မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို ကူညီပေးသွားမည်ဟု ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဒုဥက္ကဋ္ဌက တပ်ချုပ်နှင့်ဆွေးနွေးစဉ် အသိပေးပြောဆိုခဲ့

 529

မျိုးကြီး (NP News) - မေ ၃၁

မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲကို ရုရှားနိုင်ငံမှ ကူညီပေးသွားမည်ဟု ရုရှားနိုင်ငံ၊ ဒူးမားလွှတ် တော် ဒုဥက္ကဋ္ဌဖြစ်သူ H.E. Mr.Sholban Kara-Ool က အသိပေးပြောဆိုခဲ့သည်။

၎င်းက ယမန်နေ့ (မေလ ၃ဝ ရက်)တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ရောက်ရှိနေသော နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ သွားရောက်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှားနှစ်နိုင်ငံကဏ္ဍပေါင်းစုံ၌ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းလုပ်ဆောင်နေသည့်အခြေအနေများကို နှစ်ဖက်အကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစကမှဆိုသည်။

ထို့ပြင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ဝင်ရောက်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများအတွက် ရုရှားနိုင်ငံမှ ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည့်အခြေအနေများနှင့် မြန်မာနိုင်ငံ၌ ရွေး ကောက်ပွဲကျင်းပချိန်တွင် လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ရုရှားနိုင်ငံမှ ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများကို နှစ်ဖက်အကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး နှစ်နိုင်ငံပြည်သူများ အချင်းချင်းထိတွေ့ဆက်ဆံမှုများ တိုးမြှင့်နိုင်ရေးအတွက် အပြန်အ လှန်ခရီးသွားလာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်း တပ်ချုပ်နှင့် ဒူးမားလွှတ်တော်ဒုဥက္ကဋ္ဌတို့က ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဒုဥက္ကဋ္ဌသည် နစကဒုဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းထံသို့လည်း ယမန်နေ့ (မေလ ၃ဝ ရက်)က သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ယခုနှစ်သည် မြန်မာ-ရုရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံမှု(၇၅)နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်းသိရသည်။

zawgyi version
ျမန္မာႏိုင္ငံ၏ ေ႐ြးေကာက္ပြဲကို ကူညီေပးသြားမည္ဟု ႐ုရွားႏိုင္ငံ၊ ဒူးမားလႊတ္ေတာ္ဒုဥကၠ႒က တပ္ခ်ဳပ္ႏွင့္ေဆြးေႏြးစဥ္ အသိေပးေျပာဆိုခဲ့

မ်ိဳးႀကီး (NP News) - ေမ ၃၁

ျမန္မာႏိုင္ငံ၌ က်င္းပမည့္ ေ႐ြးေကာက္ပြဲကို ႐ုရွားႏိုင္ငံမွ ကူညီေပးသြားမည္ဟု ႐ုရွားႏိုင္ငံ၊ ဒူးမားလႊတ္ ေတာ္ ဒုဥကၠ႒ျဖစ္သူ H.E. Mr.Sholban Kara-Ool က အသိေပးေျပာဆိုခဲ့သည္။

၎က ယမန္ေန႔ (ေမလ ၃ဝ ရက္)တြင္ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕သို႔ေရာက္ရွိေနေသာ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ထံသို႔ သြားေရာက္ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံက႑ေပါင္းစုံ၌ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ပိုမိုတိုးျမႇင့္ေဆာင္႐ြက္ႏိုင္မည့္အေျခအေနမ်ား၊ ျမန္မာႏိုင္ငံ၏ သယ္ယူပို႔ေဆာင္ေရးက႑ႏွင့္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေရးက႑မ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပူးေပါင္းလုပ္ေဆာင္ေနသည့္အေျခအေနမ်ားကို ႏွစ္ဖက္အၾကား ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း နစကမွဆိုသည္။

ထို႔ျပင္ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ) ဝင္ေရာက္မႈေၾကာင့္ သဘာဝေဘးဒဏ္သင့္ခဲ့ရသည့္ ေဒသမ်ားအတြက္ ႐ုရွားႏိုင္ငံမွ ကူညီေထာက္ပံ့မႈမ်ား ေပးအပ္သြားမည့္အေျခအေနမ်ားႏွင့္ ျမန္မာႏိုင္ငံ၌ ေ႐ြး ေကာက္ပြဲက်င္းပခ်ိန္တြင္ လြတ္လပ္၍ တရားမွ်တသည့္ေ႐ြးေကာက္ပြဲတစ္ရပ္ျဖစ္ေစေရး ႐ုရွားႏိုင္ငံမွ ကူညီေဆာင္႐ြက္ေပးသြားမည့္အေျခအေနမ်ားကို ႏွစ္ဖက္အၾကား ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဆက္လက္ၿပီး ႏွစ္ႏိုင္ငံျပည္သူမ်ား အခ်င္းခ်င္းထိေတြ႕ဆက္ဆံမႈမ်ား တိုးျမႇင့္ႏိုင္ေရးအတြက္ အျပန္အ လွန္ခရီးသြားလာေရးက႑ကို ျမႇင့္တင္ေဆာင္႐ြက္သြားမည့္အေျခအေနမ်ားကိုလည္း တပ္ခ်ဳပ္ႏွင့္ ဒူးမားလႊတ္ေတာ္ဒုဥကၠ႒တို႔က ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ႐ုရွားႏိုင္ငံ၊ ဒူးမားလႊတ္ေတာ္ဒုဥကၠ႒သည္ နစကဒုဥကၠ႒၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းထံသို႔လည္း ယမန္ေန႔ (ေမလ ၃ဝ ရက္)က သြားေရာက္ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ယခုႏွစ္သည္ ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံ သံတမန္ဆက္ဆံမႈ(၇၅)ႏွစ္ ျပည့္ေျမာက္သည့္ႏွစ္ ျဖစ္ေၾကာင္းသိရသည္။

Picture

L Mone

31/05/2023 18:59

ငြိမ်းအေးချမ်းသာ စာကြောင်း....ပါ...

Picture

L Mone

31/05/2023 19:01

မွန်ဂိုလူမျိူး ရုရှားဒုလွှတ်တော်ဥက္ကဌ ဖြစ်ပါတယ်... အရမ်းပဲ ရုပ်ဆင်နေတယ်...

Picture

L Mone

31/05/2023 19:02

အရမ်းပဲ ရင်းနှီးချစ်ခင်ကြတာ မြင်ရလို့ အရမ်းပဲ ဝမ်းသာမိပါတယ်..

Related news

© 2021. All rights reserved.