မန္တလေးတွင် အငြိမ်းစားပါမောက္ခ ဆရာမကြီးတစ်ဦးအား လုယက်သတ်ဖြတ်သူအမျိုးသားကို ရွှေထည်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိ

805

သန့်ဇင်(NP News)-မေ ၁
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် အငြိမ်းစားပါမောက္ခ ဆရာမကြီးတစ်ဦးအား လုယက်သတ်ဖြတ်သူအမျိုးသားကို ရွှေထည်ပစ္စည်းများနှင့်အတူ ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ကျူးလွန်သူအမျိုသားကို ယနေ့(မေလ ၁ရက်)၊ နံနက် ၁၀နာရီအချိန်ခန့်က ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့တွင် လုယက်သတ်ဖြတ်ပြီးနောက် (၆)ရက် အကြာ၌ လုယက်ယူဆောင်သွားခဲ့သော ရွှေထည့်ပစ္စည်းများနှင့်အတူ ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
" မိတာတော့မိပြီးသွားပြီး။ အခုလည်းသွားခေါ်နေပါပြီး။ အဲဒီအမျိုးသားကို ရွှေထည်တွေနဲ့မိတာ။ ပါသွားတဲ့ ပစ္စည်းက ရွှေကလစ် (၁)ခု၊ ရွှေလက်စွပ်(၆)ကွင်း၊ ရွှေဆွဲသီး အကြီး(၁)ခု အသေး(၁)ခု၊ ရွှေဆွဲကြိုးက (၂)ကုန်း၊ နောက်ပြီး ရွှေလက်ကောက်က(၁)ကွင်းနဲ့အတူ မိတာပါ”ဟု လုခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လုယက်သတ်ဖြတ်ခံခဲ့ရသူ အမျိုသမီးမှာ ပုသိမ်းကြီးမြို့နယ်၊ အငြိမ်းစားအိမ်ယာတွင်နေထိုင်သော အသက်(၆၆)နှစ်အရွယ် သတ္တဗေဒ ဌာနမှ အငြိမ်းစားပါမောက္ခဆရာမကြီးတစ်ဦးဖြစ်ကြောင်း သိရသည်။
အဆိုပါ အငြိမ်းစားပါမောက္ခဆရာမကြီးသည် အိမ်ခြံမြေအရောင်းဝယ်လုပ်သူဖြစ်ကာ ပြီးခဲ့သည့် ဧပြီလ ၂၅ရက်က ပုသိမ်ကြီးမြို့နယ် အတွင်းရှိ လူမနေသော အိမ်တစ်အိမ်တွင် သတ်ဖြတ်လုယက်ခံခဲ့ရခြင်းဖြစ်ကြောင်းလည်း အထက်ပါ သတင်းရင်းမြစ်ကဆိုသည်။
”ဒေါက်တာထွေးထွေးက အငြိမ်းစားယူပြီးပုသိမ်ကြီးမှာပဲ သူနိုင်သလောက်လေး မြေဝယ်ရောင်းလုပ်တာ။ သူ့ကိုသတ်တာကလည်း လုပ်ငန်းတူအိမ်ခြံမြေပွဲစားပဲ။ အိမ်ကိုလိုက်ပြမယ်လို့ခေါ်သွားပြီး ပုသိမ်ကြီးမြို့နယ်ထဲက လူမနေတဲ့ ခြံဝန်းတံကားမရှိတဲ့ တစ်ထပ် တိုက်ကိုခေါ်သွားတာ။ အဲဒီနောက် ဒေါ်ထွေးထွေးကို လည်ပင်းညှစ်ပြီးကျောက်ခဲနဲ့ (၂)ချက်ထုပြီးသတ်သွားတာ”ဟု ၎င်းကဆက် ပြောသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူအမျိုးသားအား ဟဲဟိုးနယ်မြေရဲစခန်းမှ ပုသိမ်ကြီးနယ်မြေရဲစခန်းသို့ ခေါ်ဆောင်ကာ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထို့နောက် သေဆုံးသူ အငြိမ်းစားပေါမောက္ခဆရာမကြီး၏ ရုပ်အလောင်းကို ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်၊ မွန်းလွဲ ၁နာရီတွင် မန္တလေးရှိ တောင်အင်းမြောက်အင်းသုဿာန်သို့ ပို့ဆောင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

zawgyi version
မႏၲေလးတြင္ အၿငိမ္းစားပါေမာကၡ ဆရာမႀကီးတစ္ဦးအား လုယက္သတ္ျဖတ္သူအမ်ိဳးသားကို ေ႐ႊထည္ပစၥည္းမ်ားႏွင့္အတူဖမ္းဆီးရမိ
သန႔္ဇင္(NP News)-ေမ ၁
မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ အၿငိမ္းစားပါေမာကၡ ဆရာမႀကီးတစ္ဦးအား လုယက္သတ္ျဖတ္သူအမ်ိဳးသားကို ေ႐ႊထည္ပစၥည္းမ်ားႏွင့္အတူ ျပန္လည္ဖမ္းဆီးရမိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
က်ဴးလြန္သူအမ်ိဳသားကို ယေန႔(ေမလ ၁ရက္)၊ နံနက္ ၁၀နာရီအခ်ိန္ခန႔္က ရွမ္းျပည္နယ္၊ ဟဲဟိုးၿမိဳ႕တြင္ လုယက္သတ္ျဖတ္ၿပီးေနာက္ (၆)ရက္ အၾကာ၌ လုယက္ယူေဆာင္သြားခဲ့ေသာ ေ႐ႊထည့္ပစၥည္းမ်ားႏွင့္အတူ ျပန္လည္ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
" မိတာေတာ့မိၿပီးသြားၿပီး။ အခုလည္းသြားေခၚေနပါၿပီး။ အဲဒီအမ်ိဳးသားကို ေ႐ႊထည္ေတြနဲ႔မိတာ။ ပါသြားတဲ့ ပစၥည္းက ေ႐ႊကလစ္ (၁)ခု၊ ေ႐ႊလက္စြပ္(၆)ကြင္း၊ ေ႐ႊဆြဲသီး အႀကီး(၁)ခု အေသး(၁)ခု၊ ေ႐ႊဆြဲႀကိဳးက (၂)ကုန္း၊ ေနာက္ၿပီး ေ႐ႊလက္ေကာက္က(၁)ကြင္းနဲ႔အတူ မိတာပါ”ဟု လုၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။
လုယက္သတ္ျဖတ္ခံခဲ့ရသူ အမ်ိဳသမီးမွာ ပုသိမ္းႀကီးၿမိဳ႕နယ္၊ အၿငိမ္းစားအိမ္ယာတြင္ေနထိုင္ေသာ အသက္(၆၆)ႏွစ္အ႐ြယ္ သတၱေဗဒ ဌာနမွ အၿငိမ္းစားပါေမာကၡဆရာမႀကီးတစ္ဦးျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အၿငိမ္းစားပါေမာကၡဆရာမႀကီးသည္ အိမ္ၿခံေျမအေရာင္းဝယ္လုပ္သူျဖစ္ကာ ၿပီးခဲ့သည့္ ဧၿပီလ ၂၅ရက္က ပုသိမ္ႀကီးၿမိဳ႕နယ္ အတြင္းရွိ လူမေနေသာ အိမ္တစ္အိမ္တြင္ သတ္ျဖတ္လုယက္ခံခဲ့ရျခင္းျဖစ္ေၾကာင္းလည္း အထက္ပါ သတင္းရင္းျမစ္ကဆိုသည္။
”ေဒါက္တာေထြးေထြးက အၿငိမ္းစားယူၿပီးပုသိမ္ႀကီးမွာပဲ သူႏိုင္သေလာက္ေလး ေျမဝယ္ေရာင္းလုပ္တာ။ သူ႔ကိုသတ္တာကလည္း လုပ္ငန္းတူအိမ္ၿခံေျမပြဲစားပဲ။ အိမ္ကိုလိုက္ျပမယ္လို႔ေခၚသြားၿပီး ပုသိမ္ႀကီးၿမိဳ႕နယ္ထဲက လူမေနတဲ့ ၿခံဝန္းတံကားမရွိတဲ့ တစ္ထပ္ တိုက္ကိုေခၚသြားတာ။ အဲဒီေနာက္ ေဒၚေထြးေထြးကို လည္ပင္းညႇစ္ၿပီးေက်ာက္ခဲနဲ႔ (၂)ခ်က္ထုၿပီးသတ္သြားတာ”ဟု ၎ကဆက္ ေျပာသည္။
လက္ရွိတြင္ ျပစ္မႈက်ဴးလြန္သူအမ်ိဳးသားအား ဟဲဟိုးနယ္ေျမရဲစခန္းမွ ပုသိမ္ႀကီးနယ္ေျမရဲစခန္းသို႔ ေခၚေဆာင္ကာ ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရး ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ေနာက္ ေသဆုံးသူ အၿငိမ္းစားေပါေမာကၡဆရာမႀကီး၏ ႐ုပ္အေလာင္းကို ၿပီးခဲ့သည့္ ဧၿပီလ ၂၈ ရက္၊ မြန္းလြဲ ၁နာရီတြင္ မႏၲေလးရွိ ေတာင္အင္းေျမာက္အင္းသုႆာန္သို႔ ပို႔ေဆာင္ သၿဂႋဳလ္ခဲ့ေၾကာင္း သိရသည္။