တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန်အတွက် နစကဥက္ကဋ္ဌ ယနေ့ စတင်ထွက်ခွာ
1176
စော (NP News) - နိုဝင်ဘာ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ထိပ်သီးအစည်းအဝေးများသို့တက်ရောက်ရန် ယနေ့ နိုဝင်ဘာလ ၅ ရက်တွင် စတင်ထွက်ခွာသွားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က အတည်ပြုထုတ်ပြန်ထားသည်။
ယနေ့၊ နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း(MAI)မှ အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာသွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (GMS)၊ (၁၀)ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ထိပ်သီး အစည်း အဝေး (ACMECS)နှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး(CLMV) တို့ကို တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါခရီးစဉ်အတွင်း တရုတ်နိုင်ငံ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်နိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ လေ့လာသွားကြမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည်လည်း သက်ဆိုင်ရာကဏ္ဍများအလိုက် အလုပ်သဘောဆိုင်ရာတွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး နှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြောင်း သိရသည်။
Zawgyi Version;
တ႐ုတ္ႏိုင္ငံတြင္ က်င္းပျပဳလုပ္မည့္ ထိပ္သီးအစည္းအေဝးမ်ားသို႔ တက္ေရာက္ရန္အတြက္ နစကဥကၠ႒ ယေန႔ စတင္ထြက္ခြာ
ေစာ (NP News) - ႏိုဝင္ဘာ ၅
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာအဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕သည္ တ႐ုတ္ႏိုင္ငံတြင္ က်င္းပျပဳလုပ္မည့္ ထိပ္သီးအစည္းအေဝးမ်ားသို႔တက္ေရာက္ရန္ ယေန႔ ႏိုဝင္ဘာလ ၅ ရက္တြင္ စတင္ထြက္ခြာသြားေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ေရးအဖြဲ႕က အတည္ျပဳထုတ္ျပန္ထားသည္။
ယေန႔၊ နံနက္ပိုင္းတြင္ အျပည္ျပည္ဆိုင္ရာျမန္မာ့ေလေၾကာင္း(MAI)မွ အထူးေလယာဥ္ျဖင့္ ေနျပည္ေတာ္ တပ္မေတာ္ေလဆိပ္မွ ထြက္ခြာသြားျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
တ႐ုတ္ႏိုင္ငံ၏ ဖိတ္ၾကားခ်က္အရ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၏ တ႐ုတ္ႏိုင္ငံခရီးစဥ္အတြင္း အ႒မအႀကိမ္ေျမာက္ မဟာမဲေခါင္ေဒသခြဲ ထိပ္သီးအစည္းအေဝး (GMS)၊ (၁၀)ႀကိမ္ေျမာက္ ဧရာဝတီ- ေက်ာက္ဖရား- မဲေခါင္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈမဟာဗ်ဴဟာ ထိပ္သီး အစည္း အေဝး (ACMECS)ႏွင့္ (၁၁)ႀကိမ္ေျမာက္ ကေမာၻဒီးယား-လာအို-ျမန္မာ- ဗီယက္နမ္ ပူးေပါင္းေဆာင္႐ြက္မႈ ထိပ္သီးအစည္းအေဝး(CLMV) တို႔ကို တက္ေရာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါခရီးစဥ္အတြင္း တ႐ုတ္ႏိုင္ငံ အစိုးရအဖြဲ႕ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္း၊ တ႐ုတ္ႏိုင္ငံရွိ အထင္ကရေနရာမ်ား၊ တကၠသိုလ္မ်ားႏွင့္ စက္႐ုံ၊ အလုပ္႐ုံမ်ားသို႔ ေလ့လာသြားၾကမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔အျပင္ ခရီးစဥ္တြင္ လိုက္ပါလာသည့္ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ဒုတိယဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ားသည္လည္း သက္ဆိုင္ရာက႑မ်ားအလိုက္ အလုပ္သေဘာဆိုင္ရာေတြ႕ဆုံေဆြးေႏြးျခင္းမ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ ႏွစ္ႏိုင္ငံအစိုးရႏွင့္ ျပည္သူမ်ားအၾကား ခ်စ္ၾကည္ေရး၊ စီးပြားေရး ႏွင့္ က႑ေပါင္းစုံတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုတိုးတက္ခိုင္မာေအာင္ ေဆြးေႏြးေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္အတူ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးႏွင့္ ေကာင္စီဝင္ ဗိုလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ တနသၤာရီတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး ႏွင့္ ဧရာဝတီတိုင္းေဒသႀကီး တို႔မွ ဝန္ႀကီးခ်ဳပ္မ်ားႏွင့္ တာဝန္ရွိသူမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ အဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ဒုတိယဝန္ႀကီးမ်ား၊ စစ္ဘက္၊ နယ္ဘက္မွ တာဝန္ရွိသူမ်ား ခရီးစဥ္တြင္ လိုက္ပါသြားေၾကာင္း သိရသည္။