စင်ကာပူနိုင်ငံ၊ လင်ချူးကန်မှာ ထူးထူးခြားခြား ရာနဲ့ချီတဲ့ ကြက်ကောင်ပေါက်များစွာ စွန့်ပစ်ထားတာတွေ့ရှိ

 6663

ရောင်နီ (NP News) - နိုဝင်ဘာ ၅

စင်ကာပူနိုင်ငံ၊ လင်ချူးကန်မှာ အောက်တိုဘာ ၂၇ ရက်က ရာနဲ့ချီတဲ့ ကြက်ကောင်ပေါက်တွေနဲ့ ဥတွေ စွန့်ပစ်ထားတာတွေ့ရှိခဲ့ပါတယ်။

ဒီအကြောင်းကို Animal Concerns Research and Education Society (Acres) က Instagram ပို့စ်တစ်ခုနဲ့အတူ နိုဝင်ဘာ ၃ ရက်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။ လင်ချူးကန်မှာ အမှိုက်အိတ်ထဲက ကြက်ကောင်ပေါက်တွေကို တွေ့ရှိသူက သတင်းပေးပို့လာခဲ့တာကြောင့် သွားရောက်ကြည့်ရှုရာမှာ အသက်မရှိတော့တဲ့ ရာနဲ့ချီသော ကြက်ပေါက်တွေနဲ့ အကောင်မပေါက်သေးတဲ့ဥတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

Acres အဖွဲ့အနေနဲ့ အကောင်းဆုံးကြိုးစား ကယ်ဆယ်ခဲ့ပေမယ့် ကြက်တစ်ကောင်မှ အသက်မရှင်ခဲ့ပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။ ကယ်ဆယ်ခံရတဲ့ ကြက်ပေါက် အကောင် ၁၀၀ ဟာလည်း နောက်နှစ်ရက်အတွင်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးရခြင်း အကြောင်းအရင်းဟာ ဥပမာ- အရိုးကျိုးခြင်း၊ ခန္ဓာကိုယ်တွင်း အတွင်းပိုင်း သွေးယိုစီးခြင်းနဲ့ ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့်ဖြစ်နိုင်တယ်လို့ Acres က ယူဆထားပါတယ်။ ကြက်ကလေးတွေဟာ အားနည်းပြီး ဖိအား၊ နုနယ်တဲ့အရိုးတွေ ဒါမှမဟုတ် မွေးရာပါ မူမမှန်တဲ့ဒဏ်ရာတွေတွေ့ရတယ်လို့ တိရစ္ဆာန်ဆေးကုသရေးအဖွဲ့က ကောက်ချက်ချပါတယ်။

တိရစ္ဆာန်နဲ့ ငှက်အက်ဥပဒေအရ တိရစ္ဆာန်တွေကို စွန့်ပစ်ခြင်း အပါအဝင် တိရစ္ဆာန်တွေအပေါ် ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားမယ်ဆိုရင် ထောင်ဒဏ် ၁၈ လအထိ ချမှတ်နိုင်ပြီး ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၅,၀၀၀ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူႏိုင္ငံ၊ လင္ခ်ဴးကန္မွာ ထူးထူးျခားျခား ရာနဲ႔ခ်ီတဲ့ ၾကက္ေကာင္ေပါက္မ်ားစြာ စြန႔္ပစ္ထားတာေတြ႕ရွိ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၅

စင္ကာပူႏိုင္ငံ၊ လင္ခ်ဴးကန္မွာ ေအာက္တိုဘာ ၂၇ ရက္က ရာနဲ႔ခ်ီတဲ့ ၾကက္ေကာင္ေပါက္ေတြနဲ႔ ဥေတြ စြန႔္ပစ္ထားတာေတြ႕ရွိခဲ့ပါတယ္။

ဒီအေၾကာင္းကို Animal Concerns Research and Education Society (Acres) က Instagram ပို႔စ္တစ္ခုနဲ႔အတူ ႏိုဝင္ဘာ ၃ ရက္မွာ မွ်ေဝခဲ့တာျဖစ္ပါတယ္။ လင္ခ်ဴးကန္မွာ အမႈိက္အိတ္ထဲက ၾကက္ေကာင္ေပါက္ေတြကို ေတြ႕ရွိသူက သတင္းေပးပို႔လာခဲ့တာေၾကာင့္ သြားေရာက္ၾကည့္ရႈရာမွာ အသက္မရွိေတာ့တဲ့ ရာနဲ႔ခ်ီေသာ ၾကက္ေပါက္ေတြနဲ႔ အေကာင္မေပါက္ေသးတဲ့ဥေတြကို ေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။

Acres အဖြဲ႕အေနနဲ႔ အေကာင္းဆုံးႀကိဳးစား ကယ္ဆယ္ခဲ့ေပမယ့္ ၾကက္တစ္ေကာင္မွ အသက္မရွင္ခဲ့ပဲ ေသဆုံးသြားတယ္လို႔ သိရပါတယ္။ ကယ္ဆယ္ခံရတဲ့ ၾကက္ေပါက္ အေကာင္ ၁၀၀ ဟာလည္း ေနာက္ႏွစ္ရက္အတြင္း ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။

ေသဆုံးရျခင္း အေၾကာင္းအရင္းဟာ ဥပမာ- အ႐ိုးက်ိဳးျခင္း၊ ခႏၶာကိုယ္တြင္း အတြင္းပိုင္း ေသြးယိုစီးျခင္းနဲ႔ ထိခိုက္ဒဏ္ရာရျခင္းတို႔ေၾကာင့္ျဖစ္ႏိုင္တယ္လို႔ Acres က ယူဆထားပါတယ္။ ၾကက္ကေလးေတြဟာ အားနည္းၿပီး ဖိအား၊ ႏုနယ္တဲ့အ႐ိုးေတြ ဒါမွမဟုတ္ ေမြးရာပါ မူမမွန္တဲ့ဒဏ္ရာေတြေတြ႕ရတယ္လို႔ တိရစာၦန္ေဆးကုသေရးအဖြဲ႕က ေကာက္ခ်က္ခ်ပါတယ္။

တိရစာၦန္နဲ႔ ငွက္အက္ဥပေဒအရ တိရစာၦန္ေတြကို စြန႔္ပစ္ျခင္း အပါအဝင္ တိရစာၦန္ေတြအေပၚ ရက္စက္ၾကမ္းၾကဳတ္မႈ က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားမယ္ဆိုရင္ ေထာင္ဒဏ္ ၁၈ လအထိ ခ်မွတ္ႏိုင္ၿပီး ဒဏ္ေငြ စင္ကာပူေဒၚလာ ၁၅,၀၀၀ သို႔မဟုတ္ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.