အမေရိကန်ရွေးကောက်ပွဲမစမီ နာရီပိုင်းအလိုမှာ မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်

 1898

Pika (NP News) - နိုဝင်ဘာ ၅

အမေရိကန်သမ္မတရွေးကောက်ပွဲမစတင်ခင် နာရီပိုင်းအလို နိုဝင်ဘာလ(၅)ရက်မှာ မြောက်ကိုရီးယားဟာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ်ရဲ့အရှေ့ဘက်ရေပြင်ထဲကို နိုဝင်ဘာလ(၅)ရက် နံနက်(၇)နာရီ ၃ဝ မိနစ်ဝန်းကျင်လောက်မှာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်အများအပြား ပစ်လွှတ်ခဲ့တာကို ခြေရာခံတွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံး(JCS) က ပြောကြားခဲ့ပါတယ်။

(JCS) က "မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်မှုနဲ့အတူ ကျွန်တော်တို့စစ်တပ် ဟာ ထောက်လှမ်းရေးနဲ့သတိပေးမှုတွေကို အားကောင်းအောင်လုပ်ဆောင်ခဲ့ပါတယ်။ ပြီးတော့ အဲဒီပစ်လွှတ်မှုနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေကို အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့လည်း မျှဝေခဲ့ပါတယ်" လို့ ပြောခဲ့ ပါတယ်။

အဲဒီပစ်လွှတ်မှုကို ဂျပန်အစိုးရကလည်း အတည်ပြုပေးခဲ့ပြီး မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ဒုံးကျည်တွေ ဟာ ပဲ့ထိန်းဒုံးကျည်တွေဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မြောက်ကိုရီးယားဟာ အဆင့်အမြင့်ဆုံးနဲ့ အင်အားအပြင်းဆုံး လောင်စာဆီအခဲသုံးတိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ဖြစ်တဲ့ Hwasong-19 ကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် ယခုလိုပစ်လွှတ်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။

ဒါ့ပြင် မြောက်ကိုရီးယားစစ်သားတွေကို ရုရှားဆီပေးပို့ခဲ့တယ်ဆိုတဲ့အနောက်အုပ်စုရဲ့စွပ်စွဲပြောဆိုမှုတွေ ထွက်ပေါ် လာပြီးနောက်ပိုင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ် မှုကို လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယား၊ အမေရိကန် နဲ့ ဂျပန်တို့ဟာ ကြီးမားတဲ့ဗုံးကြဲလေယာဉ်တစ်စင်း ပါဝင်တဲ့ ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုတွေကို ပြီးခဲ့တဲ့နိုဝင်ဘာလ(၃)ရက်မှာ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါ တယ်။

Zawgyi Version;
အေမရိကန္ေ႐ြးေကာက္ပြဲမစမီ နာရီပိုင္းအလိုမွာ ေျမာက္ကိုရီးယားက တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ေတြ စမ္းသပ္ ပစ္လႊတ္
Pika (NP News) - ႏိုဝင္ဘာ ၅

အေမရိကန္သမၼတေ႐ြးေကာက္ပြဲမစတင္ခင္ နာရီပိုင္းအလို ႏိုဝင္ဘာလ(၅)ရက္မွာ ေျမာက္ကိုရီးယားဟာ တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ေတြကို စမ္းသပ္ပစ္လႊတ္ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ေျပာၾကားခဲ့ပါတယ္။ ေျမာက္ကိုရီးယားဟာ ကိုရီးယားကြၽန္းဆြယ္ရဲ႕အေရွ႕ဘက္ေရျပင္ထဲကို ႏိုဝင္ဘာလ(၅)ရက္ နံနက္(၇)နာရီ ၃ဝ မိနစ္ဝန္းက်င္ေလာက္မွာ တာတိုပစ္ပဲ့ထိန္းဒုံးက်ည္အမ်ားအျပား ပစ္လႊတ္ခဲ့တာကို ေျခရာခံေတြ႕ရွိခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံး(JCS) က ေျပာၾကားခဲ့ပါတယ္။

(JCS) က "ေျမာက္ကိုရီးယားက တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ေတြ စမ္းသပ္ပစ္လႊတ္မႈနဲ႔အတူ ကြၽန္ေတာ္တို႔စစ္တပ္ ဟာ ေထာက္လွမ္းေရးနဲ႔သတိေပးမႈေတြကို အားေကာင္းေအာင္လုပ္ေဆာင္ခဲ့ပါတယ္။ ၿပီးေတာ့ အဲဒီပစ္လႊတ္မႈနဲ႔ ပတ္သက္တဲ့သတင္းအခ်က္အလက္ေတြကို အေမရိကန္၊ ေတာင္ကိုရီးယားတို႔နဲ႔လည္း မွ်ေဝခဲ့ပါတယ္" လို႔ ေျပာခဲ့ ပါတယ္။

အဲဒီပစ္လႊတ္မႈကို ဂ်ပန္အစိုးရကလည္း အတည္ျပဳေပးခဲ့ၿပီး ေျမာက္ကိုရီးယားက ပစ္လႊတ္လိုက္တဲ့ဒုံးက်ည္ေတြ ဟာ ပဲ့ထိန္းဒုံးက်ည္ေတြျဖစ္ႏိုင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ေျမာက္ကိုရီးယားဟာ အဆင့္အျမင့္ဆုံးနဲ႔ အင္အားအျပင္းဆုံး ေလာင္စာဆီအခဲသုံးတိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္ျဖစ္တဲ့ Hwasong-19 ကို စမ္းသပ္ပစ္လႊတ္ခဲ့ၿပီးေနာက္ ယခုလိုပစ္လႊတ္မႈေတြ ထပ္မံလုပ္ေဆာင္ခဲ့တာပဲျဖစ္ပါတယ္။

ဒါ့ျပင္ ေျမာက္ကိုရီးယားစစ္သားေတြကို ႐ုရွားဆီေပးပို႔ခဲ့တယ္ဆိုတဲ့အေနာက္အုပ္စုရဲ႕စြပ္စြဲေျပာဆိုမႈေတြ ထြက္ေပၚ လာၿပီးေနာက္ပိုင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းဟာ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္စမ္းသပ္ပစ္လႊတ္ မႈကို လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။ ေျမာက္ကိုရီးယားရဲ႕တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈကို လက္တုံ႔ျပန္တဲ့အေနနဲ႔ ေတာင္ကိုရီးယား၊ အေမရိကန္ နဲ႔ ဂ်ပန္တို႔ဟာ ႀကီးမားတဲ့ဗုံးႀကဲေလယာဥ္တစ္စင္း ပါဝင္တဲ့ ပူးတြဲေလေၾကာင္းစစ္ေရးေလ့က်င့္မႈေတြကို ၿပီးခဲ့တဲ့ႏိုဝင္ဘာလ(၃)ရက္မွာ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါ တယ္။

Related news

© 2021. All rights reserved.