Move Forward ပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံမဲပေးဖို့ အထက်လွှတ်တော်ကိုယ်စားလှယ်တွေကို ညွှန်ကြားထားခြင်းမျိုးမရှိကြောင်း အထက်လွှတ်တော်ဥက္ကဋ္ဌပြော

 643

ဂျန်ဇက် (NP News) - မေ ၃၁

ထိုင်းအထက်လွတ်တော်ဥက္ကဋ္ဌ Pornpetch Wichitcholchai က လွှတ်တော်အတွင်း ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ဖို့ ဆန္ဒမဲပေးရာမှာ ရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရခဲ့တဲ့ Move Forward ပါတီခေါင်းဆောင်ကို ထောက်ခံမဲပေးဖို့ အထက်လွှတ်တော်ကိုယ်စားလှယ်များကို ညွှန်ကြားထားခြင်းမျိုးမရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် Move Forward ပါတီခေါင်းဆောင်ပီတာ ဟာလည်း အထက်လွှတ်တော်ကိုယ်စားလှယ်များရဲ့ထောက်ခံမဲ ရဖို့ ၎င်းထံ ချဉ်းကပ်တာမျိုးတွေ မရှိကြောင်း ထိုင်းအထက်လွှတ်တော်ဥက္ကဋ္ဌ Pornpetch Wichitcholchai က ပြော ပါတယ်။

Move Forward ပါတီ ထောက်ခံသူတွေဟာ ပါတီခေါင်းဆောင်ပီတာကို ဝန်ကြီးချုပ်ဖြစ်အောင် အထက်လွှတ်တော် ကိုယ်စားလှယ်များကို အွန်လိုင်းကတဆင့် ဖိအားပေးမှုများရှိနေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ အထက်လွှတ်တော်ဥက္ကဋ္ဌက ၎င်းအနေနဲ့ ဝန်ကြီးချုပ်ရွေးချယ်မှုတွေမှာ ဘယ်သူကိုမဲပေးရမလဲဆိုတဲ့အချက်ကို အထက်လွှတ်တော်ကိုယ်စားလှယ်များကို ညွန်ကြားထားတာမျိုးမရှိကြောင်း Move Forward ပါတီကလည်း ပါတီခေါင်းဆောင်ဖြစ်သူပီတာကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံမဲပေးဖို့ အထက်လွှတ်တော်အမတ်များထံ ကိုယ်စားလှယ် စေလွှတ်တောင်းဆိုခြင်းမျိုးမရှိသေးကြောင်း ပြောပါတယ်။

ထိုင်းအထက်လွှတ်တော်ဥက္ကဋ္ဌက ၎င်းဟာ လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူရသူဖြစ်ပြီး အထက် လွှတ်တော်ကိုယ်စားလှယ်များကို တစ်စုံတစ်ခုညွှန်ကြားဖို့အနေအထားမျိုး မရှိကြောင်း ပြောပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ ဟာ ထိုင်းလွှတ်တော်မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး အထက်လွှတ်တော်ဥက္ကဋ္ဌက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာဖြစ်ကြောင်း ဆိုပါတယ်။ ၎င်းက " အထက်လွှတ်တော်ကိုယ်စားလှယ်အမတ် များဟာ လွတ်လပ်မှုရှိတယ်။ သူတို့ရဲ့ကိုယ်ပိုင်ထင်မြင်ချက်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အထက်လွှတ်တော် ကိုယ်စားလှယ်တွေဟာ လွတ်လပ်မှုရှိပေမယ့် သူတို့ဆန္ဒအရ ဘာမဆိုလုပ်လို့မရဘူး။ အထက်လွှတ်တော်အမတ် တွေဟာ နိုင်ငံရဲ့အကောင်းဆုံးအကျိုးစီးပွားတွေအတွက် တာဝန်ယူခြင်းတာဝန်ခံခြင်းမျိုး ရှိရမှာပါ။ အထက် လွှတ်တော်အမတ်တွေဟာ နိုင်ငံအကျိုးစီးပွားကို နံပါတ်တစ် ဦးစားပေးလုပ်ဆောင်ရမှာပါ" လို့ ပြောပါတယ်။

Move Forward ပါတီခေါင်းဆောင်ပီတာ ဟာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရဖို့ လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ ဆန္ဒ မဲပေါင်း ၃၇၆ မဲရရှိဖို့ လိုအပ်နေကြောင်း သိရပါတယ်။ ပီတာဟာ ရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရခဲ့ပေမယ့် ဝန်ကြီးချုပ်ရွေးချယ်နိုင်ဖို့ နဲ့ ညွှန်ပေါင်းအစိုးရဖွဲ့စည်းနိုင်ဖို့ အခြားနိုင်ငံရေးပါတီ ၇ပါတီ နဲ့ ပူးပေါင်းဆောင်ရွက်နေရာ အောက်လွှတ်တော်ရှိ ကိုယ်စားလှယ်ပေါင်း ၅ဝဝ ထဲမှာ ဆန္ဒမဲပေါင်း အနည်းဆုံး ၃၁ဝ ရရှိဖို့ သေချာနေပါတယ်။

Zawgyi Version;
Move Forward ပါတီေခါင္းေဆာင္ကို ဝန္ႀကီးခ်ဳပ္အျဖစ္ ေထာက္ခံမဲေပးဖို႔ အထက္လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ၫႊန္ၾကားထားျခင္းမ်ိဳးမရွိေၾကာင္း အထက္လႊတ္ေတာ္ဥကၠ႒ေျပာ
ဂ်န္ဇက္ (NP News) - ေမ ၃၁

ထိုင္းအထက္လြတ္ေတာ္ဥကၠ႒ Pornpetch Wichitcholchai က လႊတ္ေတာ္အတြင္း ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ဖို႔ ဆႏၵမဲေပးရာမွာ ေ႐ြးေကာက္ပြဲမွာ မဲအမ်ားဆုံးအႏိုင္ရခဲ့တဲ့ Move Forward ပါတီေခါင္းေဆာင္ကို ေထာက္ခံမဲေပးဖို႔ အထက္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို ၫႊန္ၾကားထားျခင္းမ်ိဳးမရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဒါ့အျပင္ Move Forward ပါတီေခါင္းေဆာင္ပီတာ ဟာလည္း အထက္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားရဲ႕ေထာက္ခံမဲ ရဖို႔ ၎ထံ ခ်ဥ္းကပ္တာမ်ိဳးေတြ မရွိေၾကာင္း ထိုင္းအထက္လႊတ္ေတာ္ဥကၠ႒ Pornpetch Wichitcholchai က ေျပာ ပါတယ္။

Move Forward ပါတီ ေထာက္ခံသူေတြဟာ ပါတီေခါင္းေဆာင္ပီတာကို ဝန္ႀကီးခ်ဳပ္ျဖစ္ေအာင္ အထက္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားကို အြန္လိုင္းကတဆင့္ ဖိအားေပးမႈမ်ားရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚေနပါတယ္။ အထက္လႊတ္ေတာ္ဥကၠ႒က ၎အေနနဲ႔ ဝန္ႀကီးခ်ဳပ္ေ႐ြးခ်ယ္မႈေတြမွာ ဘယ္သူကိုမဲေပးရမလဲဆိုတဲ့အခ်က္ကို အထက္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို ၫြန္ၾကားထားတာမ်ိဳးမရွိေၾကာင္း Move Forward ပါတီကလည္း ပါတီေခါင္းေဆာင္ျဖစ္သူပီတာကို ဝန္ႀကီးခ်ဳပ္အျဖစ္ ေထာက္ခံမဲေပးဖို႔ အထက္လႊတ္ေတာ္အမတ္မ်ားထံ ကိုယ္စားလွယ္ ေစလႊတ္ေတာင္းဆိုျခင္းမ်ိဳးမရွိေသးေၾကာင္း ေျပာပါတယ္။

ထိုင္းအထက္လႊတ္ေတာ္ဥကၠ႒က ၎ဟာ လႊတ္ေတာ္ဒုတိယဥကၠ႒အျဖစ္ တာဝန္ယူရသူျဖစ္ၿပီး အထက္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို တစ္စုံတစ္ခုၫႊန္ၾကားဖို႔အေနအထားမ်ိဳး မရွိေၾကာင္း ေျပာပါတယ္။

ေအာက္လႊတ္ေတာ္ဥကၠ႒ ဟာ ထိုင္းလႊတ္ေတာ္မွာ ဥကၠ႒အျဖစ္ တာဝန္ယူမွာျဖစ္ၿပီး အထက္လႊတ္ေတာ္ဥကၠ႒က ဒုတိယဥကၠ႒အျဖစ္ တာဝန္ယူမွာျဖစ္ေၾကာင္း ဆိုပါတယ္။ ၎က " အထက္လႊတ္ေတာ္ကိုယ္စားလွယ္အမတ္ မ်ားဟာ လြတ္လပ္မႈရွိတယ္။ သူတို႔ရဲ႕ကိုယ္ပိုင္ထင္ျမင္ခ်က္ေတြလည္း ရွိပါတယ္။ ဒါေပမယ့္ အထက္လႊတ္ေတာ္ ကိုယ္စားလွယ္ေတြဟာ လြတ္လပ္မႈရွိေပမယ့္ သူတို႔ဆႏၵအရ ဘာမဆိုလုပ္လို႔မရဘူး။ အထက္လႊတ္ေတာ္အမတ္ ေတြဟာ ႏိုင္ငံရဲ႕အေကာင္းဆုံးအက်ိဳးစီးပြားေတြအတြက္ တာဝန္ယူျခင္းတာဝန္ခံျခင္းမ်ိဳး ရွိရမွာပါ။ အထက္ လႊတ္ေတာ္အမတ္ေတြဟာ ႏိုင္ငံအက်ိဳးစီးပြားကို နံပါတ္တစ္ ဦးစားေပးလုပ္ေဆာင္ရမွာပါ" လို႔ ေျပာပါတယ္။

Move Forward ပါတီေခါင္းေဆာင္ပီတာ ဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခံရဖို႔ လႊတ္ေတာ္ႏွစ္ရပ္ေပါင္းရဲ႕ ဆႏၵ မဲေပါင္း ၃၇၆ မဲရရွိဖို႔ လိုအပ္ေနေၾကာင္း သိရပါတယ္။ ပီတာဟာ ေ႐ြးေကာက္ပြဲမွာ မဲအမ်ားဆုံးအႏိုင္ရခဲ့ေပမယ့္ ဝန္ႀကီးခ်ဳပ္ေ႐ြးခ်ယ္ႏိုင္ဖို႔ နဲ႔ ၫႊန္ေပါင္းအစိုးရဖြဲ႕စည္းႏိုင္ဖို႔ အျခားႏိုင္ငံေရးပါတီ ၇ပါတီ နဲ႔ ပူးေပါင္းေဆာင္႐ြက္ေနရာ ေအာက္လႊတ္ေတာ္ရွိ ကိုယ္စားလွယ္ေပါင္း ၅ဝဝ ထဲမွာ ဆႏၵမဲေပါင္း အနည္းဆုံး ၃၁ဝ ရရွိဖို႔ ေသခ်ာေနပါတယ္။

Related news

© 2021. All rights reserved.