ပီတာအား ဝန်ကြီးချုပ်တင်မြှောက်ရေး ဖိအားပေးမည့် လူထုဆန္ဒပြပွဲအစီအစဉ်ကို လက်ရှိ ထိုင်းအထက် လွှတ်တော်အမတ် ပြင်းထန်စွာသတိပေး

 2412

Htay Oung (NP News) - မေ ၂၂

မကြာသေးခင်က ကျင်းပပြီးစီးသွားတဲ့ ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲမှာ MFP ပါတီက အမတ်နေရာ အများဆုံး ရရှိသွားပါတယ်။ MFP ပါတီခေါင်းဆောင် ပီတာလင်ဂျာရွန်ရတ် (၄၂ နှစ်) ကို ဝန်ကြီးချုပ်အဖြစ် သဘောတူပေးရေး ထိုင်းအထက်လွှတ်တော်အမတ်များအပေါ် ဖိအားပေးဖို့ ရည်ရွယ်ပြီး မနက်ဖန် အင်္ဂါနေ့ ထိုင်းပါလီမန်အဆောက်အအုံရှေ့ ကြိုက်ကိုင်ဧရိယာမှာ လူထုစည်းဝေးပွဲ ပြုလုပ်ဖို့ “ ညီညွတ်သော သွမ်မာဆက်နှင့် ဆန္ဒပြပွဲများ တပ်ဦး“ UFTD က စီစဉ်ထားပါတယ်။ အဲဒီလုပ်ရပ်အတွက် ပီတာလင်ဂျာရွန်ရတ်အနေနဲ့ အကျိုးဆက်များကို လက်ခံရလိမ့်မယ်လို့ လက်ရှိထိုင်းအထက်လွှတ်တော်အမျိုးသမီးအမတ် ခွန်ရင်ပွန်တစ်ရိုအန်နာဆူနမ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တနင်္ဂနွေနေ့က ရေးသားတယ်လို့ Bangkok Post က ယနေ့ (မေလ ၂၂ ရက်)မှာဖော်ပြပါတယ်။

ထိုင်းအစိုးရအရာရှိဟောင်း၊ အထက်လွှတ်တော်အမတ်နဲ့ ထိုင်းနိုင်ငံသားတစ်ဦးရဲ့ ထင်မြင်ချက်အဖြစ် ခွန်ရင် ပွန်တစ်က သူ့ရဲ့ Instagram မှာ လွှင့်တင်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် လူထုကို တင်ပြခဲ့တဲ့ MFP ပါတီရဲ့ မူဝါဒ တော်တော်များများဟာ တကယ်အကောင်အထည်ဖော်နိုင်ရင် ကျေနပ်ဖွယ်ကောင်းပေမယ့် ပါတီအနေနဲ့ ဘုရင်စနစ်ကို မထိပါးအပ် ကြောင်း၊ ဒါပေမဲ့ ယခု ပစ်ထာကို ထောက်ခံကြောင်း လူထုအစည်းအဝေးပွဲကို စီစဉ်သူ UFTD တို့ဟာ ၂ဝ၂ဝ ခုနှစ် သြဂုတ်လ ၁ဝ ရက် သွမ်မာဆက်တက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ လူထုလှုပ်ရှားမှု အခန်းအနား ပြုလုပ်ပြီး အချက် ၁ဝ ချက် ထုတ်ဖော်တောင်းဆိုခဲ့ဖူးကြောင်း၊ အဲဒီတောင်းဆိုချက်များမှာ ထိုင်းနိုင်ငံဘုရင်စနစ်ကို မုန်းတီးတယ်လို့ ဖော်ပြထားကြောင်း၊ UFTD နောက်ကွယ်မှ လူများဟာ တော်ဝင်အင်စတီကျူးရှင်းအပေါ်သစ္စာစောင့်သိတဲ့ ထိုင်းပြည်သူများရဲ့ နှလုံးသားကို နင်းခြေရန် ရည်ရွယ်ချက်ရှိကြောင်း အင်္ဂါနေ့ ထိုင်းပါလီမန်အဆောက်အအုံရှေ့ လူထုစည်းဝေးပွဲ ပြုလုပ်မယ့်အစီအစဉ်က ပြသနေကြောင်း၊ တော်ဝင်အဖွဲ့အစည်းကို ကာကွယ်ဖို့ ထွက်လာနိုင်သူတွေရဲ့ စွမ်းအားကို လျှော့မတွက်သင့်ကြောင်း ခွန်ရင်ပွန်တစ်က ပြောထားပါတယ်။

MFP ပါတီအနေနဲ့ ရွေးကောက်အတွက် အောင်ပွဲခံနိုင်ပေမဲ့ ထိုင်းပြည်သူအများစုကြီးကို ကိုယ်စားပြုတယ်လို့ တောင်းဆိုနိုင်ခြင်း မရှိကြောင်း၊ အထက်လွှတ်တော်အမတ်တွေဟာ ပစ်ထာ၀န်ကြီးချုပ်ဖြစ်ဖို့ အခွင့်အရေးကို ပိတ်ပင်တားဆီးမှာ မဟုတ်ပေမယ့် သူ့ကို ကျောထောက်နောက်ခံပေးနေသူတွေဟာ ဘုရင်စနစ်ကို ဆန့်ကျင်တဲ့ အင်အားစုများ ဖြစ်နေကြောင်း လက်ရှိအထက်လွှတ်တော်အမျိုးသမီးအမတ် ခွန်ရင်ပွန်တစ်ရိုအန်နာဆူနမ်က သတိပေးပါတယ်။

အထက်-အောက် လွှတ်တော်နှစ်ရပ်ရှိတဲ့ ထိုင်းပါလီမန်မှာ အထက်လွှတ်တော် အမတ် ၂၅ဝ ကို ထိုင်းစစ်တပ်က တိုက်ရိုက်ရွေးချယ်ခန့်အပ်ပြီး အောက်လွှတ်တော် အမတ်နေရာ ၅ဝဝ အတွက် ထိုင်းနိုင်ငံရေးပါတီအသီးသီးတို့က ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။ လွှတ်တော်နှစ်ရပ် (၂၅ဝ + ၅ဝဝ) = ၇၅ဝ ရဲ့ ထက် ဝက် + ၁ = အမတ် ၃၇၆ ဦး စုစည်းနိုင်တဲ့ ပါတီဟာ အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပစ်ထာရဲ့ MFP ပါတီက အမတ် ၁၅၂ နေရာရရှိခဲ့တယ်လို့ Diplomat က ယနေ့ ရေးသားပါတယ်။

အမတ် ၁၄၁ နေရာ အနိုင်ရရှိထားတဲ့ သက်ဆင်မိသားစု ဖြူထိုင်းပါတီအပါအ၀င် ၆-ပါတီစုပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့စည်းမယ်လို့ ပစ်ထာက ပြောပေမဲ့ အဲ့ဒီပါတီအားလုံးပေါင်း အမတ် ၃၀၉ ဦးသာ ရှိနေပါတယ်။ လောလောဆယ် သက်ဆင်မိသားစုပါတီ၀င်တို့ကလည်း MFP နဲ့ ပူးပေါင်းဖို့ မသေမချာပြောဆိုနေပြီး တကယ်လို့ ဖြူထိုင်းအပါအ၀င် နောက်ထပ် တစ်ပါတီပေါင်းပြီး (၇)ပါတီ ညွန့်ပေါင်းဖွဲ့နိုင်ရင်တောင် အောက်လွှတ်တော်မှာ ၃၁၃ နေရာသာ ရှိနေပါလိမ့်မယ်။

လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် ကွန်ဆာဗေးတစ်ပါတီများနဲ့ စစ်တပ်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော်အမတ် ၂၅ဝ မှအချို့ကို မျှော်လင့်စရာ ရှိနေပါတယ်။ ဒီအတွက် ၂ဝ၁၇ ခုနှစ်ထိုင်းဘုရင့်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ အထက်လွှတ်တော်ရဲ့ တည်ရှိမှုဟာ MFP ပါတီရဲ့ အောင်မြင်မှုကို မပျက်စီးစေ သင့်ကြောင်း၊ အချုပ်အခြာအာဏာပိုင်ရှင် အစစ်အမှန်ဖြစ်တဲ့ ပြည်သူများရဲ့ ဆန္ဒကို လေးစားရန် တောင်းဆိုချက်များနဲ့ မနက်ဖန် ထိုင်းပါလီမန်အပြင်ဘက်မှာ ဆန္ဒပြတောင်းဆိုဖို့ စီစဉ်ထားပါတယ်။

(ကျောက်ဖယားမြစ် လက်ဝဲဖက်ကမ်း ကြိုက်ကိုင်ရင်ပြင်အနီးမှာ ထိုင်းပါလီမန်အဆောက်အအုံနဲ့ ထိုင်းအစိုးရအ ဖွဲ့ရုံးတို့ တည်ရှိပါတယ်။ ထိုင်းဘုရင့်တပ်မတော် (RTA) စစ်အခြေစိုက်စခန်းအတော်များများ တည်ရှိတဲ့နေရာ ဖြစ်ပြီး၊ အမှတ်(၁) အမြောက်တပ်ရင်း၊ ဘုရင့်ကိုယ်ရံတော်တပ်ရင်း၊ အမှတ် ၄ တပ်မနဲ့၊ တေဝင်သံချပ်ကာယန္တယားတပ် ရေဒီယိုစခန်းများလည်း တည်ရှိနေပါတယ်။ ၁၉၃၂ ခုနှစ် ဆိုင်ယမ်မီးစ်တော်လှန်ရေး၊ ၁၉၇၆ ခုနှစ် သွမ်မာဆက်တက္ကသိုလ် အစုအပုံလိုက် သတ်ဖြတ်မှု၊ ၁၉၈၁ ဧပြီလပုန်ကန်မှု၊ ၁၉၈၅ ခုနှစ် စက်တင်ဘာ ၉ ရက် ပုန်ကန်မှုစသည်တို့ကို ဖြိုခွင်းခြင်းများနဲ့ ထိုင်းစစ်တပ်က အာဏာသိမ်းယူမှုများမှာ အဲဒီတပ်များက ပါဝင်ခဲ့ကြဖူးပါတယ်။

(ယခုသတင်းကို ဖတ်ရင်း အစိုးရအုပ်ချုပ်သူများနှင့် နိုင်ငံရေးသမားတို့ ပြောဆိုသည့် “ပြည်သူ“ ဆိုသည်မှာ မည်သူတို့ကို ဆိုလိုကြောင်း ကျွန်တော့်အနေဖြင့် မှန်းဆမရနိုင်တော့ပဲ အတော်ပင် ခေါင်းစားသွားမိပါသည်။ ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်သည်။)

((Bangkok Post., 22 May 2023,” Khunying Porntip issues stern warning to Pita” နှင့် Diplomat.,” Key Thai Youth Activist Group Plans Senate Protest” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
ပီတာအား ဝန္ႀကီးခ်ဳပ္တင္ေျမႇာက္ေရး ဖိအားေပးမည့္ လူထုဆႏၵျပပြဲအစီအစဥ္ကို လက္ရွိ ထိုင္းအထက္ လႊတ္ေတာ္အမတ္ ျပင္းထန္စြာသတိေပး
Htay Oung (NP News) - ေမ ၂၂

မၾကာေသးခင္က က်င္းပၿပီးစီးသြားတဲ့ ထိုင္းႏိုင္ငံအေထြေထြေ႐ြးေကာက္ပြဲမွာ MFP ပါတီက အမတ္ေနရာ အမ်ားဆုံး ရရွိသြားပါတယ္။ MFP ပါတီေခါင္းေဆာင္ ပီတာလင္ဂ်ာ႐ြန္ရတ္ (၄၂ ႏွစ္) ကို ဝန္ႀကီးခ်ဳပ္အျဖစ္ သေဘာတူေပးေရး ထိုင္းအထက္လႊတ္ေတာ္အမတ္မ်ားအေပၚ ဖိအားေပးဖို႔ ရည္႐ြယ္ၿပီး မနက္ဖန္ အဂၤါေန႔ ထိုင္းပါလီမန္အေဆာက္အအုံေရွ႕ ႀကိဳက္ကိုင္ဧရိယာမွာ လူထုစည္းေဝးပြဲ ျပဳလုပ္ဖို႔ “ ညီၫြတ္ေသာ သြမ္မာဆက္ႏွင့္ ဆႏၵျပပြဲမ်ား တပ္ဦး“ UFTD က စီစဥ္ထားပါတယ္။ အဲဒီလုပ္ရပ္အတြက္ ပီတာလင္ဂ်ာ႐ြန္ရတ္အေနနဲ႔ အက်ိဳးဆက္မ်ားကို လက္ခံရလိမ့္မယ္လို႔ လက္ရွိထိုင္းအထက္လႊတ္ေတာ္အမ်ိဳးသမီးအမတ္ ခြန္ရင္ပြန္တစ္႐ိုအန္နာဆူနမ္က သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ တနဂၤေႏြေန႔က ေရးသားတယ္လို႔ Bangkok Post က ယေန႔ (ေမလ ၂၂ ရက္)မွာေဖာ္ျပပါတယ္။

ထိုင္းအစိုးရအရာရွိေဟာင္း၊ အထက္လႊတ္ေတာ္အမတ္နဲ႔ ထိုင္းႏိုင္ငံသားတစ္ဦးရဲ႕ ထင္ျမင္ခ်က္အျဖစ္ ခြန္ရင္ ပြန္တစ္က သူ႔ရဲ႕ Instagram မွာ လႊင့္တင္ခဲ့ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

ေ႐ြးေကာက္ပြဲ မတိုင္ခင္ လူထုကို တင္ျပခဲ့တဲ့ MFP ပါတီရဲ႕ မူဝါဒ ေတာ္ေတာ္မ်ားမ်ားဟာ တကယ္အေကာင္အထည္ေဖာ္ႏိုင္ရင္ ေက်နပ္ဖြယ္ေကာင္းေပမယ့္ ပါတီအေနနဲ႔ ဘုရင္စနစ္ကို မထိပါးအပ္ ေၾကာင္း၊ ဒါေပမဲ့ ယခု ပစ္ထာကို ေထာက္ခံေၾကာင္း လူထုအစည္းအေဝးပြဲကို စီစဥ္သူ UFTD တို႔ဟာ ၂ဝ၂ဝ ခုႏွစ္ ၾသဂုတ္လ ၁ဝ ရက္ သြမ္မာဆက္တကၠသိုလ္ေက်ာင္းဝင္းအတြင္းမွာ လူထုလႈပ္ရွားမႈ အခန္းအနား ျပဳလုပ္ၿပီး အခ်က္ ၁ဝ ခ်က္ ထုတ္ေဖာ္ေတာင္းဆိုခဲ့ဖူးေၾကာင္း၊ အဲဒီေတာင္းဆိုခ်က္မ်ားမွာ ထိုင္းႏိုင္ငံဘုရင္စနစ္ကို မုန္းတီးတယ္လို႔ ေဖာ္ျပထားေၾကာင္း၊ UFTD ေနာက္ကြယ္မွ လူမ်ားဟာ ေတာ္ဝင္အင္စတီက်ဴးရွင္းအေပၚသစၥာေစာင့္သိတဲ့ ထိုင္းျပည္သူမ်ားရဲ႕ ႏွလုံးသားကို နင္းေျခရန္ ရည္႐ြယ္ခ်က္ရွိေၾကာင္း အဂၤါေန႔ ထိုင္းပါလီမန္အေဆာက္အအုံေရွ႕ လူထုစည္းေဝးပြဲ ျပဳလုပ္မယ့္အစီအစဥ္က ျပသေနေၾကာင္း၊ ေတာ္ဝင္အဖြဲ႕အစည္းကို ကာကြယ္ဖို႔ ထြက္လာႏိုင္သူေတြရဲ႕ စြမ္းအားကို ေလွ်ာ့မတြက္သင့္ေၾကာင္း ခြန္ရင္ပြန္တစ္က ေျပာထားပါတယ္။

MFP ပါတီအေနနဲ႔ ေ႐ြးေကာက္အတြက္ ေအာင္ပြဲခံႏိုင္ေပမဲ့ ထိုင္းျပည္သူအမ်ားစုႀကီးကို ကိုယ္စားျပဳတယ္လို႔ ေတာင္းဆိုႏိုင္ျခင္း မရွိေၾကာင္း၊ အထက္လႊတ္ေတာ္အမတ္ေတြဟာ ပစ္ထာ၀န္ႀကီးခ်ဳပ္ျဖစ္ဖို႔ အခြင့္အေရးကို ပိတ္ပင္တားဆီးမွာ မဟုတ္ေပမယ့္ သူ႔ကို ေက်ာေထာက္ေနာက္ခံေပးေနသူေတြဟာ ဘုရင္စနစ္ကို ဆန႔္က်င္တဲ့ အင္အားစုမ်ား ျဖစ္ေနေၾကာင္း လက္ရွိအထက္လႊတ္ေတာ္အမ်ိဳးသမီးအမတ္ ခြန္ရင္ပြန္တစ္႐ိုအန္နာဆူနမ္က သတိေပးပါတယ္။

အထက္-ေအာက္ လႊတ္ေတာ္ႏွစ္ရပ္ရွိတဲ့ ထိုင္းပါလီမန္မွာ အထက္လႊတ္ေတာ္ အမတ္ ၂၅ဝ ကို ထိုင္းစစ္တပ္က တိုက္႐ိုက္ေ႐ြးခ်ယ္ခန္႔အပ္ၿပီး ေအာက္လႊတ္ေတာ္ အမတ္ေနရာ ၅ဝဝ အတြက္ ထိုင္းႏိုင္ငံေရးပါတီအသီးသီးတို႔က ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ပါတယ္။ လႊတ္ေတာ္ႏွစ္ရပ္ (၂၅ဝ + ၅ဝဝ) = ၇၅ဝ ရဲ႕ ထက္ ဝက္ + ၁ = အမတ္ ၃၇၆ ဦး စုစည္းႏိုင္တဲ့ ပါတီဟာ အစိုးရဖြဲ႕ႏိုင္မွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ ပစ္ထာရဲ႕ MFP ပါတီက အမတ္ ၁၅၂ ေနရာရရွိခဲ့တယ္လို႔ Diplomat က ယေန႔ ေရးသားပါတယ္။

အမတ္ ၁၄၁ ေနရာ အႏိုင္ရရွိထားတဲ့ သက္ဆင္မိသားစု ျဖဴထိုင္းပါတီအပါအ၀င္ ၆-ပါတီစုေပါင္းၿပီး ၫြန္႔ေပါင္းအစိုးရဖြဲ႕စည္းမယ္လို႔ ပစ္ထာက ေျပာေပမဲ့ အဲ့ဒီပါတီအားလုံးေပါင္း အမတ္ ၃၀၉ ဦးသာ ရွိေနပါတယ္။ ေလာေလာဆယ္ သက္ဆင္မိသားစုပါတီ၀င္တို႔ကလည္း MFP နဲ႔ ပူးေပါင္းဖို႔ မေသမခ်ာေျပာဆိုေနၿပီး တကယ္လို႔ ျဖဴထိုင္းအပါအ၀င္ ေနာက္ထပ္ တစ္ပါတီေပါင္းၿပီး (၇)ပါတီ ၫြန္႔ေပါင္းဖြဲ႕ႏိုင္ရင္ေတာင္ ေအာက္လႊတ္ေတာ္မွာ ၃၁၃ ေနရာသာ ရွိေနပါလိမ့္မယ္။

လိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္ဖို႔အတြက္ ကြန္ဆာေဗးတစ္ပါတီမ်ားနဲ႔ စစ္တပ္က ခန္႔အပ္ထားတဲ့ အထက္လႊတ္ေတာ္အမတ္ ၂၅ဝ မွအခ်ိဳ႕ကို ေမွ်ာ္လင့္စရာ ရွိေနပါတယ္။ ဒီအတြက္ ၂ဝ၁၇ ခုႏွစ္ထိုင္းဘုရင့္ႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒပါ အထက္လႊတ္ေတာ္ရဲ႕ တည္ရွိမႈဟာ MFP ပါတီရဲ႕ ေအာင္ျမင္မႈကို မပ်က္စီးေစ သင့္ေၾကာင္း၊ အခ်ဳပ္အျခာအာဏာပိုင္ရွင္ အစစ္အမွန္ျဖစ္တဲ့ ျပည္သူမ်ားရဲ႕ ဆႏၵကို ေလးစားရန္ ေတာင္းဆိုခ်က္မ်ားနဲ႔ မနက္ဖန္ ထိုင္းပါလီမန္အျပင္ဘက္မွာ ဆႏၵျပေတာင္းဆိုဖို႔ စီစဥ္ထားပါတယ္။

(ေက်ာက္ဖယားျမစ္ လက္ဝဲဖက္ကမ္း ႀကိဳက္ကိုင္ရင္ျပင္အနီးမွာ ထိုင္းပါလီမန္အေဆာက္အအုံနဲ႔ ထိုင္းအစိုးရအ ဖြဲ႕႐ုံးတို႔ တည္ရွိပါတယ္။ ထိုင္းဘုရင့္တပ္မေတာ္ (RTA) စစ္အေျခစိုက္စခန္းအေတာ္မ်ားမ်ား တည္ရွိတဲ့ေနရာ ျဖစ္ၿပီး၊ အမွတ္(၁) အေျမာက္တပ္ရင္း၊ ဘုရင့္ကိုယ္ရံေတာ္တပ္ရင္း၊ အမွတ္ ၄ တပ္မနဲ႔၊ ေတဝင္သံခ်ပ္ကာယႏၲယားတပ္ ေရဒီယိုစခန္းမ်ားလည္း တည္ရွိေနပါတယ္။ ၁၉၃၂ ခုႏွစ္ ဆိုင္ယမ္မီးစ္ေတာ္လွန္ေရး၊ ၁၉၇၆ ခုႏွစ္ သြမ္မာဆက္တကၠသိုလ္ အစုအပုံလိုက္ သတ္ျဖတ္မႈ၊ ၁၉၈၁ ဧၿပီလပုန္ကန္မႈ၊ ၁၉၈၅ ခုႏွစ္ စက္တင္ဘာ ၉ ရက္ ပုန္ကန္မႈစသည္တို႔ကို ၿဖိဳခြင္းျခင္းမ်ားနဲ႔ ထိုင္းစစ္တပ္က အာဏာသိမ္းယူမႈမ်ားမွာ အဲဒီတပ္မ်ားက ပါဝင္ခဲ့ၾကဖူးပါတယ္။

(ယခုသတင္းကို ဖတ္ရင္း အစိုးရအုပ္ခ်ဳပ္သူမ်ားႏွင့္ ႏိုင္ငံေရးသမားတို႔ ေျပာဆိုသည့္ “ျပည္သူ“ ဆိုသည္မွာ မည္သူတို႔ကို ဆိုလိုေၾကာင္း ကြၽန္ေတာ့္အေနျဖင့္ မွန္းဆမရႏိုင္ေတာ့ပဲ အေတာ္ပင္ ေခါင္းစားသြားမိပါသည္။ ။သတင္းဘာသာျပန္သူ၏ သုံးသပ္ခ်က္ျဖစ္သည္။)

((Bangkok Post., 22 May 2023,” Khunying Porntip issues stern warning to Pita” ႏွင့္ Diplomat.,” Key Thai Youth Activist Group Plans Senate Protest” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Picture

U Win Bo

22/05/2023 18:32

ပြည်သူ ပြည်သူ လိုဆိုတာ ဦးသူပြောစတမ်းပါ

Picture

Hla Thein

22/05/2023 20:39

အမှန်ပေါ့UWinBo

Related news

© 2021. All rights reserved.