ရုရှားနဲ့ တရုတ်တို့ ဦးဆောင်နေတဲ့ BRICS အဖွဲ့နဲ့ပူးပေါင်းဖို့ ကမ္ဘာ့နိုင်ငံပေါင်း ၂ ဒါဇင်ချီ စီစဉ်နေပြီး အမေရိကန်ဒေါ်လာ လွှမ်းမိုးမှု အဆုံးသတ်ဖို့ ပိုမိုနီးစပ်လာနေ

 1840

ဂျန်ဇက် (NP News) - မေ ၃၁

နိုင်ငံပေါင်း အနည်းဆုံး ၂၄ နိုင်ငံဟာ ရုရှား နဲ့ တရုတ်တို့ ဦးဆောင်တဲ့ BRICS အဖွဲ့ကို ပူးပေါင်းဖို့ လက်ရှိအချိန်မှာ ပြင်ဆင်နေတဲ့အတွက် BRICS ရဲ့မဟာမိတ်ဖြစ်မှုက ပိုမိုကြီးမားကာ အင်အားပိုမိုတောင့်တင်းလာဖွယ်ရှိနေကြောင်း သိရပါတယ်။

အဆိုပါ နိုင်ငံပေါင်း ၂၄ နိုင်ငံဟာ အမေရိကန်ဒေါ်လာ လွှမ်းမိုးမှုကို ဆန့်ကျင်ပြီး နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ မှာ BRICS က ဖန်တီးမယ့် ငွေကြေးအသစ်ကို လက်ခံကျင့်သုံးဖွယ်ရှိနေကြောင်း သိရပါတယ်။ အဆိုပါ နိုင်ငံပေါင်း ၂၄ နိုင်ငံရဲ့ BRICS အဖွဲ့ နဲ့ ပူးပေါင်းမှုတွေဟာ အမေရိကန်ဒေါ်လာအတွက် ဖိအားတွေ ပိုမိုဖြစ်လာဖွယ်ရှိနေတယ်လို့ သိရပါတယ်။

BRICS အဖွဲ့ဟာ BRICS+ အဖွဲ့ကိုတိုးချဲ့ဖွဲ့စည်းမယ်ဆိုရင် အမေရိကန်ဒေါ်လာအပြင် ယူရို နဲ့ ပေါင်စတာလင် စတဲ့ အနောက်အုပ်စုသုံးငွေကြေးသုံးစွဲမှုတွေ လျော့ကျလာဖွယ်ရှိနေပါတယ်။ အာရှတိုက်၊ အာဖရိကတိုက် နဲ့ လက်တင် အမေရိကရှိ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ အမေရိကန်ဒေါ်လာ အသုံးပြုမှု လျော့ကျရေးကြိုးပမ်းမှုတွေမှာ BRICS အဖွဲ့နဲ့ အတူ ပူးပေါင်းကြိုးပမ်းမှာဖြစ်ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံများ BRICS အဖွဲ့ မဟာမိတ်အဖြစ် ပူးပေါင်းမှုတွေဟာ အမေရိကန်ဒေါ်လာ ရဲ့ကမ္ဘာ့စီးပွားရေးလုပ်ငန်း တွေမှာ လွှမ်းမိုးမှုအပြင် အမေရိကန်စီးပွားရေး ကျဆင်းမှု၊ မတည်ငြိမ်မှုတွေ ပိုမိုဖြစ်လာဖွယ်ရှိနေကြောင်း သိရပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၂၄ နိုင်ငံဟာ ကုန်သွယ်ရေးလုပ်ငန်းတွေမှာ ပြည်တွင်းငွေကြေးအသုံးပြုမှုတွေကို တိုးမြင့်နိုင်ဖို့ နဲ့ နိုင်ငံတကာငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာအသုံးပြုမှုတွေကနေ စွန့်ခွာဖို့ လိုလားနေ ကြောင်း သိရပါတယ်။

BRICS အဖွဲ့မှာ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ တောင်အာဖရိက၊ ဘရာဇီးတို့ ပါဝင်နေပြီး အဆိုပါ ငါးနိုင်ငံရဲ့ ကမ္ဘာ့လူဦးရေ ဟာ ၃ ဒသမ ၂၄ ဘီလျံ အထိရှိနေပြီး ကမ္ဘာ့စုစုပေါင်း ဂျီဒီပီရဲ့ ၄ ပုံ ၁ ပုံကျော် ရှိနေကြောင်းသိရပါတယ်။ BRICS အဖွဲ့နဲ့ပူးပေါင်းဖို့ စီစဉ်နေတဲ့ နိုင်ငံပေါင်း ၂ ဒါဇင်ချီမှာ ဆော်ဒီအာရေဗျ၊ အင်ဒိုနီးရှား အစရှိတဲ့ စီးပွားရေး အားကောင်းတဲ့နိုင်ငံတွေ ပါဝင်လျက်ရှိနေပါတယ်။

Zawgyi Version;
႐ုရွားနဲ႔ တ႐ုတ္တို႔ ဦးေဆာင္ေနတဲ့ BRICS အဖြဲ႕နဲ႔ပူးေပါင္းဖို႔ ကမာၻ႔ႏိုင္ငံေပါင္း ၂ ဒါဇင္ခ်ီ စီစဥ္ေနၿပီး အေမရိကန္ေဒၚလာ လႊမ္းမိုးမႈ အဆုံးသတ္ဖို႔ ပိုမိုနီးစပ္လာေန
ဂ်န္ဇက္ (NP News) - ေမ ၃၁

ႏိုင္ငံေပါင္း အနည္းဆုံး ၂၄ ႏိုင္ငံဟာ ႐ုရွား နဲ႔ တ႐ုတ္တို႔ ဦးေဆာင္တဲ့ BRICS အဖြဲ႕ကို ပူးေပါင္းဖို႔ လက္ရွိအခ်ိန္မွာ ျပင္ဆင္ေနတဲ့အတြက္ BRICS ရဲ႕မဟာမိတ္ျဖစ္မႈက ပိုမိုႀကီးမားကာ အင္အားပိုမိုေတာင့္တင္းလာဖြယ္ရွိေနေၾကာင္း သိရပါတယ္။

အဆိုပါ ႏိုင္ငံေပါင္း ၂၄ ႏိုင္ငံဟာ အေမရိကန္ေဒၚလာ လႊမ္းမိုးမႈကို ဆန႔္က်င္ၿပီး နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းေတြ မွာ BRICS က ဖန္တီးမယ့္ ေငြေၾကးအသစ္ကို လက္ခံက်င့္သုံးဖြယ္ရွိေနေၾကာင္း သိရပါတယ္။ အဆိုပါ ႏိုင္ငံေပါင္း ၂၄ ႏိုင္ငံရဲ႕ BRICS အဖြဲ႕ နဲ႔ ပူးေပါင္းမႈေတြဟာ အေမရိကန္ေဒၚလာအတြက္ ဖိအားေတြ ပိုမိုျဖစ္လာဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

BRICS အဖြဲ႕ဟာ BRICS+ အဖြဲ႕ကိုတိုးခ်ဲ႕ဖြဲ႕စည္းမယ္ဆိုရင္ အေမရိကန္ေဒၚလာအျပင္ ယူ႐ို နဲ႔ ေပါင္စတာလင္ စတဲ့ အေနာက္အုပ္စုသုံးေငြေၾကးသုံးစြဲမႈေတြ ေလ်ာ့က်လာဖြယ္ရွိေနပါတယ္။ အာရွတိုက္၊ အာဖရိကတိုက္ နဲ႔ လက္တင္ အေမရိကရွိ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြဟာ အေမရိကန္ေဒၚလာ အသုံးျပဳမႈ ေလ်ာ့က်ေရးႀကိဳးပမ္းမႈေတြမွာ BRICS အဖြဲ႕နဲ႔ အတူ ပူးေပါင္းႀကိဳးပမ္းမွာျဖစ္ပါတယ္။

ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား BRICS အဖြဲ႕ မဟာမိတ္အျဖစ္ ပူးေပါင္းမႈေတြဟာ အေမရိကန္ေဒၚလာ ရဲ႕ကမာၻ႔စီးပြားေရးလုပ္ငန္း ေတြမွာ လႊမ္းမိုးမႈအျပင္ အေမရိကန္စီးပြားေရး က်ဆင္းမႈ၊ မတည္ၿငိမ္မႈေတြ ပိုမိုျဖစ္လာဖြယ္ရွိေနေၾကာင္း သိရပါတယ္။ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေပါင္း ၂၄ ႏိုင္ငံဟာ ကုန္သြယ္ေရးလုပ္ငန္းေတြမွာ ျပည္တြင္းေငြေၾကးအသုံးျပဳမႈေတြကို တိုးျမင့္ႏိုင္ဖို႔ နဲ႔ ႏိုင္ငံတကာေငြေၾကးေဈးကြက္မွာ အေမရိကန္ေဒၚလာအသုံးျပဳမႈေတြကေန စြန႔္ခြာဖို႔ လိုလားေန ေၾကာင္း သိရပါတယ္။

BRICS အဖြဲ႕မွာ တ႐ုတ္၊ အိႏၵိယ၊ ႐ုရွား၊ ေတာင္အာဖရိက၊ ဘရာဇီးတို႔ ပါဝင္ေနၿပီး အဆိုပါ ငါးႏိုင္ငံရဲ႕ ကမာၻ႔လူဦးေရ ဟာ ၃ ဒသမ ၂၄ ဘီလ်ံ အထိရွိေနၿပီး ကမာၻ႔စုစုေပါင္း ဂ်ီဒီပီရဲ႕ ၄ ပုံ ၁ ပုံေက်ာ္ ရွိေနေၾကာင္းသိရပါတယ္။ BRICS အဖြဲ႕နဲ႔ပူးေပါင္းဖို႔ စီစဥ္ေနတဲ့ ႏိုင္ငံေပါင္း ၂ ဒါဇင္ခ်ီမွာ ေဆာ္ဒီအာေရဗ်၊ အင္ဒိုနီးရွား အစရွိတဲ့ စီးပြားေရး အားေကာင္းတဲ့ႏိုင္ငံေတြ ပါဝင္လ်က္ရွိေနပါတယ္။

Picture

san yuko

02/06/2023 08:11

Very good

Related news

© 2021. All rights reserved.