ရုရှားက ဆွေးနွေးပွဲများ လုပ်ဆောင်ရန် ဆန္ဒရှိမည်မဟုတ်ကြောင်း ဥရောပသမဂ္ဂထိပ်တန်းသံအမတ် ပြော

 779

Pika (NP News) - မေ ၃ဝ

ယူကရိန်းစစ်ပွဲကို အနိုင်ရရှိရန် ကြိုးပမ်းနေသော ရုရှားသည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ရန် ဆန္ဒရှိမည်မဟုတ်ကြောင်း ဥရောပသမဂ္ဂထိပ်တိန်းသံအမတ် ဂျိုးဆက်ဘော်ရဲလ် က ပြောကြားခဲ့ သည်။

ဂျိုးဆက်ဘော်ရဲလ် က "စစ်ပွဲကို အနိုင်ရချင်တဲ့ ရုရှားရဲ့ပြတ်သားတဲ့ဆန္ဒကို ကျွန်တော်တို့ မြင်ပါတယ်။ ရုရှားဟာ စစ်ပွဲကို အနိုင်ရအောင်ကြိုးပမ်းနေတဲ့အတွက် ဆွေးနွေးပွဲတွေ လုပ်ဆောင်မှာ မဟုတ်ပါဘူး" ဟု ပြောဆိုခဲ့သည်။

ထို့အပြင် ရုရှားသည် ၎င်း၏ စစ်ရေးရည်မှန်းချက်များ မအောင်မြင်မချင်း စစ်ဆင်ရေးကို ရပ်တန့်သွားမည်မဟုတ်ဟု ၎င်းက ပြောကြားခဲ့သည်။ ရုရှားသည် ယူကရိန်းလေတပ်စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း နှင့် ယူကရိန်းတပ်ဖွဲ့ များသည် ရုရှားနိုင်ငံအတွင်းရှိ စက်မှုအဆောက်အဦးများကို တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုခဲ့ကြပြီး နှစ်ဖက်လုံး က အသာစီးရရန်ကြိုးပမ်းနေချိန်တွင် ဂျိုးဆက်ဘော်ရဲလ်က ယခုကဲ့သို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။

ဂျိုးဆက်ဘော်ရဲလ် က "အခုလက်ရှိနဲ့ လာမယ့်နွေရာသီကြားမှာ စစ်ပွဲဆက်ဖြစ်မှာကို ကျွန်တော် ကြောက်မိပါ တယ်။ ရုရှားသမ္မတပူတင်ဟာ တပ်ဖွဲ့ဝင်ပေါင်း(၃)သိန်းကျော်ကို စုဆောင်းခဲ့တယ်။ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှုတွေ စလုပ်ဆောင်တဲ့အချိန်ကထက် နှစ်ဆပိုများပါတယ်" ဟု ပြောဆိုခဲ့သည်။

ယူကရိန်းတွင် ရုရှားတပ်ဖွဲ့ဝင်များ အများအပြားရှိနေပြီး ယူကရိန်းကို နေ့စဉ်ဗုံးကြဲတိုက်ခိုက်ကာ အခြေခံ အဆောက်အဦးများကို ဖျက်ဆီးနေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂျိုးဆက်ဘော်ရဲလ် က "ယူကရိန်းတပ်ဖွဲ့ဝင်တွေက အစီအစဉ်မရှိဘဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်မှာကို ကျွန်တော် စိုးရိမ်မိပါတယ်။ ယူကရိန်းကို ဆက်လက်ကူညီဖို့အတွက် ကျွန်တော်တို့ဖက် ပြင်ဆင်ထားရမှာဖြစ်ပြီး ကျွန်တော်တို့ မကူညီဘူးဆိုရင် ယူကရိန်းက ခုခံကာကွယ်မှုတွေ လုပ်နိုင်မှာ မဟုတ်ပါဘူး" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
႐ုရွားက ေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ရန္ ဆႏၵရွိမည္မဟုတ္ေၾကာင္း ဥေရာပသမဂၢထိပ္တန္းသံအမတ္ ေျပာ
Pika (NP News) - ေမ ၃ဝ

ယူကရိန္းစစ္ပြဲကို အႏိုင္ရရွိရန္ ႀကိဳးပမ္းေနေသာ ႐ုရွားသည္ ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးညႇိႏႈိင္းမႈမ်ား လုပ္ေဆာင္ရန္ ဆႏၵရွိမည္မဟုတ္ေၾကာင္း ဥေရာပသမဂၢထိပ္တိန္းသံအမတ္ ဂ်ိဳးဆက္ေဘာ္ရဲလ္ က ေျပာၾကားခဲ့ သည္။

ဂ်ိဳးဆက္ေဘာ္ရဲလ္ က "စစ္ပြဲကို အႏိုင္ရခ်င္တဲ့ ႐ုရွားရဲ႕ျပတ္သားတဲ့ဆႏၵကို ကြၽန္ေတာ္တို႔ ျမင္ပါတယ္။ ႐ုရွားဟာ စစ္ပြဲကို အႏိုင္ရေအာင္ႀကိဳးပမ္းေနတဲ့အတြက္ ေဆြးေႏြးပြဲေတြ လုပ္ေဆာင္မွာ မဟုတ္ပါဘူး" ဟု ေျပာဆိုခဲ့သည္။

ထို႔အျပင္ ႐ုရွားသည္ ၎၏ စစ္ေရးရည္မွန္းခ်က္မ်ား မေအာင္ျမင္မခ်င္း စစ္ဆင္ေရးကို ရပ္တန႔္သြားမည္မဟုတ္ဟု ၎က ေျပာၾကားခဲ့သည္။ ႐ုရွားသည္ ယူကရိန္းေလတပ္စခန္းမ်ားကို တိုက္ခိုက္ခဲ့ေၾကာင္း ႏွင့္ ယူကရိန္းတပ္ဖြဲ႕ မ်ားသည္ ႐ုရွားႏိုင္ငံအတြင္းရွိ စက္မႈအေဆာက္အဦးမ်ားကို တိုက္ခိုက္ခဲ့ေၾကာင္း ေျပာဆိုခဲ့ၾကၿပီး ႏွစ္ဖက္လုံး က အသာစီးရရန္ႀကိဳးပမ္းေနခ်ိန္တြင္ ဂ်ိဳးဆက္ေဘာ္ရဲလ္က ယခုကဲ့သို႔ မွတ္ခ်က္ျပဳေျပာဆိုခဲ့ျခင္းျဖစ္သည္။

ဂ်ိဳးဆက္ေဘာ္ရဲလ္ က "အခုလက္ရွိနဲ႔ လာမယ့္ေႏြရာသီၾကားမွာ စစ္ပြဲဆက္ျဖစ္မွာကို ကြၽန္ေတာ္ ေၾကာက္မိပါ တယ္။ ႐ုရွားသမၼတပူတင္ဟာ တပ္ဖြဲ႕ဝင္ေပါင္း(၃)သိန္းေက်ာ္ကို စုေဆာင္းခဲ့တယ္။ ယူကရိန္းကို က်ဴးေက်ာ္ တိုက္ခိုက္မႈေတြ စလုပ္ေဆာင္တဲ့အခ်ိန္ကထက္ ႏွစ္ဆပိုမ်ားပါတယ္" ဟု ေျပာဆိုခဲ့သည္။

ယူကရိန္းတြင္ ႐ုရွားတပ္ဖြဲ႕ဝင္မ်ား အမ်ားအျပားရွိေနၿပီး ယူကရိန္းကို ေန႔စဥ္ဗုံးႀကဲတိုက္ခိုက္ကာ အေျခခံ အေဆာက္အဦးမ်ားကို ဖ်က္ဆီးေနဆဲျဖစ္ေၾကာင္း ၎က ေျပာၾကားခဲ့သည္။

ဂ်ိဳးဆက္ေဘာ္ရဲလ္ က "ယူကရိန္းတပ္ဖြဲ႕ဝင္ေတြက အစီအစဥ္မရွိဘဲ တိုက္ခိုက္မႈေတြ လုပ္ေဆာင္မွာကို ကြၽန္ေတာ္ စိုးရိမ္မိပါတယ္။ ယူကရိန္းကို ဆက္လက္ကူညီဖို႔အတြက္ ကြၽန္ေတာ္တို႔ဖက္ ျပင္ဆင္ထားရမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ မကူညီဘူးဆိုရင္ ယူကရိန္းက ခုခံကာကြယ္မႈေတြ လုပ္ႏိုင္မွာ မဟုတ္ပါဘူး" ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.