ဝေဖန်ပြစ်တင်မှုများရှိပေမယ့် ရဲတပ်ဖွဲ့ရဲ့လုပ်ငန်းများမှာ စက်ရုပ်ခွေး အသုံးပြုဖို့ အမေရိကန်လော့အိန်ဂျယ်လိစ့် ကောင်စီခွင့်ပြု

676

ဂျန်ဇက် (NP News) - မေ ၂၄
အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိစ့်ကောင်စီဟာ ရဲတပ်ဖွဲ့လုပ်ငန်းတွေမှာ အသုံးပြုဖို့ robot dogs တွေကို အသုံးပြုဖို့ ခွင့်ပြုပေးလိုက်ကြောင်းသိရပါတယ်။
ဒေသခံများဟာ စက်ရုပ်ခွေး အသုံးပြုမယ့်အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြခဲ့ပေမယ့် လော့အိန်ဂျယ်လိစ့် ကောင်စီကတော့ ခွင့်ပြုပေးခဲ့ကြောင်းသိရပါတယ်။ လော့အိဂျယ်လိစ့် ကောင်စီရှိ ကိုယ်စားလှယ်များကြား မဲခွဲဆုံးဖြတ်ရာမှာ ၈ မဲ၊ ၄ မဲနဲ့ ထောက်ခံမဲပေးခဲ့ကြောင်းသိရပါတယ်။ အမေရိကန်နိုင်ငံရှိ မြို့များမှာ ရဲတပ်ဖွဲ့ရဲ့ရှာဖွေရေးလုပ်ငန်းများအတွင်းစက်ရုပ်ခွေးအသုံးပြုခြင်းကို ဆန့်ကျင်ဝေဖန်နေပြီး ကြောက်စရာကောင်းတဲ့ နည်းပညာကိုအသုံးပြုရှာဖွေခြင်းဖြစ်ကြောင်းဝေဖန်ထားပါတယ်။ နယူးယောက်မြို့ ဒေသခံများကန့်ကွက်မှုများရှိခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းများအတွင်း စက်ရုပ်ခွေးအသုံးပြုမှုတွေ နောက် ဆုတ်သွားခဲ့ဖူးကြောင်းသိရပါတယ်။ လောအိန်ဂျယ်လိစ့်ပြည်နယ်ရဲတပ်ဖွဲ့အတွက် အသုံးပြုမယ့် စက်ရုပ်ခွေးကို Boston Dynamics ဒီဇိုင်းထုတ်လုပ်ဖန်တီးထားပြီးမြေပြင် နဲ့ အဆောက်အဦးတွေကို အလိုအ လျောက်သွားလာနိုင်သလို ထောက်လှမ်းရေးကိရိယာများ၊ sensors များနဲ့အခြားလိုအပ်တဲ့ ပစ္စည်းများတပ်ဆင်အသုံးပြုနိုင်မှာဖြစ်ကြောင်းသိရပါတယ်။
လော့အိန်ဂျယ်လိစ့် ဒေသခံတစ်ဦးက "စက်ရုပ်တွေအသုံးပြုလာခြင်းကြောင့် ရဲတပ်ဖွဲ့တွေမှာ စက်ရုပ်ရဲတွေဖြစ်လာတော့မယ်။ ရဲတပ်ဖွဲ့လုပ်ငန်းတွေမှာ ဉာဏ်ရည်အတုအသုံးပြုတာမျိုးတွေကို မနှစ်သက်ဘူး" လို့ပြောပါတယ်။ ဒါ့ပြင်နောက်ထပ်ဒေသခံတစ်ဦးကလည်း "လော့အိန်ဂျယ်လိစ့် ကောင်စီဝင်တွေဟာ ပြည်သူတွေရဲ့အသံတွေကိုနားထောင်ပြီးနောက် ရဲတပ်ဖွဲ့လုပ်ငန်းတွေမှာ စက်ရုပ်ခွေးအသုံးပြုမယ့်အစီအစဉ်ကို ကန့်ကွက်မဲပေးစေလိုတယ်။ နယူးယောက်မြို့ နဲ့ ဆန်ဖရန်စစ်စကိုမြို့တွေမှာ စက်ရုပ်ခွေးအသုံးပြုဖို့ စီစဉ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ အစီအစဉ်တွေကို နောက်ဆုတ်ရွှေ့ဆိုင်းခဲ့တယ်"လို့ပြောပါတယ်။
လော့အိန်ဂျယ်လိစ့် ကောင်စီရဲ့တာဝန်ရှိသူများကတော့ စက်ရုပ်ခွေးများကို အထူးတပ်ဖွဲ့ရဲ့လုပ်ငန်းစဉ်များမှာအသုံးပြုမှာဖြစ်ကြောင်း၊ အလွန်အန္တရာယ်ရှိတဲ့ ရှာဖွေဖမ်းဆီးမှုများအတွင်း စက်ရုပ်ခွေးအသုံးပြုခြင်းကြောင့် တပ်ဖွဲ့ဝင်များ ဘေးကင်းလုံခြုံမှုများ ပိုမိုရှိလာမှာဖြစ်ကြောင်း ပြောပါတယ်။

zawgyi version
ေဝဖန္ျပစ္တင္မႈမ်ားရွိေပမယ့္ ရဲတပ္ဖြဲ႕ရဲ႕လုပ္ငန္းမ်ားမွာ စက္႐ုပ္ေခြး အသုံးျပဳဖို႔ အေမရိကန္ေလာ့အိန္ဂ်ယ္လိစ့္ ေကာင္စီခြင့္ျပဳ
ဂ်န္ဇက္ (NP News) - ေမ ၂၄
အေမရိကန္ႏိုင္ငံ ေလာ့အိန္ဂ်ယ္လိစ့္ေကာင္စီဟာ ရဲတပ္ဖြဲ႕လုပ္ငန္းေတြမွာ အသုံးျပဳဖို႔ robot dogs ေတြကို အသုံးျပဳဖို႔ ခြင့္ျပဳေပးလိုက္ေၾကာင္းသိရပါတယ္။
ေဒသခံမ်ားဟာ စက္႐ုပ္ေခြး အသုံးျပဳမယ့္အစီအစဥ္ကို ကန႔္ကြက္ဆႏၵျပခဲ့ေပမယ့္ ေလာ့အိန္ဂ်ယ္လိစ့္ ေကာင္စီကေတာ့ ခြင့္ျပဳေပးခဲ့ေၾကာင္းသိရပါတယ္။ ေလာ့အိဂ်ယ္လိစ့္ ေကာင္စီရွိ ကိုယ္စားလွယ္မ်ားၾကား မဲခြဲဆုံးျဖတ္ရာမွာ ၈ မဲ၊ ၄ မဲနဲ႔ ေထာက္ခံမဲေပးခဲ့ေၾကာင္းသိရပါတယ္။ အေမရိကန္ႏိုင္ငံရွိ ၿမိဳ႕မ်ားမွာ ရဲတပ္ဖြဲ႕ရဲ႕ရွာေဖြေရးလုပ္ငန္းမ်ားအတြင္းစက္႐ုပ္ေခြးအသုံးျပဳျခင္းကို ဆန႔္က်င္ေဝဖန္ေနၿပီး ေၾကာက္စရာေကာင္းတဲ့ နည္းပညာကိုအသုံးျပဳရွာေဖြျခင္းျဖစ္ေၾကာင္းေဝဖန္ထားပါတယ္။ နယူးေယာက္ၿမိဳ႕ ေဒသခံမ်ားကန႔္ကြက္မႈမ်ားရွိခဲ့တဲ့အတြက္ ရဲတပ္ဖြဲ႕ရဲ႕ လုပ္ငန္းမ်ားအတြင္း စက္႐ုပ္ေခြးအသုံးျပဳမႈေတြ ေနာက္ ဆုတ္သြားခဲ့ဖူးေၾကာင္းသိရပါတယ္။ ေလာအိန္ဂ်ယ္လိစ့္ျပည္နယ္ရဲတပ္ဖြဲ႕အတြက္ အသုံးျပဳမယ့္ စက္႐ုပ္ေခြးကို Boston Dynamics ဒီဇိုင္းထုတ္လုပ္ဖန္တီးထားၿပီးေျမျပင္ နဲ႔ အေဆာက္အဦးေတြကို အလိုအ ေလ်ာက္သြားလာႏိုင္သလို ေထာက္လွမ္းေရးကိရိယာမ်ား၊ sensors မ်ားနဲ႔အျခားလိုအပ္တဲ့ ပစၥည္းမ်ားတပ္ဆင္အသုံးျပဳႏိုင္မွာျဖစ္ေၾကာင္းသိရပါတယ္။
ေလာ့အိန္ဂ်ယ္လိစ့္ ေဒသခံတစ္ဦးက "စက္႐ုပ္ေတြအသုံးျပဳလာျခင္းေၾကာင့္ ရဲတပ္ဖြဲ႕ေတြမွာ စက္႐ုပ္ရဲေတြျဖစ္လာေတာ့မယ္။ ရဲတပ္ဖြဲ႕လုပ္ငန္းေတြမွာ ဉာဏ္ရည္အတုအသုံးျပဳတာမ်ိဳးေတြကို မႏွစ္သက္ဘူး" လို႔ေျပာပါတယ္။ ဒါ့ျပင္ေနာက္ထပ္ေဒသခံတစ္ဦးကလည္း "ေလာ့အိန္ဂ်ယ္လိစ့္ ေကာင္စီဝင္ေတြဟာ ျပည္သူေတြရဲ႕အသံေတြကိုနားေထာင္ၿပီးေနာက္ ရဲတပ္ဖြဲ႕လုပ္ငန္းေတြမွာ စက္႐ုပ္ေခြးအသုံးျပဳမယ့္အစီအစဥ္ကို ကန႔္ကြက္မဲေပးေစလိုတယ္။ နယူးေယာက္ၿမိဳ႕ နဲ႔ ဆန္ဖရန္စစ္စကိုၿမိဳ႕ေတြမွာ စက္႐ုပ္ေခြးအသုံးျပဳဖို႔ စီစဥ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာ အစီအစဥ္ေတြကို ေနာက္ဆုတ္ေ႐ႊ႕ဆိုင္းခဲ့တယ္"လို႔ေျပာပါတယ္။
ေလာ့အိန္ဂ်ယ္လိစ့္ ေကာင္စီရဲ႕တာဝန္ရွိသူမ်ားကေတာ့ စက္႐ုပ္ေခြးမ်ားကို အထူးတပ္ဖြဲ႕ရဲ႕လုပ္ငန္းစဥ္မ်ားမွာအသုံးျပဳမွာျဖစ္ေၾကာင္း၊ အလြန္အႏၲရာယ္ရွိတဲ့ ရွာေဖြဖမ္းဆီးမႈမ်ားအတြင္း စက္႐ုပ္ေခြးအသုံးျပဳျခင္းေၾကာင့္ တပ္ဖြဲ႕ဝင္မ်ား ေဘးကင္းလုံၿခဳံမႈမ်ား ပိုမိုရွိလာမွာျဖစ္ေၾကာင္း ေျပာပါတယ္။