မြောက်ကိုရီးယားက လာမယ့် ဇွန်လမှာ ပထမဆုံးအကြိမ် စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မည်

 341

ရောင်နီ (NP News) - မေ ၃၁

မြောက်ကိုရီးယားဟာ ၎င်းရဲ့ပထမဆုံး စစ်ဘက်ထောက်လှမ်းရေး ဂြိုလ်တုကို ဇွန်လမှာ လွှတ်တင်တော့မှာဖြစ်ပြီး အမေရိကန်ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က အင်္ဂါနေ့(မေလ ၃ဝ ရက်) မှာ ဖော်ပြခဲ့ပါတယ်။ ဒီအတွက် မြောက်ကိုရီးယားရဲ့တားမြစ်ဒုံးကျည်နည်းပညာ အသုံးပြုမှုအပေါ် ဝေဖန်မှု တွေ ထွက်ပေါ်လာခဲ့ပါတယ်။

မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီ ဗဟိုစစ်ကော်မရှင်၊ ဒုဥက္ကဋ္ဌ ရီပြုံးချိုလ်က အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုကို "ရန်လိုမှု" လို့ခေါ်ဆိုကာ ရှုတ်ချခဲ့ပါတယ်။ COVID-19 ကန့်သတ်ချက်နဲ့ မြောက်ကိုရီးယားနဲ့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေကြား မကြာသေးမီလများအတွင်း အမေရိကန် နဲ့ တောင်ကိုရီးယားတပ်ဖွဲ့တွေဟာ ပူတွဲစစ်ရေးလေ့ကျင့်မှုများစွာပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါ စစ်ရေးလေ့ကျင့်မှု မှာ ရန်သူရဲ့စစ်ရေးဆိုင်ရာသတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ စုဆောင်းနိုင်စေဖို့ဟာ မြောက်ကိုရီးယားအတွက် လိုအပ်တယ်လို့ ရီက ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ ကြုံလာနိုင်တဲ့ ခြိမ်းခြောက်မှုအန္တရာယ်တွေကို သုံးသပ်ပြီး လက်တွေ့ကျတဲ့ စစ်ရေးအဟန့်အတားတွေ အားကောင်းလာစေဖို့ လုပ်ဆောင်ချက်တွေကို စေ့စေ့စပ်စပ်နဲ့ လက်တွေ့လုပ်ဆောင် သွားမှာဖြစ်ပါတယ်" လို့ ရီ က KCNA သတင်းဌာနရဲ့ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားဟာ ၎င်းရဲ့ပထမဆုံးစစ်ဘက်သူလျှိုဂြိုလ်တု တီထွင် ဖန်တီးမှု ပြီးစီးပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က လွှတ်တင်ဖို့အတွက် ပြင်ဆင်မှုတွေကို အတည်ပြုခဲ့ပါတယ်။

လွှတ်တင်မယ့်ရက်ကို အတိအကျမဖော်ပြထားပေမယ့် မေလ ၃၁ ရက်မှ ဇွန်လ ၁၁ ရက်အတွင်း လွှင့်တင်ဖို့ စီစဉ် ထားတယ်လို့ ယူဆရပါတယ်။ ဂျပန်ကတော့ သူ့ရဲ့ပိုင်နက်ကို ခြိမ်းခြောက်မယ့် ဘယ်ဒုံးကျည်ကိုမဆို ပစ်ချမယ်လို့ ပြောကြားထားပါတယ်။

“မြောက်ကိုရီးယားက ဒါကို ဂြိုလ်တုလို့ ခေါ်ဆိုရင်တောင် ဒါဟာ ပဲ့ထိန်းဒုံးကျည်နည်းပညာကို အသုံးပြုတာဖြစ်လို့ သူ့ရဲ့လွှတ်တင်မှုအားလုံးကို တားမြစ်ထားတဲ့ သက်ဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို ချိုးဖောက်တာပဲ” လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီက အင်္ဂါနေ့ (မေလ ၃ဝ ရက်) သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်နည်းပညာကို အသုံးပြုခြင်းဟာ ကုလသမဂ္ဂရဲ့ပိတ်ဆို့အရေးယူမှုကို ပြတ်ပြတ် သားသား ချိုးဖောက်ခြင်းဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

အခုလွှတ်တင်မယ့်ဂြိုဟ်တုဟာ မြောက်ကိုရီးယားရဲ့ လောင်စာဆီ တိုက်လုံးပစ် ပဲ့ထိန်းဒုံးကျည်အသစ်နဲ့ လက်နက် စမ်းသပ်မှုများစွာမှာ မြောက်ကိုရီးယားရဲ့နောက်ဆုံးပေါ်ပစ်လွှတ်မှုဖြစ်လာမှာ ဖြစ်ပါတယ်။ အဆိုပါဂြိုလ်တုဟာ မြောက်ကိုရီးယားရဲ့ထောက်လှမ်းနိုင်စွမ်းကို မြှင့်တင်ပေးနိုင်မှာဖြစ်ပြီး စစ်ပွဲအတွင်း ပစ်မှတ်တွေကို ပိုမိုတိကျစွာ ပစ်ခတ်နိုင်လာမှာ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားက လာမယ့္ ဇြန္လမွာ ပထမဆုံးအႀကိမ္ စစ္ဘက္ေထာက္လွမ္းေရးၿဂိဳဟ္တု လႊတ္တင္မည္
ေရာင္နီ (NP News) - ေမ ၃၁

ေျမာက္ကိုရီးယားဟာ ၎ရဲ႕ပထမဆုံး စစ္ဘက္ေထာက္လွမ္းေရး ၿဂိဳလ္တုကို ဇြန္လမွာ လႊတ္တင္ေတာ့မွာျဖစ္ၿပီး အေမရိကန္ရဲ႕လႈပ္ရွားမႈေတြကို ေစာင့္ၾကည့္သြားမွာ ျဖစ္တယ္လို႔ ႏိုင္ငံပိုင္မီဒီယာ KCNA က အဂၤါေန႔(ေမလ ၃ဝ ရက္) မွာ ေဖာ္ျပခဲ့ပါတယ္။ ဒီအတြက္ ေျမာက္ကိုရီးယားရဲ႕တားျမစ္ဒုံးက်ည္နည္းပညာ အသုံးျပဳမႈအေပၚ ေဝဖန္မႈ ေတြ ထြက္ေပၚလာခဲ့ပါတယ္။

ေျမာက္ကိုရီးယားအာဏာရ အလုပ္သမားပါတီ ဗဟိုစစ္ေကာ္မရွင္၊ ဒုဥကၠ႒ ရီၿပဳံးခ်ိဳလ္က အေမရိကန္နဲ႔ ေတာင္ကိုရီးယားရဲ႕ပူးတြဲစစ္ေရးေလ့က်င့္မႈကို "ရန္လိုမႈ" လို႔ေခၚဆိုကာ ရႈတ္ခ်ခဲ့ပါတယ္။ COVID-19 ကန႔္သတ္ခ်က္နဲ႔ ေျမာက္ကိုရီးယားနဲ႔ သံတမန္ေရးရာ ႀကိဳးပမ္းမႈေတြၾကား မၾကာေသးမီလမ်ားအတြင္း အေမရိကန္ နဲ႔ ေတာင္ကိုရီးယားတပ္ဖြဲ႕ေတြဟာ ပူတြဲစစ္ေရးေလ့က်င့္မႈမ်ားစြာျပဳလုပ္ခဲ့ၾကပါတယ္။ အဆိုပါ စစ္ေရးေလ့က်င့္မႈ မွာ ရန္သူရဲ႕စစ္ေရးဆိုင္ရာသတင္းအခ်က္အလက္ေတြကို အခ်ိန္နဲ႔တေျပးညီ စုေဆာင္းႏိုင္ေစဖို႔ဟာ ေျမာက္ကိုရီးယားအတြက္ လိုအပ္တယ္လို႔ ရီက ေျပာၾကားခဲ့ပါတယ္။

"ကြၽန္ေတာ္တို႔ ပစၥဳပၸန္နဲ႔ အနာဂတ္မွာ ႀကဳံလာႏိုင္တဲ့ ၿခိမ္းေျခာက္မႈအႏၲရာယ္ေတြကို သုံးသပ္ၿပီး လက္ေတြ႕က်တဲ့ စစ္ေရးအဟန႔္အတားေတြ အားေကာင္းလာေစဖို႔ လုပ္ေဆာင္ခ်က္ေတြကို ေစ့ေစ့စပ္စပ္နဲ႔ လက္ေတြ႕လုပ္ေဆာင္ သြားမွာျဖစ္ပါတယ္" လို႔ ရီ က KCNA သတင္းဌာနရဲ႕ထုတ္ျပန္ခ်က္မွာ ေျပာၾကားခဲ့ပါတယ္။

န်ဴကလီးယားလက္နက္ပိုင္ဆိုင္ထားတဲ့ ေျမာက္ကိုရီးယားဟာ ၎ရဲ႕ပထမဆုံးစစ္ဘက္သူလွ်ိဳၿဂိဳလ္တု တီထြင္ ဖန္တီးမႈ ၿပီးစီးၿပီးေနာက္ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္က လႊတ္တင္ဖို႔အတြက္ ျပင္ဆင္မႈေတြကို အတည္ျပဳခဲ့ပါတယ္။

လႊတ္တင္မယ့္ရက္ကို အတိအက်မေဖာ္ျပထားေပမယ့္ ေမလ ၃၁ ရက္မွ ဇြန္လ ၁၁ ရက္အတြင္း လႊင့္တင္ဖို႔ စီစဥ္ ထားတယ္လို႔ ယူဆရပါတယ္။ ဂ်ပန္ကေတာ့ သူ႔ရဲ႕ပိုင္နက္ကို ၿခိမ္းေျခာက္မယ့္ ဘယ္ဒုံးက်ည္ကိုမဆို ပစ္ခ်မယ္လို႔ ေျပာၾကားထားပါတယ္။

“ေျမာက္ကိုရီးယားက ဒါကို ၿဂိဳလ္တုလို႔ ေခၚဆိုရင္ေတာင္ ဒါဟာ ပဲ့ထိန္းဒုံးက်ည္နည္းပညာကို အသုံးျပဳတာျဖစ္လို႔ သူ႔ရဲ႕လႊတ္တင္မႈအားလုံးကို တားျမစ္ထားတဲ့ သက္ဆိုင္ရာ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ဆုံးျဖတ္ခ်က္ကို ခ်ိဳးေဖာက္တာပဲ” လို႔ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး ယိုရွီမာဆာ ဟာယာရွီက အဂၤါေန႔ (ေမလ ၃ဝ ရက္) သတင္းစာ ရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ေျမာက္ကိုရီးယားရဲ႕ ပဲ့ထိန္းဒုံးက်ည္နည္းပညာကို အသုံးျပဳျခင္းဟာ ကုလသမဂၢရဲ႕ပိတ္ဆို႔အေရးယူမႈကို ျပတ္ျပတ္ သားသား ခ်ိဳးေဖာက္ျခင္းျဖစ္တယ္လို႔ ေတာင္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကလည္း ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။

အခုလႊတ္တင္မယ့္ၿဂိဳဟ္တုဟာ ေျမာက္ကိုရီးယားရဲ႕ ေလာင္စာဆီ တိုက္လုံးပစ္ ပဲ့ထိန္းဒုံးက်ည္အသစ္နဲ႔ လက္နက္ စမ္းသပ္မႈမ်ားစြာမွာ ေျမာက္ကိုရီးယားရဲ႕ေနာက္ဆုံးေပၚပစ္လႊတ္မႈျဖစ္လာမွာ ျဖစ္ပါတယ္။ အဆိုပါၿဂိဳလ္တုဟာ ေျမာက္ကိုရီးယားရဲ႕ေထာက္လွမ္းႏိုင္စြမ္းကို ျမႇင့္တင္ေပးႏိုင္မွာျဖစ္ၿပီး စစ္ပြဲအတြင္း ပစ္မွတ္ေတြကို ပိုမိုတိက်စြာ ပစ္ခတ္ႏိုင္လာမွာ ျဖစ္တယ္လို႔ ေလ့လာသူေတြက ဆိုပါတယ္။

Related news

© 2021. All rights reserved.