ကုလသမဂ္ဂရဲ့(UNRWA) အဖွဲ့နဲ့ ဆက်ဆံရေးပြတ်တောက်လိုက်ပြီဖြစ်ကြောင်း အစ္စရေးအစိုးရပြော
680
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၄
ကုလသမဂ္ဂအဖွဲ့၏ ပါလက်စတိုင်း ကူညီကယ်ဆယ်ရေးအဖွဲ့ (UNRWA)အဖွဲ့နဲ့ အပြန်အလှန်ဆက်ဆံရေး သဘောတူညီချက်ကို အဆုံးသတ်လိုက်ကြာင်း အစ္စရေးအစိုးနိုင်ငံခြားရေးဝန်ကြီးကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေးလွှတ်တော်က ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဥပဒေတစ်ခုထုတ်ပြန်ခဲ့ရာ အဲဒီဥပဒေထဲမှာ (UNRWA) အဖွဲ့ကို အစ္စရေးနိုင်ငံအတွင်း လုပ်ငန်းများလုပ်ကိုင်ခြင်းကိုပိတ်ပင်ဖို့နဲ့ အစ္စရေးအစိုးရနဲ့ (UNRWA)အဖွဲ့ကြား ပူးပေါင်းဆောင်ရွက်ခြင်းကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။
အစ္စရေးဟာ ၁၉၄၈ ခုနှစ် စတင်ဖွဲ့စည်းခဲ့တဲ့ (UNRWA)အဖွဲ့ နဲ့ ၁၉၆၇ ခုနှစ် နောက်ပိုင်းကတည်းက အပြန်အလှန်ဆက်ဆံရေးရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အစ္စရေးလွှတ်တော်ရဲ့ဆုံးဖြတ်ချက်အတိုင်း အစ္စရေးအစိုးရက အဆက်သွယ်ဖြတ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာအစ္စရေးသံအမတ်ကြီးက ဟားမက်စ်အဖွဲ့ နဲ့ (UNRWA) အဖွဲ့တို့ ဆက်နွယ်ပတ်သက်နေတာတွေကို တင်ပြခဲ့ပေမယ့် တုံ့ပြန်ဖြေရှင်းခြင်းမျိုးမရှိခဲ့ဘူးလို့ပြောပါတယ်။ အစ္စရေးအစိုးရဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဟားမက်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေမှာ (UNRWA) အဖွဲ့ ပါဝင်ဆက်နွယ်နေတယ်လို့ ပြောပါတယ်။
အစ္စရေးဟာ ကုလသမဂ္ဂက ဖိအားပေးတောင်းဆိုခဲ့ပေမယ့် လက်ခံခြင်းမရှိဘဲ အစ္စရေးနိုင်ငံကို လက်ရှိအချိန်အထိ တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ အဆိုပါအဖွဲ့ဟာ ပါလက်စတိုင်းလူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။
ဂါဇာဒေသမှာ အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၄၀၀၀၀ ကျော် သေဆုံးထားကြောင်း သိရပါတယ်။
Zawgyi Version;
ကုလသမဂၢရဲ႕(UNRWA) အဖြဲ႕နဲ႔ ဆက္ဆံေရးျပတ္ေတာက္လိုက္ၿပီျဖစ္ေၾကာင္း အစၥေရးအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၄
ကုလသမဂၢအဖြဲ႕၏ ပါလက္စတိုင္း ကူညီကယ္ဆယ္ေရးအဖြဲ႕ (UNRWA)အဖြဲ႕နဲ႔ အျပန္အလွန္ဆက္ဆံေရး သေဘာတူညီခ်က္ကို အဆုံးသတ္လိုက္ၾကာင္း အစၥေရးအစိုးႏိုင္ငံျခားေရးဝန္ႀကီးကထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
အစၥေရးလႊတ္ေတာ္က ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ဥပေဒတစ္ခုထုတ္ျပန္ခဲ့ရာ အဲဒီဥပေဒထဲမွာ (UNRWA) အဖြဲ႕ကို အစၥေရးႏိုင္ငံအတြင္း လုပ္ငန္းမ်ားလုပ္ကိုင္ျခင္းကိုပိတ္ပင္ဖို႔နဲ႔ အစၥေရးအစိုးရနဲ႔ (UNRWA)အဖြဲ႕ၾကား ပူးေပါင္းေဆာင္႐ြက္ျခင္းကို ရပ္တန႔္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။
အစၥေရးဟာ ၁၉၄၈ ခုႏွစ္ စတင္ဖြဲ႕စည္းခဲ့တဲ့ (UNRWA)အဖြဲ႕ နဲ႔ ၁၉၆၇ ခုႏွစ္ ေနာက္ပိုင္းကတည္းက အျပန္အလွန္ဆက္ဆံေရးရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အစၥေရးလႊတ္ေတာ္ရဲ႕ဆုံးျဖတ္ခ်က္အတိုင္း အစၥေရးအစိုးရက အဆက္သြယ္ျဖတ္ဖို႔ စီစဥ္ခဲ့တာျဖစ္ပါတယ္။
ကုလသမဂၢဆိုင္ရာအစၥေရးသံအမတ္ႀကီးက ဟားမက္စ္အဖြဲ႕ နဲ႔ (UNRWA) အဖြဲ႕တို႔ ဆက္ႏြယ္ပတ္သက္ေနတာေတြကို တင္ျပခဲ့ေပမယ့္ တုံ႔ျပန္ေျဖရွင္းျခင္းမ်ိဳးမရွိခဲ့ဘူးလို႔ေျပာပါတယ္။ အစၥေရးအစိုးရဟာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာ ၇ ရက္မွာ ျဖစ္ပြားခဲ့တဲ့ ဟားမက္စ္အဖြဲ႕ရဲ႕တိုက္ခိုက္မႈေတြမွာ (UNRWA) အဖြဲ႕ ပါဝင္ဆက္ႏြယ္ေနတယ္လို႔ ေျပာပါတယ္။
အစၥေရးဟာ ကုလသမဂၢက ဖိအားေပးေတာင္းဆိုခဲ့ေပမယ့္ လက္ခံျခင္းမရွိဘဲ အစၥေရးႏိုင္ငံကို လက္ရွိအခ်ိန္အထိ တိုက္ခိုက္ေနဆဲျဖစ္ပါတယ္။ အဆိုပါအဖြဲ႕ဟာ ပါလက္စတိုင္းလူမ်ားကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေနတဲ့အဖြဲ႕အစည္းျဖစ္ပါတယ္။
ဂါဇာေဒသမွာ အစၥေရးနဲ႔ ဟားမက္စ္အဖြဲ႕ၾကား စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အစၥေရးရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ ပါလက္စတိုင္းလူမ်ိဳး အနည္းဆုံး ၄၀၀၀၀ ေက်ာ္ ေသဆုံးထားေၾကာင္း သိရပါတယ္။