USDP ပါတီဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအမျိုးသမီးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်သတ်မှု ကော့သောင်းမြို့တွင် ဖြစ်ပွား

 1306

နာမူ (NP News) - နိုဝင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းမြို့နယ်တွင် USDP ပါတီဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအမျိုးသမီးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၄ ရက်)၊ ညနေ ၅ နာရီ ၃ဝ မိနစ်အချိန်ခန့်က ကော့သောင်းမြို့နယ် ၊ ခမောက်ကြီးမြို့ ၊ အမှတ် (၄) ရပ်ကွက် ၊ မြခွာညိုလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ပြည်ခိုင်ဖြိုးပါတီဝင် ဒေါ်ဝင်းဌေးသည် အထက်ပါလမ်းရှိ ၎င်း၏ နေအိမ်တွင်ရှိနေစဉ် PDF အဖွဲ့က ဆိုင်ကယ် (၂) စီးဖြင့်ရောက်ရှိလာကာ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဒေါ်ဝင်းဌေးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် သေဆုံးသူအမျိုးသမီး၏ရုပ်အလောင်းကို ကော့သောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလမှ စတင်ကာ လက်ရှိအချိန်ထိ အကြမ်းဖက်သတ်ဖြတ်ခံရမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးပေါင်း (၈၀၀) ကျော် အသက်ဆုံးရှုံးခဲ့ရကြောင်းလည်း သိရသည်။

Zawgyi Version;
USDP ပါတီဝင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအမ်ိဳးသမီးကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္သတ္မႈ ေကာ့ေသာင္းၿမိဳ႕တြင္ ျဖစ္ပြား
နာမူ (NP News) - ႏိုဝင္ဘာ ၅

တနသၤာရီတိုင္းေဒသႀကီး ၊ ေကာ့ေသာင္းၿမိဳ႕နယ္တြင္ USDP ပါတီဝင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအမ်ိဳးသမီးကို PDF အဖြဲ႕က ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ႏိုဝင္ဘာလ ၄ ရက္)၊ ညေန ၅ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္က ေကာ့ေသာင္းၿမိဳ႕နယ္ ၊ ခေမာက္ႀကီးၿမိဳ႕ ၊ အမွတ္ (၄) ရပ္ကြက္ ၊ ျမခြာညိဳလမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အမွတ္ (၄) ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ျပည္ခိုင္ၿဖိဳးပါတီဝင္ ေဒၚဝင္းေဌးသည္ အထက္ပါလမ္းရွိ ၎၏ ေနအိမ္တြင္ရွိေနစဥ္ PDF အဖြဲ႕က ဆိုင္ကယ္ (၂) စီးျဖင့္ေရာက္ရွိလာကာ လက္နက္ငယ္မ်ားျဖင့္ ဝင္ေရာက္ပစ္ခတ္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ေဒၚဝင္းေဌးတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာမွာပင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေသဆုံးသူအမ်ိဳးသမီး၏႐ုပ္အေလာင္းကို ေကာ့ေသာင္းၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီးရမိေရးႏွင့္ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
၂၀၂၁ ခုႏွစ္ ၊ ေဖေဖာ္ဝါရီလမွ စတင္ကာ လက္ရွိအခ်ိန္ထိ အၾကမ္းဖက္သတ္ျဖတ္ခံရမႈေၾကာင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေပါင္း (၈၀၀) ေက်ာ္ အသက္ဆုံးရႈံးခဲ့ရေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.