ရုရှားသူလျှိုလို့ ယူဆရတဲ့ ဝေလငါး ဘီလူဂါ (ဟာဗေးဒီးမား) ကို ဆွီဒင်ကမ်းလွန်မှာ တွေ့ရှိ

 3197

ရောင်နီ (NP News) - မေ ၃ဝ

ရုရှားရေတပ်က သူလျှိုအဖြစ် လေ့ကျင့်သင်ကြားထားတယ်လို့ ယူဆရတဲ့ ဘယ်လူဂါ ဝေလငါးတစ်ကောင်ကို ခြေရာခံအဖွဲ့အစည်းတစ်ခုက ဆွီဒင်ကမ်းရိုးတန်းမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ယခု ၄င်းကို နော်ဝေးမြောက်ပိုင်း အာတိတ်ဒေသ ဖင်းမက်ခ်မှာ တွေ့ရှိခဲ့ရပြီး ၄င်းဟာ ၄င်းကို ထိန်းသိမ်းထားတဲ့ အရံ အတားမှ လွတ်မြောက်လာတာဖြစ်နိုင်ကာ လူတွေနဲ့မစိမ်းတာကြောင့် ရုရှားရေတပ်မှ လေ့ကျင့်ပေးထားတာ ဖြစ်မယ်လို့ ငါးလုပ်ငန်းညွှန်ကြားမှုဦးစီးဌာနမှ အဏ္ဏဝါဇီဝဗေဒပညာရှင်တွေက ယူဆထားပါတယ်။

နော်ဝေလူမျိုးတွေဟာ ဘီလူဂါကို ရုရှားနဲ့ ဝေလငါး ပေါင်းဆည်းထားတဲ့ “ဟာဗေးဒီးမား” လို့ ခေါ်ဆိုလေ့ ရှိကြပါ တယ်။ တနင်္ဂနွေနေ့ (မေလ ၂၈ ရက်) က ဆွီဒင်နိုင်ငံ အနောက်တောင်ဘက် ကမ်းရိုးတန်းရှိ ဝေလငါး အဖွဲ့အစည်း Hunnebostrand မှ ၄င်းကို စောင့်ကြည့်လေ့လာခဲ့ကြောင်း အဆိုပါအဖွဲ့အစည်းက ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် သူက "သူ့ရဲ့သဘာဝပတ်ဝန်းကျင်နေရာကနေ အရမ်းမြန်မြန်ဆန်ဆန် ရွေ့လျားနေတယ်။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်တို့မသိပါဘူး" လို့ OneWhale အဖွဲ့အစည်းမှ အဏ္ဏဝါဇီဝဗေဒပညာရှင် Sebastian Strand က ပြောကြားပါတယ်။

“အဲဒါက သူ့ကို အိမ်ထောင်ဖက်ရှာဖို့ ဟော်မုန်းတွေက တွန်းပို့နေတာဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဘီလူဂါတွေဟာ အလွန်လူမှုရေးကို ခင်တွယ်တဲ့ မျိုးစိတ်တစ်ခုဖြစ်တာကြောင့် သူတို့နဲ့ မျိုးစိတ်တူ အခြားဘီလူဂါ ဝေလငါးတွေကို ရှာဖွေနေတာ ဖြစ်နိုင်တယ်" လို့ Strand မှ ပြောကြားခဲ့ပါတယ်။

ဘီလူဂါ ဝေလငါးမျိုးစိတ်တွေဟာ နော်ဝေး မြောက်ဘက်စွန်းမှာရှိတဲ့ ဆာဗေးလ်ဘက် ကျွန်းစုမှာ ကျတ်စားကြလေ့ ရှိပါတယ်။ "ဘီလူဂါဟာ ဝေလငါးရိုင်းမဟုတ်ပါဘူး။ သူဟာ ပျောက်ဆုံးသွားတဲ့၊ စွန့်ပစ်ခံရတဲ့ အိမ်မွေးတိရစ္ဆာန် တစ်ယောက်လို ပြုမူနေတယ်။ သူတို့က လူတွေကိုရှောင်မယ့်အစား လူတွေကို ရှာနေတယ်" လို့ OneWhale အဖွဲ့အစည်းက ပြောကြားခဲ့ပါတယ်။

ဘီလူဂါဟာ ရုရှားသူလျှိုဖြစ်နိုင်တယ်လို့ နော်ဝေရဲ့ ထင်ကြေးတွေကို ရုရှားက တရားဝင်တုံ့ပြန်မှုမျိုး မရှိခဲ့ပါဘူး။ ဘီလူဂါ ဝေလငါးတွေဟာ အများအားဖြင့် ဂရင်းလန်း၊ နော်ဝေးနဲ့ ရုရှားနိုင်ငံ မြောက်ပိုင်းတစ်ဝိုက်ရှိ ရေခဲရေပြင် တွေမှာ နေထိုင်လေ့ ရှိကြပါတယ်။

Zawgyi Version;
႐ုရွားသူလွ်ိဳလို႔ ယူဆရတဲ့ ေဝလငါး ဘီလူဂါ (ဟာေဗးဒီးမား) ကို ဆြီဒင္ကမ္းလြန္မွာ ေတြ႕ရွိ
ေရာင္နီ (NP News) - ေမ ၃ဝ

႐ုရွားေရတပ္က သူလွ်ိဳအျဖစ္ ေလ့က်င့္သင္ၾကားထားတယ္လို႔ ယူဆရတဲ့ ဘယ္လူဂါ ေဝလငါးတစ္ေကာင္ကို ေျခရာခံအဖြဲ႕အစည္းတစ္ခုက ဆြီဒင္ကမ္း႐ိုးတန္းမွာ ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

ယခု ၄င္းကို ေနာ္ေဝးေျမာက္ပိုင္း အာတိတ္ေဒသ ဖင္းမက္ခ္မွာ ေတြ႕ရွိခဲ့ရၿပီး ၄င္းဟာ ၄င္းကို ထိန္းသိမ္းထားတဲ့ အရံ အတားမွ လြတ္ေျမာက္လာတာျဖစ္ႏိုင္ကာ လူေတြနဲ႔မစိမ္းတာေၾကာင့္ ႐ုရွားေရတပ္မွ ေလ့က်င့္ေပးထားတာ ျဖစ္မယ္လို႔ ငါးလုပ္ငန္းၫႊန္ၾကားမႈဦးစီးဌာနမွ အဏၰဝါဇီဝေဗဒပညာရွင္ေတြက ယူဆထားပါတယ္။

ေနာ္ေဝလူမ်ိဳးေတြဟာ ဘီလူဂါကို ႐ုရွားနဲ႔ ေဝလငါး ေပါင္းဆည္းထားတဲ့ “ဟာေဗးဒီးမား” လို႔ ေခၚဆိုေလ့ ရွိၾကပါ တယ္။ တနဂၤေႏြေန႔ (ေမလ ၂၈ ရက္) က ဆြီဒင္ႏိုင္ငံ အေနာက္ေတာင္ဘက္ ကမ္း႐ိုးတန္းရွိ ေဝလငါး အဖြဲ႕အစည္း Hunnebostrand မွ ၄င္းကို ေစာင့္ၾကည့္ေလ့လာခဲ့ေၾကာင္း အဆိုပါအဖြဲ႕အစည္းက ေျပာၾကားခဲ့ပါတယ္။

အထူးသျဖင့္ သူက "သူ႔ရဲ႕သဘာဝပတ္ဝန္းက်င္ေနရာကေန အရမ္းျမန္ျမန္ဆန္ဆန္ ေ႐ြ႕လ်ားေနတယ္။ ဘာေၾကာင့္လဲဆိုတာေတာ့ ကြၽန္ေတာ္တို႔မသိပါဘူး" လို႔ OneWhale အဖြဲ႕အစည္းမွ အဏၰဝါဇီဝေဗဒပညာရွင္ Sebastian Strand က ေျပာၾကားပါတယ္။

“အဲဒါက သူ႔ကို အိမ္ေထာင္ဖက္ရွာဖို႔ ေဟာ္မုန္းေတြက တြန္းပို႔ေနတာျဖစ္ႏိုင္တယ္။ ဒါမွမဟုတ္ ဘီလူဂါေတြဟာ အလြန္လူမႈေရးကို ခင္တြယ္တဲ့ မ်ိဳးစိတ္တစ္ခုျဖစ္တာေၾကာင့္ သူတို႔နဲ႔ မ်ိဳးစိတ္တူ အျခားဘီလူဂါ ေဝလငါးေတြကို ရွာေဖြေနတာ ျဖစ္ႏိုင္တယ္" လို႔ Strand မွ ေျပာၾကားခဲ့ပါတယ္။

ဘီလူဂါ ေဝလငါးမ်ိဳးစိတ္ေတြဟာ ေနာ္ေဝး ေျမာက္ဘက္စြန္းမွာရွိတဲ့ ဆာေဗးလ္ဘက္ ကြၽန္းစုမွာ က်တ္စားၾကေလ့ ရွိပါတယ္။ "ဘီလူဂါဟာ ေဝလငါး႐ိုင္းမဟုတ္ပါဘူး။ သူဟာ ေပ်ာက္ဆုံးသြားတဲ့၊ စြန႔္ပစ္ခံရတဲ့ အိမ္ေမြးတိရစာၦန္ တစ္ေယာက္လို ျပဳမူေနတယ္။ သူတို႔က လူေတြကိုေရွာင္မယ့္အစား လူေတြကို ရွာေနတယ္" လို႔ OneWhale အဖြဲ႕အစည္းက ေျပာၾကားခဲ့ပါတယ္။

ဘီလူဂါဟာ ႐ုရွားသူလွ်ိဳျဖစ္ႏိုင္တယ္လို႔ ေနာ္ေဝရဲ႕ ထင္ေၾကးေတြကို ႐ုရွားက တရားဝင္တုံ႔ျပန္မႈမ်ိဳး မရွိခဲ့ပါဘူး။ ဘီလူဂါ ေဝလငါးေတြဟာ အမ်ားအားျဖင့္ ဂရင္းလန္း၊ ေနာ္ေဝးနဲ႔ ႐ုရွားႏိုင္ငံ ေျမာက္ပိုင္းတစ္ဝိုက္ရွိ ေရခဲေရျပင္ ေတြမွာ ေနထိုင္ေလ့ ရွိၾကပါတယ္။

Related news

© 2021. All rights reserved.