ဟြန္ဒီကဲ့သို႔ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ေပးခ်မႈမ်ားကို ဒစ္ဂ်စ္တယ္ေပးေခ်မႈမ်ား ပိုမိုသုံးစြဲေစျခင္းျဖင့္ တရားဝင္ ေငြစီးဆင္းမႈ မူေဘာင္အား ေဖာ္ေဆာင္ႏိုင္မည့္အျပင္ စီးပြားေရးစနစ္အတြင္း ေငြေၾကးစီးဆင္းမႈျမန္ဆန္ၿပီး ေငြေရးေၾကးေရးေဈးကြက္ ဖြံ႕ၿဖိဳးလာႏိုင္သည္ဟုလည္း ဗဟိုဘဏ္က ဆိုထားသည္။

Digital Payment Switch ေၾကာင့္ ႏိုင္ငံ၏ေငြေပးေခ်မႈစနစ္အား ထိေရာက္စြာႀကီးၾကပ္ထိန္းေက်ာင္းႏိုင္ျခင္း၊ အားလုံးပါဝင္ေဆာင္႐ြက္ႏိုင္မည့္ ေငြေရးေၾကးေရးစနစ္ အားေကာင္းလာႏိုင္ျခင္းအျပင္ စီးပြားေရးလုပ္ငန္းအေနျဖင့္လည္း ေငြေပးေခ်မႈအတြက္ ေႏွာင့္ေႏွးၾကန႔္ၾကာမႈမ်ားကို ေလွ်ာ့ခ်ေပးႏိုင္မည္ျဖစ္ ေၾကာင္း သိရသည္။

Picture

Sai Tun

16/05/2023 14:33

အရင်လို Data 1Gb ကို 1000/- ဆိုရင် digital payment သုံး​ကောင်းသုံးနိုင်တယ်၊ ကိုယယ်​တွေလည်း အခုဆို Kpay နဲ့ရှင်း

Picture

Sai Tun

16/05/2023 14:34

မယ်ဆိုရင် 1​သောင်းနဲ့ အထက်မှပဲ လက်ခံ​တော့တယ်၊

Related news

© 2021. All rights reserved.