မြောက်ကိုရီးယားဂြိုလ်တု လွှတ်တင်မှုအတွက် အမေရိကန် သတိပေးချက်ထုတ်ပြန်
1833
ရောင်နီ (NP News) - မေ ၁၈
မြောက်ကိုရီးယားရဲ့ဂြိုလ်တုလွှတ်တင်မှုဟာ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ကန့်သတ်ချက် များကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်ဟာ ကင်ဂျုံအန်း အာကာသယာဉ် တည်ဆောက်နေတဲ့ စက်ရုံသို့သွားရောက်ခဲ့ကြောင်း မြောက်ကိုရီးယားမီဒီယာများက ဖော်ပြခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီးဒန့်ပါတယ်လ် က ဒီလို ပစ်လွှတ်မှုဟာ မြောက်ကိုရီးယားရဲ့ပဲ့ထိန်းဒုံးကျည်အစီအစဉ်နဲ့ပတ်သက်တဲ့ “ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ် ချက်အများအပြား” ကို ချိုးဖောက်ရာရောက်ကြောင်း ပြောကြားခဲ့ပါတယ်။
“နောက်ထပ် ခြိမ်းခြောက်တဲ့လှုပ်ရှားမှုတွေကနေ ရှောင်ကြဉ်ဖို့ မြောက်ကိုရီးယားကို တိုက်တွန်းပြီး လေးနက်ပြီး ရေရှည်တည်တံ့တဲ့ သံတမန်ရေးရာမှာ ပါဝင်ဖို့ ပြုံယမ်းကို တောင်းဆိုခဲ့ပါတယ်” လို့ ပါတယ်လ်က ပြောကြားခဲ့ပါ တယ်။ အမေရိကန်ဟာ လက်ရှိ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှု အများအပြား ပြုလုပ်ထားပြီး ယခင်က လက်နက်စမ်းသပ်မှုများနဲ့ပတ်သက်ပြီး ပြစ်ဒဏ်အသစ်များ ထပ်တိုးခဲ့ပါတယ်။
ပြုံယမ်းက ဂြိုဟ်တုလုပ်ဆောင်ချက်ဟာ ၎င်းရဲ့စစ်ရေးစွမ်းရည် ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အရေးဖြစ်ကြောင်း အခိုင် အမာပြောဆိုထားပြီး ၎င်းရဲ့လက်နက်များ(၎င်းရဲ့ နျူကလီးယားလက်နက်တိုက် အပါအဝင်) ဟာ ကာကွယ်ရေး ရည်ရွယ်ချက်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆိုကာ ၎င်းရဲ့နယ်စပ်မှာရှိနေတဲ့ အမေရိကန်စစ်တပ်ရဲ့ ရန်လိုတဲ့သဘောထားကို ကိုးကားဖော်ပြခဲ့ပါတယ်။
အင်္ဂါနေ့ (မေလ ၁၆ ရက်) က ကင်ဂျုံအန်ဟာ နိုင်ငံရဲ့ပထမဆုံး စစ်ဘက်ဆိုင်ရာထောက်လှမ်းဂြိုလ်တုကို စစ်ဆေးနေစဉ် သိပ္ပံပညာရှင်များ၊ နည်းပညာရှင်များ၊ အကြီးတန်းအရာရှိများနဲ့ တွေ့ဆုံခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ဟာ ဒုံးကျည်ပစ်လွှတ်မှုအတွက် ကြိုတင်ပြင်ဆင်မှုမရှိဘဲ သတ်မှတ်ထားတဲ့ “အနာဂတ် လုပ်ဆောင်မှုအစီအစဉ်” ကို အတည်ပြုခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့လက အဆိုပါယာဉ်ကို ထုတ်ဖော်ပြသစဉ် ကင်ဂျုံအန်က အဆိုပါစီမံကိန်းဟာ မြောက်ကိုရီးယားစစ်တပ် အတွက် အရေးကြီးဆုံးသော အဓိကတာဝန်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး လာမယ့်သီတင်းပတ်များအတွင်း ဂြိုလ်တုဟာ ပတ်လမ်းသို့သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။
မကြာသေးမီလများအတွင်း ဝါရှင်တန်နဲ့ ပြုံယမ်းကြား တင်းမာမှုများ မြင့်တက်လာခဲ့ပြီး မြောက်ကိုရီးယားဟာ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့အတူ လက်နက်စမ်းသပ်မှုများ ပြုလုပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားက အဆိုပါစစ်ရေးလေ့ကျင့်မှုဟာ ကျူးကျော်ဖို့ အစမ်းလေ့ကျင့်မှုအဖြစ် ကြိမ်ဖန်များစွာ ရှုတ်ချခဲ့ ပေမယ့်လည်း အဆိုပါစစ်ရေးလေ့ကျင့်မှုဟာ မည်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက်မှုမရှိကြောင်း အမေရိကန်က အခိုင်အမာပြောကြားခဲ့ပါတယ်။
Zawgyi Version;
ေျမာက္ကိုရီးယားၿဂိဳလ္တု လႊတ္တင္မႈအတြက္ အေမရိကန္ သတိေပးခ်က္ထုတ္ျပန္
ေရာင္နီ (NP News) - ေမ ၁၈
ေျမာက္ကိုရီးယားရဲ႕ၿဂိဳလ္တုလႊတ္တင္မႈဟာ ေျမာက္ကိုရီးယားအေပၚ ခ်မွတ္ထားတဲ့ ႏိုင္ငံတကာ ကန႔္သတ္ခ်က္ မ်ားကို ခ်ိဳးေဖာက္ျခင္းျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
ဒီထုတ္ျပန္ခ်က္ဟာ ကင္ဂ်ဳံအန္း အာကာသယာဥ္ တည္ေဆာက္ေနတဲ့ စက္႐ုံသို႔သြားေရာက္ခဲ့ေၾကာင္း ေျမာက္ကိုရီးယားမီဒီယာမ်ားက ေဖာ္ျပခဲ့ၿပီးေနာက္ ထြက္ေပၚလာျခင္းျဖစ္ပါတယ္။ ဗုဒၶဟူးေန႔က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အေမရိကန္ႏိုင္ငံျခားေရးဌာန လက္ေထာက္ေျပာေရးဆိုခြင့္ရွိသူ ဗီးဒန္႔ပါတယ္လ္ က ဒီလို ပစ္လႊတ္မႈဟာ ေျမာက္ကိုရီးယားရဲ႕ပဲ့ထိန္းဒုံးက်ည္အစီအစဥ္နဲ႔ပတ္သက္တဲ့ “ကုလလုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ ခ်က္အမ်ားအျပား” ကို ခ်ိဳးေဖာက္ရာေရာက္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
“ေနာက္ထပ္ ၿခိမ္းေျခာက္တဲ့လႈပ္ရွားမႈေတြကေန ေရွာင္ၾကဥ္ဖို႔ ေျမာက္ကိုရီးယားကို တိုက္တြန္းၿပီး ေလးနက္ၿပီး ေရရွည္တည္တံ့တဲ့ သံတမန္ေရးရာမွာ ပါဝင္ဖို႔ ၿပဳံယမ္းကို ေတာင္းဆိုခဲ့ပါတယ္” လို႔ ပါတယ္လ္က ေျပာၾကားခဲ့ပါ တယ္။ အေမရိကန္ဟာ လက္ရွိ ေျမာက္ကိုရီးယားအေပၚ ပိတ္ဆို႔အေရးယူမႈ အမ်ားအျပား ျပဳလုပ္ထားၿပီး ယခင္က လက္နက္စမ္းသပ္မႈမ်ားနဲ႔ပတ္သက္ၿပီး ျပစ္ဒဏ္အသစ္မ်ား ထပ္တိုးခဲ့ပါတယ္။
ၿပဳံယမ္းက ၿဂိဳဟ္တုလုပ္ေဆာင္ခ်က္ဟာ ၎ရဲ႕စစ္ေရးစြမ္းရည္ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ အခြင့္အေရးျဖစ္ေၾကာင္း အခိုင္ အမာေျပာဆိုထားၿပီး ၎ရဲ႕လက္နက္မ်ား(၎ရဲ႕ န်ဴကလီးယားလက္နက္တိုက္ အပါအဝင္) ဟာ ကာကြယ္ေရး ရည္႐ြယ္ခ်က္အတြက္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ဆိုကာ ၎ရဲ႕နယ္စပ္မွာရွိေနတဲ့ အေမရိကန္စစ္တပ္ရဲ႕ ရန္လိုတဲ့သေဘာထားကို ကိုးကားေဖာ္ျပခဲ့ပါတယ္။
အဂၤါေန႔ (ေမလ ၁၆ ရက္) က ကင္ဂ်ဳံအန္ဟာ ႏိုင္ငံရဲ႕ပထမဆုံး စစ္ဘက္ဆိုင္ရာေထာက္လွမ္းၿဂိဳလ္တုကို စစ္ေဆးေနစဥ္ သိပၸံပညာရွင္မ်ား၊ နည္းပညာရွင္မ်ား၊ အႀကီးတန္းအရာရွိမ်ားနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ေျမာက္ကိုရီးယားေခါင္းေဆာင္ဟာ ဒုံးက်ည္ပစ္လႊတ္မႈအတြက္ ႀကိဳတင္ျပင္ဆင္မႈမရွိဘဲ သတ္မွတ္ထားတဲ့ “အနာဂတ္ လုပ္ေဆာင္မႈအစီအစဥ္” ကို အတည္ျပဳခဲ့ေၾကာင္း ကိုရီးယားဗဟိုသတင္းေအဂ်င္စီက ေဖာ္ျပခဲ့ပါတယ္။
ၿပီးခဲ့တဲ့လက အဆိုပါယာဥ္ကို ထုတ္ေဖာ္ျပသစဥ္ ကင္ဂ်ဳံအန္က အဆိုပါစီမံကိန္းဟာ ေျမာက္ကိုရီးယားစစ္တပ္ အတြက္ အေရးႀကီးဆုံးေသာ အဓိကတာဝန္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး လာမယ့္သီတင္းပတ္မ်ားအတြင္း ၿဂိဳလ္တုဟာ ပတ္လမ္းသို႔သြားဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ေျပာၾကားခဲ့ပါတယ္။
မၾကာေသးမီလမ်ားအတြင္း ဝါရွင္တန္နဲ႔ ၿပဳံယမ္းၾကား တင္းမာမႈမ်ား ျမင့္တက္လာခဲ့ၿပီး ေျမာက္ကိုရီးယားဟာ အေမရိကန္-ေတာင္ကိုရီးယား ပူးတြဲစစ္ေရးေလ့က်င့္မႈနဲ႔အတူ လက္နက္စမ္းသပ္မႈမ်ား ျပဳလုပ္ခဲ့ပါတယ္။ ေျမာက္ကိုရီးယားက အဆိုပါစစ္ေရးေလ့က်င့္မႈဟာ က်ဴးေက်ာ္ဖို႔ အစမ္းေလ့က်င့္မႈအျဖစ္ ႀကိမ္ဖန္မ်ားစြာ ရႈတ္ခ်ခဲ့ ေပမယ့္လည္း အဆိုပါစစ္ေရးေလ့က်င့္မႈဟာ မည္သည့္ႏိုင္ငံကိုမွ် ၿခိမ္းေျခာက္မႈမရွိေၾကာင္း အေမရိကန္က အခိုင္အမာေျပာၾကားခဲ့ပါတယ္။