အိန္ဒိယနိုင်ငံတွင် ဘုရားဖူးများတင်ဆောင်လာသော ဘတ်စ်ကားတစ်စီး ချောက်ထဲသို့ထိုးကျခဲ့ခြင်းကြောင့် အနည်းဆုံး လူ(၁ဝ)ဦး သေဆုံး

 460

Pika (NP News) - မေ ၃ဝ

အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားသည့် ကတ်ရှ်မီးယားဒေသတွင် ဟိန္ဒူဘုရားဖူးများတင်ဆောင်လာသည့် ဘတ်စ်ကား တစ်စီးသည် မေလ(၃ဝ)ရက်က အဝေးပြေးလမ်းမရှိ တံတားတစ်ခုပေါ်မှ လမ်းချော်ကာ ဟိမဝန္တာတောင်ကြားထဲသို့ ထိုးကျခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၁ဝ)ဦး သေဆုံးခဲ့ပြီး၊ အခြားလူ(၅၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါဘတ်စ်ကားသည် ပန်ဂျပ်ပြည်နယ်မြောက်ပိုင်း Amritsar မြို့မှ Katra မြို့သို့ သွားနေစဉ် Jammu မြို့အနီး တွင် လမ်းချော်ကာ ချောက်ထဲသို့ထိုးကျခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ ဘတ်စ်ကားသည် ဝန်ပို တင်ထားခဲ့ကြောင်း ဒေသခံရဲအရာရှိ Chandan Kohli က ပြောကြားခဲ့သည်။ ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် သေဆုံးသူများသည် အိန္ဒိယအရှေ့ပိုင်းရှိ ဘီဟာပြည်နယ်မှ ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

မတော်တဆမှုဖြစ်ပွားပြီးနောက်ဒေသခံများနှင့် ရဲအရာရှိများသည် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်း သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ ကြောင်း သိရသည်။

Katra မြို့ရှိ Vaishno Devi ၏ ဗိမာန်ကို ဟိန္ဒူဘာသာဝင်များက အလွန်ကြည်ညိုကြပြီး နှစ်စဉ် လူသိန်းချီ လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် အိန္ဒိယနိုင်ငံသည် ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံဖြစ်ပြီး နှစ်စဉ်လူသိန်းချီ သေဆုံးဒဏ်ရာရရှိကြောင်း သိရသည်။ အိန္ဒိယနိုင်ငံတွင် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး မဆင်မခြင်မောင်းနှင်မှု၊ လမ်းများ မကောင်းခြင်း နှင့် သက်တမ်းရင့်ကာ ချို့ယွင်းနေသော ယာဉ်များကြောင့်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အိႏၵိယႏိုင္ငံတြင္ ဘုရားဖူးမ်ားတင္ေဆာင္လာေသာ ဘတ္စ္ကားတစ္စီး ေခ်ာက္ထဲသို႔ထိုးက်ခဲ့ျခင္းေၾကာင့္ အနည္းဆုံး လူ(၁ဝ)ဦး ေသဆုံး
Pika (NP News) - ေမ ၃ဝ

အိႏၵိယႏိုင္ငံက ထိန္းခ်ဳပ္ထားသည့္ ကတ္ရွ္မီးယားေဒသတြင္ ဟိႏၵဴဘုရားဖူးမ်ားတင္ေဆာင္လာသည့္ ဘတ္စ္ကား တစ္စီးသည္ ေမလ(၃ဝ)ရက္က အေဝးေျပးလမ္းမရွိ တံတားတစ္ခုေပၚမွ လမ္းေခ်ာ္ကာ ဟိမဝႏၲာေတာင္ၾကားထဲသို႔ ထိုးက်ခဲ့ျခင္းေၾကာင့္ အနည္းဆုံးလူ(၁ဝ)ဦး ေသဆုံးခဲ့ၿပီး၊ အျခားလူ(၅၅)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။

အဆိုပါဘတ္စ္ကားသည္ ပန္ဂ်ပ္ျပည္နယ္ေျမာက္ပိုင္း Amritsar ၿမိဳ႕မွ Katra ၿမိဳ႕သို႔ သြားေနစဥ္ Jammu ၿမိဳ႕အနီး တြင္ လမ္းေခ်ာ္ကာ ေခ်ာက္ထဲသို႔ထိုးက်ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့သည္။ ဘတ္စ္ကားသည္ ဝန္ပို တင္ထားခဲ့ေၾကာင္း ေဒသခံရဲအရာရွိ Chandan Kohli က ေျပာၾကားခဲ့သည္။ ဘတ္စ္ကားတိမ္းေမွာက္မႈေၾကာင့္ ေသဆုံးသူမ်ားသည္ အိႏၵိယအေရွ႕ပိုင္းရွိ ဘီဟာျပည္နယ္မွ ျဖစ္ေၾကာင္း ၎က ထပ္မံေျပာၾကားခဲ့သည္။

မေတာ္တဆမႈျဖစ္ပြားၿပီးေနာက္ေဒသခံမ်ားႏွင့္ ရဲအရာရွိမ်ားသည္ အခင္းျဖစ္ပြားရာေနရာသို႔ ခ်က္ခ်င္း သြားေရာက္ကာ ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို လုပ္ေဆာင္ခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ ေၾကာင္း သိရသည္။

Katra ၿမိဳ႕ရွိ Vaishno Devi ၏ ဗိမာန္ကို ဟိႏၵဴဘာသာဝင္မ်ားက အလြန္ၾကည္ညိဳၾကၿပီး ႏွစ္စဥ္ လူသိန္းခ်ီ လာေရာက္လည္ပတ္ေလ့ရွိေၾကာင္း သိရသည္။ ကမာၻေပၚတြင္ အိႏၵိယႏိုင္ငံသည္ ယာဥ္မေတာ္တဆမႈေၾကာင့္ ေသဆုံးမႈႏႈန္း အျမင့္ဆုံးႏိုင္ငံျဖစ္ၿပီး ႏွစ္စဥ္လူသိန္းခ်ီ ေသဆုံးဒဏ္ရာရရွိေၾကာင္း သိရသည္။ အိႏၵိယႏိုင္ငံတြင္ ယာဥ္မေတာ္တဆမႈမ်ား မၾကာခဏျဖစ္ပြားေလ့ရွိၿပီး မဆင္မျခင္ေမာင္းႏွင္မႈ၊ လမ္းမ်ား မေကာင္းျခင္း ႏွင့္ သက္တမ္းရင့္ကာ ခ်ိဳ႕ယြင္းေနေသာ ယာဥ္မ်ားေၾကာင့္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.