လက်ရှိအချိန်တွင် ဘီလျံနာ(၃၁)ဦးက အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနထက် ပိုမိုချမ်းသာနေ

 406

Pika (NP News) - မေ ၃၁

မေလ(၂၆)ရက်က စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းချိန်မှာ လက်ထဲတွင် အမေရိကန်ဒေါ်လာ (၃၈ ဒသမ ၈) ဘီလျံ သာရှိသော အမေရိကန်ဘဏ္ဍာရေးဌာနထက် ဘီလျံနာ(၃၁)ဦးက လက်ရှိအချိန်တွင် ပိုမိုချမ်းသာကြွယ်ဝကြောင်း သိရသည်။

အမေရိကန်အစိုးရသည် ဇွန်လ(၅)ရက်ကို နောက်ဆုံးထားကာ ချေးငွေထပ်တိုးယူခွင့်မရပါက အမေရိကန်နိုင်ငံ သည် ကမ္ဘာ့စီးပွားရေးကို တုန်လှုပ်ချောက်ခြားမှုများ ရှိလာစေမည်ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျဲနက်ယဲလင် က သတိပေးပြောဆိုခဲ့သည်။

Tesla ကုမ္ပဏီ စီအီးအို အီလွန်မတ်၊ Amazon ကုမ္ပဏီတည်ထောင်သူ ဂျက်ဖ်ဘီဇော့ဇ်၊ Microsoft ပူးတွဲ တည်ထောင်သူ ဘီလ်ဂိတ်၊ Oracle ကုမ္ပဏီ ပူးတွဲတည်ထောင်သူ Larry Ellison တို့ အပါအဝင် အမေရိကန် နိုင်ငံသား(၁၈)ဦးသည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနထက် ပိုချမ်းသာကြောင်း Bloomberg Billionaires Index ၏ အဆိုအရသိရသည်။

Wal-Mart ကုမ္ပဏီတည်ထောင်သူ Walton မိသားစုကဲ့သို့ပင် Google ကုမ္ပဏီပူးတွဲတည်ထောင်သူ Larry Page နှင့် Sergey Brin တို့သည်လည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနထက် ပိုမိုချမ်းသာကြောင်းလည်း ဖော်ပြထား သည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက်ကာသီတို့သည် ကြွေးမြီးကန့်သတ်ချက်များ ကို တိုးမြှင့်ရန် အကြိုသဘောတူညီချက်တစ်ရပ်ကို ပြီးခဲ့သည့်သီတင်းပတ်ကုန်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း လည်း သိရသည်။ မေလ(၃၁)ရက်တွင် ပြုလုပ်မည့် မဲခွဲဆုံးဖြတ်မှုမတိုင်မီ မေလ(၂၈)ရက်က ထုတ်ပြန်ခဲ့သော သဘောတူညီချက်ထဲတွင် ပါဝင်သောအချက်အလက်အချို့ကို နှစ်ဖက်လုံးမှ လူအများအပြားက ကန့်ကွက်ခဲ့ကြ ကြောင်းလည်း သိရသည်။

အမေရိကန်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများထဲတွင် ပြည်ပကြွေးမြီး အများဆုံးနိုင်ငံဖြစ်နေပြီး အမေရိကန်ဒေါ်လာ (၃၁ ဒသမ ၄) ထရီလီယံထိ အကြွေးပေးစရာရှိနေကြောင်း သိရသည်။

Zawgyi Version;
လက္ရွိအခ်ိန္တြင္ ဘီလ်ံနာ(၃၁)ဦးက အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနထက္ ပိုမိုခ်မ္းသာေန
Pika (NP News) - ေမ ၃၁

ေမလ(၂၆)ရက္က စီးပြားေရးလုပ္ငန္းမ်ား ပိတ္သိမ္းခ်ိန္မွာ လက္ထဲတြင္ အေမရိကန္ေဒၚလာ (၃၈ ဒသမ ၈) ဘီလ်ံ သာရွိေသာ အေမရိကန္ဘ႑ာေရးဌာနထက္ ဘီလ်ံနာ(၃၁)ဦးက လက္ရွိအခ်ိန္တြင္ ပိုမိုခ်မ္းသာႂကြယ္ဝေၾကာင္း သိရသည္။

အေမရိကန္အစိုးရသည္ ဇြန္လ(၅)ရက္ကို ေနာက္ဆုံးထားကာ ေခ်းေငြထပ္တိုးယူခြင့္မရပါက အေမရိကန္ႏိုင္ငံ သည္ ကမာၻ႔စီးပြားေရးကို တုန္လႈပ္ေခ်ာက္ျခားမႈမ်ား ရွိလာေစမည္ျဖစ္ေၾကာင္း အေမရိကန္ဘ႑ာေရးဝန္ႀကီး ဂ်ဲနက္ယဲလင္ က သတိေပးေျပာဆိုခဲ့သည္။

Tesla ကုမၸဏီ စီအီးအို အီလြန္မတ္၊ Amazon ကုမၸဏီတည္ေထာင္သူ ဂ်က္ဖ္ဘီေဇာ့ဇ္၊ Microsoft ပူးတြဲ တည္ေထာင္သူ ဘီလ္ဂိတ္၊ Oracle ကုမၸဏီ ပူးတြဲတည္ေထာင္သူ Larry Ellison တို႔ အပါအဝင္ အေမရိကန္ ႏိုင္ငံသား(၁၈)ဦးသည္ အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနထက္ ပိုခ်မ္းသာေၾကာင္း Bloomberg Billionaires Index ၏ အဆိုအရသိရသည္။

Wal-Mart ကုမၸဏီတည္ေထာင္သူ Walton မိသားစုကဲ့သို႔ပင္ Google ကုမၸဏီပူးတြဲတည္ေထာင္သူ Larry Page ႏွင့္ Sergey Brin တို႔သည္လည္း အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနထက္ ပိုမိုခ်မ္းသာေၾကာင္းလည္း ေဖာ္ျပထား သည္။

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ႏွင့္ ေအာက္လႊတ္ေတာ္ဥကၠ႒ ကီဗင္မက္ကာသီတို႔သည္ ေႂကြးၿမီးကန႔္သတ္ခ်က္မ်ား ကို တိုးျမႇင့္ရန္ အႀကိဳသေဘာတူညီခ်က္တစ္ရပ္ကို ၿပီးခဲ့သည့္သီတင္းပတ္ကုန္တြင္ လက္မွတ္ေရးထိုးခဲ့ၾကေၾကာင္း လည္း သိရသည္။ ေမလ(၃၁)ရက္တြင္ ျပဳလုပ္မည့္ မဲခြဲဆုံးျဖတ္မႈမတိုင္မီ ေမလ(၂၈)ရက္က ထုတ္ျပန္ခဲ့ေသာ သေဘာတူညီခ်က္ထဲတြင္ ပါဝင္ေသာအခ်က္အလက္အခ်ိဳ႕ကို ႏွစ္ဖက္လုံးမွ လူအမ်ားအျပားက ကန႔္ကြက္ခဲ့ၾက ေၾကာင္းလည္း သိရသည္။

အေမရိကန္ႏိုင္ငံသည္ ကမာၻ႔ႏိုင္ငံမ်ားထဲတြင္ ျပည္ပေႂကြးၿမီး အမ်ားဆုံးႏိုင္ငံျဖစ္ေနၿပီး အေမရိကန္ေဒၚလာ (၃၁ ဒသမ ၄) ထရီလီယံထိ အေႂကြးေပးစရာရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.