အင်ဒိုနီးရှားနဲ့ ရုရှားနိုင်ငံကြား ပထမဆုံးအကြိမ် ရေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်
636
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၄
အင်ဒိုနီးရှားသမ္မတအသစ်လက်ထက်မှာ အင်ဒိုနီးရှားနဲ့ ရုရှားနိုင်ငံကြားရေတပ်ချင်း စစ်ရေးလေ့ကျင့်ခန်းတွေကို ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ရုရှားနဲ့ စစ်ရေးပူးတွဲလေ့ကျင့်ခန်းလုပ်ဆောင်ခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံရဲ့မူဝါဒအပြောင်းအလဲရှိလာနေသလားဆိုပြီး ထင်ကြေးပေးမှုတွေ ထွက်ပေါ်နေပါတယ်။
အင်ဒိုနီးရှားရေတပ်နဲ့ ရုရှားရေတပ်တို့ဟာ နိုဝင်ဘာ ၄ ရက်က ဂျာဗားကျွန်းမှာ စစ်ရေးလေ့ကျင့်ခန်း လုပ်ဆောင်ခဲ့ တာဖြစ်ပြီး နိုဝင်ဘာ ၈ရက်နေ့အထိ လေ့ကျင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အင်ဒိုနိးရှားဟာ ၎င်းတို့ရဲ့ ဘက်မလိုက်တဲ့နိုင်ငံခြားရေးမူဝါဒအရ ရုရှားနိုင်ငံနဲ့ ရေတပ်ချင်းပူးတွဲစစ်ရေးလေ့ကျင့်ခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။
အင်ဒိုနိးရှားနဲ့ စစ်ရေးလေ့ကျင့်ဖို့ ရုရှားရေတပ်သင်္ဘောလေးစင်းဟာ နိုဝင်ဘာလ ၃ ရက်မှာ အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိလာခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အင်ဒိုနီးရှားသမ္မတအသစ်ဖြစ်သလို ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝီက ရုရှားနိုင်ငံဟာ အင်ဒိုနီးရှားနိုင်ငံရဲ့မိတ်ဆွေကောင်းနိုင်ငံဖြစ်ကြောင်း ပြောဆိုထားပြီး ဇူလိုင်လအတွင်းမှာ ရုရှားနိုင်ငံ ကို သွားရောက်ခဲ့ဖူးကြောင်း သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်နေပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်းကတည်းက အမေရိကန်နိုင်ငံနဲ့ "Super Garuda Shield" အမည်ရှိ စစ်ဆင်ရေးကို နှစ်စဉ်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဟာ ၂၀၂၄ ခုနှစ်မှာလည်း တပ်ဖွဲ့ဝင် ၄၅၀၀ ပူးပေါင်းပါဝင်တဲ့ "Super Garuda Shield" အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းကို လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ အင်ဒိုနီးရှားရေတပ်တာဝန်ရှိသူ တစ်ဦးက ရုရှားနဲ့ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်ခန်းဟာ နှစ်နိုင်ငံကြား မိတ်ဖက်ဖြစ်မှုကို ပိုမိုကောင်းမွန်စေမှာ ဖြစ်တယ်လို့ ပြောပါတယ်။
Zawgyi Version;
အင္ဒိုနီးရွားနဲ႔ ႐ုရွားႏိုင္ငံၾကား ပထမဆုံးအႀကိမ္ ေရတပ္ခ်င္း ပူးတြဲစစ္ေရးေလ့က်င့္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၄
အင္ဒိုနီးရွားသမၼတအသစ္လက္ထက္မွာ အင္ဒိုနီးရွားနဲ႔ ႐ုရွားႏိုင္ငံၾကားေရတပ္ခ်င္း စစ္ေရးေလ့က်င့္ခန္းေတြကို ပထမဆုံးအႀကိမ္ လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။ ႐ုရွားနဲ႔ စစ္ေရးပူးတြဲေလ့က်င့္ခန္းလုပ္ေဆာင္ျခင္းေၾကာင့္ အင္ဒိုနီးရွားႏိုင္ငံရဲ႕မူဝါဒအေျပာင္းအလဲရွိလာေနသလားဆိုၿပီး ထင္ေၾကးေပးမႈေတြ ထြက္ေပၚေနပါတယ္။
အင္ဒိုနီးရွားေရတပ္နဲ႔ ႐ုရွားေရတပ္တို႔ဟာ ႏိုဝင္ဘာ ၄ ရက္က ဂ်ာဗားကြၽန္းမွာ စစ္ေရးေလ့က်င့္ခန္း လုပ္ေဆာင္ခဲ့ တာျဖစ္ၿပီး ႏိုဝင္ဘာ ၈ရက္ေန႔အထိ ေလ့က်င့္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။ အင္ဒိုနိးရွားဟာ ၎တို႔ရဲ႕ ဘက္မလိုက္တဲ့ႏိုင္ငံျခားေရးမူဝါဒအရ ႐ုရွားႏိုင္ငံနဲ႔ ေရတပ္ခ်င္းပူးတြဲစစ္ေရးေလ့က်င့္ျခင္းမ်ိဳးျဖစ္ေၾကာင္း သိရပါတယ္။
အင္ဒိုနိးရွားနဲ႔ စစ္ေရးေလ့က်င့္ဖို႔ ႐ုရွားေရတပ္သေဘၤာေလးစင္းဟာ ႏိုဝင္ဘာလ ၃ ရက္မွာ အင္ဒိုနီးရွားႏိုင္ငံကို ေရာက္ရွိလာခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ အင္ဒိုနီးရွားသမၼတအသစ္ျဖစ္သလို ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ပရာဘိုဝီက ႐ုရွားႏိုင္ငံဟာ အင္ဒိုနီးရွားႏိုင္ငံရဲ႕မိတ္ေဆြေကာင္းႏိုင္ငံျဖစ္ေၾကာင္း ေျပာဆိုထားၿပီး ဇူလိုင္လအတြင္းမွာ ႐ုရွားႏိုင္ငံ ကို သြားေရာက္ခဲ့ဖူးေၾကာင္း သိရပါတယ္။ အင္ဒိုနီးရွားႏိုင္ငံဟာ အျခားႏိုင္ငံေတြနဲ႔ ပူးတြဲစစ္ေရးေလ့က်င့္ခန္း ပုံမွန္ျပဳလုပ္ေနၿပီး ၂၀၁၆ ခုႏွစ္ေနာက္ပိုင္းကတည္းက အေမရိကန္ႏိုင္ငံနဲ႔ "Super Garuda Shield" အမည္ရွိ စစ္ဆင္ေရးကို ႏွစ္စဥ္လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။
အေမရိကန္နဲ႔ အင္ဒိုနီးရွားႏိုင္ငံတို႔ဟာ ၂၀၂၄ ခုႏွစ္မွာလည္း တပ္ဖြဲ႕ဝင္ ၄၅၀၀ ပူးေပါင္းပါဝင္တဲ့ "Super Garuda Shield" အမည္ရွိ စစ္ေရးေလ့က်င့္ခန္းကို လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။ အင္ဒိုနီးရွားေရတပ္တာဝန္ရွိသူ တစ္ဦးက ႐ုရွားနဲ႔ျပဳလုပ္မယ့္ စစ္ေရးေလ့က်င့္ခန္းဟာ ႏွစ္ႏိုင္ငံၾကား မိတ္ဖက္ျဖစ္မႈကို ပိုမိုေကာင္းမြန္ေစမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။