“အပျိုစင်များ ရောင်းရန်ရှိသည်” (ဘာသာပြန်ဆောင်းပါး)

 3614

မောင်တင်ထွန်း (နတ်မောက်) (NP News) - မေ ၂၄

ဘူလ်ဂေးရီးယားနိုင်ငံမှာ အမျိုးသမီးငယ်တွေကို ဇနီးမယားအဖြစ် ‌ရောင်းချတဲ့ စျေးကွက်တစ်ခု ရှိပါတယ်။ ဝယ်ယူသူတွေက အိမ်ထောင်မရှိသေးတဲ့ လူပျိုတွေပါ။ ဒီနေရာကို ဂျစ်ပစီ သတို့သမီး‌စျေး လို့လူသိများပါတယ်။ စတာရာဇာဂိုရာ Stara Zagora ဆိုတဲ့ ဘူလ်ဂေးရီးယားအလယ်ပိုင်းမြို့တစ်မြို့က အော့သိုဒေါ့ ခရစ်ယန် ဥပုဒ် ကာလရဲ့ ပထမဆုံး စနေနေ့မှာ ဒီစျေးရောင်းပွဲကိုကျင်းပတာဖြစ်ပါတယ်။ အဲဒီနေ့မှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ လမ်းပေါ် မှာ စည်ကားလှပါတယ်။ ဒီလို စနေနေ့မှာ ခလိုက်ဂျစ်ဇ် Kalaidzhis လူမျိုးတွေဟာ စုရုံးပြီး တနေလုံး ကကြခုန်ကြ၊ သီချင်းဆိုကြ၊ စားကြသောက်ကြ ရီမောပြောဆိုကြပါတယ်။ မိတ်ကပ်ထူထူလိမ်းထားပြီး လှပတဲ့ အဝတ်အစားတွေ၊ ရွှေထည်တွေ ဝတ်ဆင်ကာ လှလှပပပြင်ဆင်ထားတဲ့၊ ခလိုက်ဂျစ်ဇ် မိန်းမပျိုလေးတွေဟာ ဒီသတို့သမီးစျေး ထဲကို ရောက်လာကြပါတယ်။

သူတို့နဲ့အတူ သူတို့ရဲ့ အမေတွေကလည်း အတူလိုက်ပါလာကြပြီး ကောင်းကောင်း မွန်မွန် ဝတ်စားလာကြပါတယ်။ အမေတွေက သမီးတွေကို ဒီလိုအပျိုပေါက်အရွယ်အထိ ကြီးပျင်းအောင် ‌ထိန်းသိမ်းစောင့်ရှောက်လာခဲ့ပြီး သူတို့လူ့အသိုင်းအဝိုင်းရဲ့ အစဉ်အလာကို လိုက်နာ ဆောင်ရွက်နိုင်တာကို ဂုဏ်ယူကြပါတယ်။ အဲဒီပွဲမှာ အိမ်ထောင်မရှိသေးတဲ့ ခလိုက်ဂျစ်လူငယ်တွေက မိမိနှစ်သက်တဲ့ သတို့သမီးလောင်းကိုဝယ်ယူဖို့ လိုက်လံကြည့်ရှုကြပါတယ်။ သတို့သမီးရှာဖွေတဲ့ သတို့သားလောင်းတွေအပြင် စူးစမ်းလိုစိတ်နဲ့ လာရောက်လည်ပတ်ကြသူတွေလည်း အများအပြားရှိပါ တယ်။ ဒီလိုပွဲမျိုးကို တနှစ်နှစ်ကြိမ်ကျင်းပလေ့ရှိပါတယ်။

ခလိုက်ဂျစ်ဇ်လူမျိုးတွေဟာ ဒီအစဥ်အလာကို ယုံယုံကြည်ကြည်နဲ့ ခေတ်ပေါင်းများစွာကြာအောင် ထိန်းသိမ်း လာခဲ့ကြတာပါ။ ယခုအခါမှာ လူဦးရေ ၁၈ဝဝဝ လောက်ရှိတဲ့ ခလိုက်ဂျစ်ဇ်တွေဟာ ဘူလ်ဂေးရီးယားကို ၁၂ ရာစုနဲ့ ၁၄ ရာစုအချိန် လောက်က ပြောင်းရွှေ့နေထိုင်လာကြသူတွေဖြစ်ပါတယ်။
တစ်စိတ်တစ်ပိုင်းအားဖြင့် ရေကြည်ရာမျက်နုရာရွှေ့ပြောင်းနေထိုင်တဲ့ ရိုမာအုပ်စု (ခလိုက်ဂျစ်လူမျိုး) တွေဟာ လက်ရာကောင်းတဲ့ ကြေးသွန်းလက်မှုထည်တွေထုလုပ်တာ၊ ကြေးပုဂံနဲ့ အိုးတွေ ပြင်ဆင်တာ စတဲ့အလုပ်တွေကို လုပ်ကိုင်ကြပါတယ်။ ဒီလူမျိုးနွယ်စုဟာ တခြားလူမျိုးတွေနဲ့ ခပ်ဝေးဝေးမှာနေလေ့ရှိ ကြပါတယ်။ သူတို့မိသားစုဝင် အမျိုးသမီးငယ်တွေကို ယောကျာ်းကလေးတွေနဲ့ တွေ့ဆုံခွင့်မပေးပါဘူး။ စာပေပညာသင်ကြားဖို့ ကျောင်းထားတဲ့ အမျိုးသမီးငယ်တွေကိုလည်း ပထမဆုံး ရာသီသွေးပေါ်ပြီးတဲ့ နောက်မှာ ကျောင်းကထုတ်လေ့ရှိကြပါတယ်။ များသောအားဖြင့် မိန်းကလေးငယ်တွေကို ကျောင်းမထား ကြပါ။ ၂ဝ၁၁ ခုနှစ်ကထုတ်ပြန်တဲ့ အစီရင်ခံစာတခု အရ၊ ဘူလ်ဂေးရီးယားမှာ ရိုမေးနီးယန်း ဂျစ်ပစီ ၄ ဒသမ ၄ ရာခိုင်နှုန်းရှိပါတယ်။ သူတို့ရဲ့ ရာဇဝတ်မှုကျူးလွန်တဲ့နှုန်း၊ ဖွားသေနှုန်းနဲ့ အလုပ်လက်မဲ့နှုန်း တွေက တခြားလူမျိုးတွေထက် မြင့်မားနေပါတယ်။ ဒီလိုဖြစ်ရတာဟာ သူတို့အပေါ် လူမျိုးရေးခွဲခြား ဆက်ဆံခံရမှုနဲ့ လူမှုရေးအမည်းစက်တွေကြောင့်ဘဲဖြစ်ပါတယ်။

ပညာတတ်မြောက်မှုနည်းပါးတဲ့အတွက် အမျိုးသမီးတွေဟာ ဒီလိုသတို့သမီးစျေးလို အစဉ်အလာ ဟောင်းတစ်ခုနောက်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ လိုက်ပါနေကြပြီး လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာကိုလည်း အမှုထားကြပုံမရှိကြပါ။

ခလိုက်ဂျစ်ဇ် လူ့အဖွဲ့အစည်းမှာ သူတို့သမီးလောင်းတွေရဲ့ အပျိုစင်ဖြစ်မှုဟာ အလွန်အရေးကြီး ပါတယ်။ သူတို့ဟာ အပျိုစင်ဖြစ်တယ်ဆိုရင် စျေးကောင်းရမှာဖြစ်ပြီး သူ့မိသားစုအတွက် များစွာ အကျိုးအမြတ်ရှိမှာဖြစ်ပါတယ်။ တကယ်လို့ သတို့သမီးဟာ အပျိုစင်မစစ်ဘူးဆိုရင်တော့ သူတို့သမီးလောင်းတွေဟာ စျေးပေါပါလိမ့်မယ်။ ဒီနေ့ဒီရက်ဟာ အမျိုးသမီးငယ်တွေအတွက် ယောကျာ်းကလေးတွေနဲ့ တွေ့ဆုံခွင့်ရတဲ့ တစ်ခုတည်းသော နေ့လည်းဖြစ်ပါတယ်။ သတို့သားလောင်းတွေဟာလည်း သူတို့မျိုးနွယ်စုဝင်ဖြစ်ဖို့ လိုပါတယ်။ မျိုးနွယ်စုမတူသူနဲ့ လက်ထပ်ထိမ်းမြားခြင်းမပြုဖို့ ကြပ်တည်းစွာတားမြစ်ထားပါတယ်။ အမျိုးသမီးလေးတွေကို ယောကျာ်းလေးတွေကဝယ်ယူတဲ့အခါ အပြိုင်အဆိုင်‌‌‌‌စျေးပေးကြပြီးတဲ့နောက်၊ ဒေါ်လာ ၂၉ဝ ကနေ ၃၅ဝ အထိပေးရလေ့ရှိပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ စျေးနှုန်းက အများကြီးမြင့်တက်သွားတတ်ပါတယ်။ ဒါက အလွန်လှပပြီး အပျိုစင်အဖြစ် စိတ်ချရတဲ့ ဂုဏ်သတင်းကြီးမိန်းကလေးကို စျေးပြိုင်ပေးမှုအပေါ် လည်းမူတည်ပါတယ်။

ဘူလ်ဂေးရီးယား သိပ္ပံအကယ်ဒမီက လူမျိုးနွယ်စုလေ့လာရေးပညာရှင် Velcro Krustev ဗယ်လ်ခရို ခရပ်စ်တက်ဗ်က “ယောကျာ်းကလေးတွေက ဇနီးမယားဝယ်တာမဟုတ်ပါ၊ အပျိုစင်ဖြစ်မှုကို ဝယ်တာပါ” လို့ ဆိုပါတယ်။ ခလိုက်ဂျစ်ဇ်တွေက သူတို့ရဲ့ သမီးလေးတွေကို အသက် ၁၃ နှစ်ကနေ အသက် ၂ဝ နှစ်အတွင်းမှာ လက်ထပ်စေပါတယ်။ အမျိုးသမီးငယ် တချို့ကတော့ (၈) တန်းအရောက်မှာ ကျောင်းကထုတ်ကြပါတယ်။ သူတို့သမီး အပျိုဖေါ်ဝင်ပြီးချိန်မှာ ယောကျာ်းကလေးတစ်ယောက် ယောက်နဲ့ ကျူးလွန်မှာနဲ့ ခိုးယူခံရမှာစိုးရိမ်ကြလို့ပါ။

“တကယ်လို့ မိန်းခလေးကို ရောင်းချလိုက်ပြီးတဲ့နောက်မှာ သူမဟာ အပျိုစင်မဟုတ်ဘူးဆိုတာ သိသွားရင်၊ သူတို့က ကျမတို့ကို ဖာသယ်မ၊ အပျက်မ၊ ပြည့်တန်ဆာမ စသဖြင့်ခေါ်ကြပါလိမ့်မယ်။ မိသားစုရဲ့ ဂုဏ်သိက္ခာကို လည်းထိခိုက်ပါတယ်။ ခလိုက်ဂျစ်ဇ် မိန်းမတွေဟာ သူတို့ပထမ ဆုံးလက်ထပ်ချိန်မှာ အပျိုစင်ဖြစ်ဖို့ အရေးကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အပျိုစင်ဖြစ်မှုအတွက် ငွေ အမြောက်အများပေးရလို့ဘဲဖြစ်ပါတယ်။” လို့ ပက်ပါ ဆိုတဲ့ မိန်းခလေးက ရှင်းပြပါတယ်။

အဲဒီလိုဖြစ်ခဲ့ရင် သူတို့မိသားစုဟာ အရှက်တကွဲဖြစ်ပြီး မိန်းကလေးတွေအတွက် စျေးကောင်းရကြ တော့မှာမဟုတ်ပါ။ ဒါကြောင့် မိန်းကလေးတွေကို အိမ်မှာ သော့ခတ်ပိတ်လှောင်ထားလေ့ရှိကြပါတယ်။ ဒါကြောင့်လည်း အမျိုးသမီးတွေဟာ ပညာမတတ်ဖြစ်ကြတာများပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့စာရင်းအရ ခလိုက်ဂျစ်ဇ် အမျိုးသမီး (၁ဝ) ရာခိုင်နှုန်းကသာ အထက်တန်းအဆင့် ပညာရေးရှိပါတယ်။ အမျိုးသမီး (၅) ယောက်အနက် တစ်ယောက်ဟာ စာမတတ်ပါဘူး။

ဒီအမျိုးသမီးတွေဟာ ချက်ပြုတ်ရေး အိမ်တွင်းသန့်ရှင်းရေး ကိစ္စတွေနဲ့ အလုပ်များလေ့ရှိပါတယ်။ သူတို့ ယောက်ကျားတွေက သူတို့ကိုအိမ်ပြင်အလုပ်တွေကို ပေးမလုပ်ကြပါ။ ခလိုက်ဂျစ်ဇ်တွေရဲ့ အိုးခွက် လုပ်ငန်းဟာ လည်း တရုတ်ကလာတဲ့ ‌စျေးပေါတဲ့ အိုးခွက်တွေရဲ့ ခြိမ်းခြောက်တာကိုခံနေရပါတယ်။ ဒါကြောင့် သူတို့ဟာ မိရိုးဖလာလုပ်ငန်းတွေကို စွန့်လွှတ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ကြပါတယ်။

သတို့သမီးစျေးကိုလည်ပတ်ကြည့်ရှုပြီးတဲ့နောက်မှာ လာဆင်က ဒီလိုမိန်းကလေးတွေကို စျေးပြိုင် ပေးဝယ်ယူတဲ့ဓလေ့ထုံးစံနဲ့ပတ်သက်ပြီး ယောကျာ်းလေးတစ်ချို့ရဲ့အမြင်ကိုမေးကြည့်ပါတယ်။ တစ်ယောက်က “ ကျွန်တော် ဒီဓလေ့ထုံးစံကို မကြိုက်ပါဘူး။ ဒါပေမဲ့ ဒါက ဓလေ့ထုံးစံဖြစ်လို့ လိုက်နာရမှာဘဲ” လို့ဖြေကြားပါတယ်။

ပက်ပါနဲ့ ရိုစီလို့ခေါ်တဲ့ စျေးကွက်အတင်ခံရတဲ့ မိန်းမပျိုလေး နှစ်ဦးရဲ့အမေဖြစ်သူ ဗီရာ ကိုမေးကြည့်ရာမှာတော့ “ချစ်ရေးဆိုပိုပန်းကြသူတွေဟာ မိန်းကလေးတွေကို ဒီမှာဝယ်ယူကြတာ မဟုတ်ဘူး။ ယောကျာ်းကလေးတွေက မိန်းကလေးရဲ့ လက်ကိုဘဲ ကိုင်ကြည့်ဖို့ တောင်းဆိုတာပါ။ အဲဒီမှာ တစ်ယောက်နဲ့တစ်ယောက် သိရှိသွားကြပါတယ်။ ကျွန်မက ရောင်းမယ်ဆိုတဲ့အခါ အဲဒီ ပိုးပန်းသူက ကျွန်မတို့အိမ်ကိုလာဖို့ လိုပါတယ်။” လို့ပြောပါတယ်။

သတို့သမီးစျေးကို သွားရောက်လည်ပတ် လေ့လာပြီးတဲ့အခါမှာတော့ လာဆင်ရဲ့ သုံးသပ်ချက်က “ဒါဟာ သတို့သမီး သတို့သား အများအပြား အမြန်ချိန်းဆို တွေ့ဆုံမှုတစ်ခုပါ။ မီဒီယာတွေက ဖေါ်ပြသလို အတင်းအဓမ္မ လက်ထပ်ထိမ်းမြားစေခြင်း မဟုတ်ပါဘူး လို့ မှတ်ချက်ချပါတယ်။

ခလိုက်ဂျစ်ဇ် မိန်းကလေးတွေအနေနဲ့တော့ ဒီလိုသတို့သမီးရောင်းချတဲ့ အစဉ်အလာကို လက်ခံလိုက်နာယုံမှတပါး တခြားရွေးချယ်စရာမရှိပါဘူး။ လာဆင်ရဲ့ အမြင်အရ ဒါဟာ ဇွတ်အတင်း အဓမ္မပေးစားခြင်းမဟုတ်ဘူး ဆိုရင်တောင်မှ မိန်းကလေးတွေကို အပျိုစင်ဘဝထိန်းသိမ်းနိုင်အောင် ပိတ်လှောင်ထားခံရတာနဲ့ စာမတတ်ပေမတတ်ဖြစ်အောင်တွန်းပို့တဲ့ ဓလေ့ကတော့ တကယ်မလို လားအပ်တဲ့ ကိစ္စပါဘဲ။
မီဒီယာတွေက ဒီကိစ္စကို ဖေါ်ထုတ်တင်ပြကြပေမဲ့ အစိုးရရဲ့ တက်ကြွတဲ့ ပူးပေါင်းဆောင်ရွက်မှုကို မရကြပါဘူး။ မိမိဘဝရဲ့လက်တွဲဖေါ်ရွေးချယ်ရာမှာ အမျိုးသမီးတွေကို မိမိဖာသာ လွတ်လပ်စွာ ရွေးချယ်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့် ပေးဖို့လိုပါတယ်။ သူတို့ဟာ ဒီလို ခေတ်နောက်ကျတဲ့ ဓလေ့ထုံးစံဆိုးထဲမှာ တုတ်နှောင်ခံနေတာမျိုးမဖြစ် သင့်တော့ပါ။ နိဂုံးချုပ်ပြောရရင်တော့ ဘူလ်ဂေးရီးယားအစိုးရအနေနဲ့ ဒီသတို့သမီးရောင်းတဲ့ ဓလေ့ထုံးစံကို တရားမဝင်ကြောင်း ဥပဒေပြဌာန်းပိတ်ပင်သင့်ပြီဖြစ်ပါတယ်။

ကိုးကား- How Virgins are Sold in Bulgaria's Bride Market
- Bride market of Bulgaria – young virgin girls for sale

zawgyi version
“အပ်ိဳစင္မ်ား ေရာင္းရန္ရွိသည္” (ဘာသာျပန္ေဆာင္းပါး)
ေမာင္တင္ထြန္း (နတ္ေမာက္) (NP News) - ေမ ၂၄

ဘူလ္ေဂးရီးယားႏိုင္ငံမွာ အမ်ိဳးသမီးငယ္ေတြကို ဇနီးမယားအျဖစ္ ‌ေရာင္းခ်တဲ့ ေစ်းကြက္တစ္ခု ရွိပါတယ္။ ဝယ္ယူသူေတြက အိမ္ေထာင္မရွိေသးတဲ့ လူပ်ိဳေတြပါ။ ဒီေနရာကို ဂ်စ္ပစီ သတို႔သမီး‌ေစ်း လို႔လူသိမ်ားပါတယ္။ စတာရာဇာဂိုရာ Stara Zagora ဆိုတဲ့ ဘူလ္ေဂးရီးယားအလယ္ပိုင္းၿမိဳ႕တစ္ၿမိဳ႕က ေအာ့သိုေဒါ့ ခရစ္ယန္ ဥပုဒ္ ကာလရဲ႕ ပထမဆုံး စေနေန႔မွာ ဒီေစ်းေရာင္းပြဲကိုက်င္းပတာျဖစ္ပါတယ္။ အဲဒီေန႔မွာ ေပ်ာ္ပြဲ႐ႊင္ပြဲေတြနဲ႔ လမ္းေပၚ မွာ စည္ကားလွပါတယ္။ ဒီလို စေနေန႔မွာ ခလိုက္ဂ်စ္ဇ္ Kalaidzhis လူမ်ိဳးေတြဟာ စု႐ုံးၿပီး တေနလုံး ကၾကခုန္ၾက၊ သီခ်င္းဆိုၾက၊ စားၾကေသာက္ၾက ရီေမာေျပာဆိုၾကပါတယ္။ မိတ္ကပ္ထူထူလိမ္းထားၿပီး လွပတဲ့ အဝတ္အစားေတြ၊ ေ႐ႊထည္ေတြ ဝတ္ဆင္ကာ လွလွပပျပင္ဆင္ထားတဲ့၊ ခလိုက္ဂ်စ္ဇ္ မိန္းမပ်ိဳေလးေတြဟာ ဒီသတို႔သမီးေစ်း ထဲကို ေရာက္လာၾကပါတယ္။

သူတို႔နဲ႔အတူ သူတို႔ရဲ႕ အေမေတြကလည္း အတူလိုက္ပါလာၾကၿပီး ေကာင္းေကာင္း မြန္မြန္ ဝတ္စားလာၾကပါတယ္။ အေမေတြက သမီးေတြကို ဒီလိုအပ်ိဳေပါက္အ႐ြယ္အထိ ႀကီးပ်င္းေအာင္ ‌ထိန္းသိမ္းေစာင့္ေရွာက္လာခဲ့ၿပီး သူတို႔လူ႔အသိုင္းအဝိုင္းရဲ႕ အစဥ္အလာကို လိုက္နာ ေဆာင္႐ြက္ႏိုင္တာကို ဂုဏ္ယူၾကပါတယ္။ အဲဒီပြဲမွာ အိမ္ေထာင္မရွိေသးတဲ့ ခလိုက္ဂ်စ္လူငယ္ေတြက မိမိႏွစ္သက္တဲ့ သတို႔သမီးေလာင္းကိုဝယ္ယူဖို႔ လိုက္လံၾကည့္ရႈၾကပါတယ္။ သတို႔သမီးရွာေဖြတဲ့ သတို႔သားေလာင္းေတြအျပင္ စူးစမ္းလိုစိတ္နဲ႔ လာေရာက္လည္ပတ္ၾကသူေတြလည္း အမ်ားအျပားရွိပါ တယ္။ ဒီလိုပြဲမ်ိဳးကို တႏွစ္ႏွစ္ႀကိမ္က်င္းပေလ့ရွိပါတယ္။

ခလိုက္ဂ်စ္ဇ္လူမ်ိဳးေတြဟာ ဒီအစဥ္အလာကို ယုံယုံၾကည္ၾကည္နဲ႔ ေခတ္ေပါင္းမ်ားစြာၾကာေအာင္ ထိန္းသိမ္း လာခဲ့ၾကတာပါ။ ယခုအခါမွာ လူဦးေရ ၁၈ဝဝဝ ေလာက္ရွိတဲ့ ခလိုက္ဂ်စ္ဇ္ေတြဟာ ဘူလ္ေဂးရီးယားကို ၁၂ ရာစုနဲ႔ ၁၄ ရာစုအခ်ိန္ ေလာက္က ေျပာင္းေ႐ႊ႕ေနထိုင္လာၾကသူေတြျဖစ္ပါတယ္။
တစ္စိတ္တစ္ပိုင္းအားျဖင့္ ေရၾကည္ရာမ်က္ႏုရာေ႐ႊ႕ေျပာင္းေနထိုင္တဲ့ ႐ိုမာအုပ္စု (ခလိုက္ဂ်စ္လူမ်ိဳး) ေတြဟာ လက္ရာေကာင္းတဲ့ ေၾကးသြန္းလက္မႈထည္ေတြထုလုပ္တာ၊ ေၾကးပုဂံနဲ႔ အိုးေတြ ျပင္ဆင္တာ စတဲ့အလုပ္ေတြကို လုပ္ကိုင္ၾကပါတယ္။ ဒီလူမ်ိဳးႏြယ္စုဟာ တျခားလူမ်ိဳးေတြနဲ႔ ခပ္ေဝးေဝးမွာေနေလ့ရွိ ၾကပါတယ္။ သူတို႔မိသားစုဝင္ အမ်ိဳးသမီးငယ္ေတြကို ေယာက်ာ္းကေလးေတြနဲ႔ ေတြ႕ဆုံခြင့္မေပးပါဘူး။ စာေပပညာသင္ၾကားဖို႔ ေက်ာင္းထားတဲ့ အမ်ိဳးသမီးငယ္ေတြကိုလည္း ပထမဆုံး ရာသီေသြးေပၚၿပီးတဲ့ ေနာက္မွာ ေက်ာင္းကထုတ္ေလ့ရွိၾကပါတယ္။ မ်ားေသာအားျဖင့္ မိန္းကေလးငယ္ေတြကို ေက်ာင္းမထား ၾကပါ။ ၂ဝ၁၁ ခုႏွစ္ကထုတ္ျပန္တဲ့ အစီရင္ခံစာတခု အရ၊ ဘူလ္ေဂးရီးယားမွာ ႐ိုေမးနီးယန္း ဂ်စ္ပစီ ၄ ဒသမ ၄ ရာခိုင္ႏႈန္းရွိပါတယ္။ သူတို႔ရဲ႕ ရာဇဝတ္မႈက်ဴးလြန္တဲ့ႏႈန္း၊ ဖြားေသႏႈန္းနဲ႔ အလုပ္လက္မဲ့ႏႈန္း ေတြက တျခားလူမ်ိဳးေတြထက္ ျမင့္မားေနပါတယ္။ ဒီလိုျဖစ္ရတာဟာ သူတို႔အေပၚ လူမ်ိဳးေရးခြဲျခား ဆက္ဆံခံရမႈနဲ႔ လူမႈေရးအမည္းစက္ေတြေၾကာင့္ဘဲျဖစ္ပါတယ္။

ပညာတတ္ေျမာက္မႈနည္းပါးတဲ့အတြက္ အမ်ိဳးသမီးေတြဟာ ဒီလိုသတို႔သမီးေစ်းလို အစဥ္အလာ ေဟာင္းတစ္ခုေနာက္ကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ လိုက္ပါေနၾကၿပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈဆိုတာကိုလည္း အမႈထားၾကပုံမရွိၾကပါ။

ခလိုက္ဂ်စ္ဇ္ လူ႔အဖြဲ႕အစည္းမွာ သူတို႔သမီးေလာင္းေတြရဲ႕ အပ်ိဳစင္ျဖစ္မႈဟာ အလြန္အေရးႀကီး ပါတယ္။ သူတို႔ဟာ အပ်ိဳစင္ျဖစ္တယ္ဆိုရင္ ေစ်းေကာင္းရမွာျဖစ္ၿပီး သူ႔မိသားစုအတြက္ မ်ားစြာ အက်ိဳးအျမတ္ရွိမွာျဖစ္ပါတယ္။ တကယ္လို႔ သတို႔သမီးဟာ အပ်ိဳစင္မစစ္ဘူးဆိုရင္ေတာ့ သူတို႔သမီးေလာင္းေတြဟာ ေစ်းေပါပါလိမ့္မယ္။ ဒီေန႔ဒီရက္ဟာ အမ်ိဳးသမီးငယ္ေတြအတြက္ ေယာက်ာ္းကေလးေတြနဲ႔ ေတြ႕ဆုံခြင့္ရတဲ့ တစ္ခုတည္းေသာ ေန႔လည္းျဖစ္ပါတယ္။ သတို႔သားေလာင္းေတြဟာလည္း သူတို႔မ်ိဳးႏြယ္စုဝင္ျဖစ္ဖို႔ လိုပါတယ္။ မ်ိဳးႏြယ္စုမတူသူနဲ႔ လက္ထပ္ထိမ္းျမားျခင္းမျပဳဖို႔ ၾကပ္တည္းစြာတားျမစ္ထားပါတယ္။ အမ်ိဳးသမီးေလးေတြကို ေယာက်ာ္းေလးေတြကဝယ္ယူတဲ့အခါ အၿပိဳင္အဆိုင္‌‌‌‌ေစ်းေပးၾကၿပီးတဲ့ေနာက္၊ ေဒၚလာ ၂၉ဝ ကေန ၃၅ဝ အထိေပးရေလ့ရွိပါတယ္။ ဒါေပမဲ့ တစ္ခါတစ္ရံမွာ ေစ်းႏႈန္းက အမ်ားႀကီးျမင့္တက္သြားတတ္ပါတယ္။ ဒါက အလြန္လွပၿပီး အပ်ိဳစင္အျဖစ္ စိတ္ခ်ရတဲ့ ဂုဏ္သတင္းႀကီးမိန္းကေလးကို ေစ်းၿပိဳင္ေပးမႈအေပၚ လည္းမူတည္ပါတယ္။

ဘူလ္ေဂးရီးယား သိပၸံအကယ္ဒမီက လူမ်ိဳးႏြယ္စုေလ့လာေရးပညာရွင္ Velcro Krustev ဗယ္လ္ခ႐ို ခရပ္စ္တက္ဗ္က “ေယာက်ာ္းကေလးေတြက ဇနီးမယားဝယ္တာမဟုတ္ပါ၊ အပ်ိဳစင္ျဖစ္မႈကို ဝယ္တာပါ” လို႔ ဆိုပါတယ္။ ခလိုက္ဂ်စ္ဇ္ေတြက သူတို႔ရဲ႕ သမီးေလးေတြကို အသက္ ၁၃ ႏွစ္ကေန အသက္ ၂ဝ ႏွစ္အတြင္းမွာ လက္ထပ္ေစပါတယ္။ အမ်ိဳးသမီးငယ္ တခ်ိဳ႕ကေတာ့ (၈) တန္းအေရာက္မွာ ေက်ာင္းကထုတ္ၾကပါတယ္။ သူတို႔သမီး အပ်ိဳေဖၚဝင္ၿပီးခ်ိန္မွာ ေယာက်ာ္းကေလးတစ္ေယာက္ ေယာက္နဲ႔ က်ဴးလြန္မွာနဲ႔ ခိုးယူခံရမွာစိုးရိမ္ၾကလို႔ပါ။

“တကယ္လို႔ မိန္းခေလးကို ေရာင္းခ်လိုက္ၿပီးတဲ့ေနာက္မွာ သူမဟာ အပ်ိဳစင္မဟုတ္ဘူးဆိုတာ သိသြားရင္၊ သူတို႔က က်မတို႔ကို ဖာသယ္မ၊ အပ်က္မ၊ ျပည့္တန္ဆာမ စသျဖင့္ေခၚၾကပါလိမ့္မယ္။ မိသားစုရဲ႕ ဂုဏ္သိကၡာကို လည္းထိခိုက္ပါတယ္။ ခလိုက္ဂ်စ္ဇ္ မိန္းမေတြဟာ သူတို႔ပထမ ဆုံးလက္ထပ္ခ်ိန္မွာ အပ်ိဳစင္ျဖစ္ဖို႔ အေရးႀကီးပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ အပ်ိဳစင္ျဖစ္မႈအတြက္ ေငြ အေျမာက္အမ်ားေပးရလို႔ဘဲျဖစ္ပါတယ္။” လို႔ ပက္ပါ ဆိုတဲ့ မိန္းခေလးက ရွင္းျပပါတယ္။

အဲဒီလိုျဖစ္ခဲ့ရင္ သူတို႔မိသားစုဟာ အရွက္တကြဲျဖစ္ၿပီး မိန္းကေလးေတြအတြက္ ေစ်းေကာင္းရၾက ေတာ့မွာမဟုတ္ပါ။ ဒါေၾကာင့္ မိန္းကေလးေတြကို အိမ္မွာ ေသာ့ခတ္ပိတ္ေလွာင္ထားေလ့ရွိၾကပါတယ္။ ဒါေၾကာင့္လည္း အမ်ိဳးသမီးေတြဟာ ပညာမတတ္ျဖစ္ၾကတာမ်ားပါတယ္။ ကမာၻ႔ဘဏ္ရဲ႕စာရင္းအရ ခလိုက္ဂ်စ္ဇ္ အမ်ိဳးသမီး (၁ဝ) ရာခိုင္ႏႈန္းကသာ အထက္တန္းအဆင့္ ပညာေရးရွိပါတယ္။ အမ်ိဳးသမီး (၅) ေယာက္အနက္ တစ္ေယာက္ဟာ စာမတတ္ပါဘူး။

ဒီအမ်ိဳးသမီးေတြဟာ ခ်က္ျပဳတ္ေရး အိမ္တြင္းသန႔္ရွင္းေရး ကိစၥေတြနဲ႔ အလုပ္မ်ားေလ့ရွိပါတယ္။ သူတို႔ ေယာက္က်ားေတြက သူတို႔ကိုအိမ္ျပင္အလုပ္ေတြကို ေပးမလုပ္ၾကပါ။ ခလိုက္ဂ်စ္ဇ္ေတြရဲ႕ အိုးခြက္ လုပ္ငန္းဟာ လည္း တ႐ုတ္ကလာတဲ့ ‌ေစ်းေပါတဲ့ အိုးခြက္ေတြရဲ႕ ၿခိမ္းေျခာက္တာကိုခံေနရပါတယ္။ ဒါေၾကာင့္ သူတို႔ဟာ မိ႐ိုးဖလာလုပ္ငန္းေတြကို စြန႔္လႊတ္ၿပီး ေဆာက္လုပ္ေရးလုပ္ငန္းေတြမွာ ဝင္ေရာက္လုပ္ကိုင္ၾကပါတယ္။

သတို႔သမီးေစ်းကိုလည္ပတ္ၾကည့္ရႈၿပီးတဲ့ေနာက္မွာ လာဆင္က ဒီလိုမိန္းကေလးေတြကို ေစ်းၿပိဳင္ ေပးဝယ္ယူတဲ့ဓေလ့ထုံးစံနဲ႔ပတ္သက္ၿပီး ေယာက်ာ္းေလးတစ္ခ်ိဳ႕ရဲ႕အျမင္ကိုေမးၾကည့္ပါတယ္။ တစ္ေယာက္က “ ကြၽန္ေတာ္ ဒီဓေလ့ထုံးစံကို မႀကိဳက္ပါဘူး။ ဒါေပမဲ့ ဒါက ဓေလ့ထုံးစံျဖစ္လို႔ လိုက္နာရမွာဘဲ” လို႔ေျဖၾကားပါတယ္။

ပက္ပါနဲ႔ ႐ိုစီလို႔ေခၚတဲ့ ေစ်းကြက္အတင္ခံရတဲ့ မိန္းမပ်ိဳေလး ႏွစ္ဦးရဲ႕အေမျဖစ္သူ ဗီရာ ကိုေမးၾကည့္ရာမွာေတာ့ “ခ်စ္ေရးဆိုပိုပန္းၾကသူေတြဟာ မိန္းကေလးေတြကို ဒီမွာဝယ္ယူၾကတာ မဟုတ္ဘူး။ ေယာက်ာ္းကေလးေတြက မိန္းကေလးရဲ႕ လက္ကိုဘဲ ကိုင္ၾကည့္ဖို႔ ေတာင္းဆိုတာပါ။ အဲဒီမွာ တစ္ေယာက္နဲ႔တစ္ေယာက္ သိရွိသြားၾကပါတယ္။ ကြၽန္မက ေရာင္းမယ္ဆိုတဲ့အခါ အဲဒီ ပိုးပန္းသူက ကြၽန္မတို႔အိမ္ကိုလာဖို႔ လိုပါတယ္။” လို႔ေျပာပါတယ္။

သတို႔သမီးေစ်းကို သြားေရာက္လည္ပတ္ ေလ့လာၿပီးတဲ့အခါမွာေတာ့ လာဆင္ရဲ႕ သုံးသပ္ခ်က္က “ဒါဟာ သတို႔သမီး သတို႔သား အမ်ားအျပား အျမန္ခ်ိန္းဆို ေတြ႕ဆုံမႈတစ္ခုပါ။ မီဒီယာေတြက ေဖၚျပသလို အတင္းအဓမၼ လက္ထပ္ထိမ္းျမားေစျခင္း မဟုတ္ပါဘူး လို႔ မွတ္ခ်က္ခ်ပါတယ္။

ခလိုက္ဂ်စ္ဇ္ မိန္းကေလးေတြအေနနဲ႔ေတာ့ ဒီလိုသတို႔သမီးေရာင္းခ်တဲ့ အစဥ္အလာကို လက္ခံလိုက္နာယုံမွတပါး တျခားေ႐ြးခ်ယ္စရာမရွိပါဘူး။ လာဆင္ရဲ႕ အျမင္အရ ဒါဟာ ဇြတ္အတင္း အဓမၼေပးစားျခင္းမဟုတ္ဘူး ဆိုရင္ေတာင္မွ မိန္းကေလးေတြကို အပ်ိဳစင္ဘဝထိန္းသိမ္းႏိုင္ေအာင္ ပိတ္ေလွာင္ထားခံရတာနဲ႔ စာမတတ္ေပမတတ္ျဖစ္ေအာင္တြန္းပို႔တဲ့ ဓေလ့ကေတာ့ တကယ္မလို လားအပ္တဲ့ ကိစၥပါဘဲ။
မီဒီယာေတြက ဒီကိစၥကို ေဖၚထုတ္တင္ျပၾကေပမဲ့ အစိုးရရဲ႕ တက္ႂကြတဲ့ ပူးေပါင္းေဆာင္႐ြက္မႈကို မရၾကပါဘူး။ မိမိဘဝရဲ႕လက္တြဲေဖၚေ႐ြးခ်ယ္ရာမွာ အမ်ိဳးသမီးေတြကို မိမိဖာသာ လြတ္လပ္စြာ ေ႐ြးခ်ယ္ခြင့္နဲ႔ ဆုံးျဖတ္ပိုင္ခြင့္ ေပးဖို႔လိုပါတယ္။ သူတို႔ဟာ ဒီလို ေခတ္ေနာက္က်တဲ့ ဓေလ့ထုံးစံဆိုးထဲမွာ တုတ္ေႏွာင္ခံေနတာမ်ိဳးမျဖစ္ သင့္ေတာ့ပါ။ နိဂုံးခ်ဳပ္ေျပာရရင္ေတာ့ ဘူလ္ေဂးရီးယားအစိုးရအေနနဲ႔ ဒီသတို႔သမီးေရာင္းတဲ့ ဓေလ့ထုံးစံကို တရားမဝင္ေၾကာင္း ဥပေဒျပဌာန္းပိတ္ပင္သင့္ၿပီျဖစ္ပါတယ္။

ကိုးကား- How Virgins are Sold in Bulgaria's Bride Market
- Bride market of Bulgaria – young virgin girls for sale

Related news

© 2021. All rights reserved.