အရှေ့တိုင်းပညာဌာနတွင် ဘွဲ့လွန်ဒီပလိုမာသင်တန်းအတွက် သင်တန်းသားဦးရေ (၁ဝဝ) ခေါ်ယူသွားမည်ဟုဆို

705
စော (NP News) - မေ ၃ဝ
ရန်ကုန်တက္ကသိုလ်ရှိ အရှေ့တိုင်းပညာဌာနတွင် ဘွဲ့လွန်ဒီပလိုမာသင်တန်းအတွက် သင်တန်းသားဦးရေ (၁ဝဝ)ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ်မှ ယမန်နေ့(မေလ ၂၉ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
၂ဝ၂၃-၂ဝ၂၄ခုနှစ်ပညာသင်နှစ်အတွက် အရှေ့တိုင်းပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်းကို ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါသင်တန်းအတွက် သင်တန်းသားဦးရေ ကန့်သတ်ထားပြီး သင်တန်းသားဦးရေ (၁ဝဝ)သာလက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
လျှောက်ထားလိုသူများသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိရန်လိုကြောင်း ထုတ်ပြန်ထားပြီး သင်တန်းကာလသည် (၉)လကြာမြင့်မည်နိုင်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဇွန်လ(၁)ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး လျှောက်လွှာများကို ဇွန်လ (၁၅)ရက်အထိ နောက်ဆုံး လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
အေရွ႕တိုင္းပညာဌာနတြင္ ဘြဲ႕လြန္ဒီပလိုမာသင္တန္းအတြက္ သင္တန္းသားဦးေရ (၁ဝဝ) ေခၚယူသြားမည္ဟုဆို
ေစာ (NP News) - ေမ ၃ဝ
ရန္ကုန္တကၠသိုလ္ရွိ အေရွ႕တိုင္းပညာဌာနတြင္ ဘြဲ႕လြန္ဒီပလိုမာသင္တန္းအတြက္ သင္တန္းသားဦးေရ (၁ဝဝ)ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္တကၠသိုလ္မွ ယမန္ေန႔(ေမလ ၂၉ ရက္)တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။
၂ဝ၂၃-၂ဝ၂၄ခုႏွစ္ပညာသင္ႏွစ္အတြက္ အေရွ႕တိုင္းပညာ ဘြဲ႕လြန္ဒီပလိုမာသင္တန္းကို ဇြန္လ(၁)ရက္ေန႔တြင္ စတင္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
အဆိုပါသင္တန္းအတြက္ သင္တန္းသားဦးေရ ကန႔္သတ္ထားၿပီး သင္တန္းသားဦးေရ (၁ဝဝ)သာလက္ခံသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ေလွ်ာက္ထားလိုသူမ်ားသည္ တကၠသိုလ္တစ္ခုခုမွ ဘြဲ႕ရရွိရန္လိုေၾကာင္း ထုတ္ျပန္ထားၿပီး သင္တန္းကာလသည္ (၉)လၾကာျမင့္မည္ႏိုင္ေၾကာင္း သိရသည္။
အဆိုပါ သင္တန္းကို ဇြန္လ(၁)ရက္တြင္ စတင္ဖြင့္လွစ္သြားမည္ျဖစ္ၿပီး ေလွ်ာက္လႊာမ်ားကို ဇြန္လ (၁၅)ရက္အထိ ေနာက္ဆုံး လက္ခံေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။