မကွေးမြို့၌ ဓားဖြင့်အခုတ်ခံရမှုကြောင့် အမျိုးသားတစ်ဦး ဦးခေါင်း၌ ထိခိုက်ဒဏ်ရာရရှိ

 491

စော (NP News) - မေ ၃၁

မကွေးတိုင်း၊ မကွေးမြို့တွင် ဓားဖြင့် အခုတ်ခံရမှုကြောင့် အမျိုးသားတစ်ဦး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့(မေလ ၃ဝ ရက်)၊ ညပိုင်းတွင် မကွေးမြို့၊ ပြည်တော်သာလမ်းနှင့် အဝေရာလမ်း ထောင့်ရှိ အငှားယာဉ်ဂိတ်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကူညီရေးအသင်း (မကွေး) ထံမှ သိရသည်။

“ဘယ်လိုဖြစ်ပြီး အခုတ်ခံလိုက်ရတာလဲမသိဘူး။ ညဘက်ကြီးဖြစ်တယ်ပြောတယ်။ အခုတ်ခံရတော့ ခေါင်းမှာပဲ ဒဏ်ရာရသွားပါတယ်။ လောလောဆယ်တော့ စိုးရိမ်စရာမရှိပါဘူး”ဟု မြန်မာနိုင်ငံလူမှုကူညီရေးအသင်း(မကွေး)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

လက်ရှိတွင် အဆိုပါအမျိုးသားနှင့်ပတ်သက်သည့် မည်သည့်အချက်အလက်မှ မသိရှိရသေးကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။ အဆိုပါအမျိုးသားအား မကွေးပြည်သူဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
မေကြးၿမိဳ႕၌ ဓားျဖင့္အခုတ္ခံရမႈေၾကာင့္ အမ်ိဳးသားတစ္ဦး ဦးေခါင္း၌ ထိခိုက္ဒဏ္ရာရရွိ

ေစာ (NP News) - ေမ ၃၁

မေကြးတိုင္း၊ မေကြးၿမိဳ႕တြင္ ဓားျဖင့္ အခုတ္ခံရမႈေၾကာင့္ အမ်ိဳးသားတစ္ဦး ဦးေခါင္းတြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေမလ ၃ဝ ရက္)၊ ညပိုင္းတြင္ မေကြးၿမိဳ႕၊ ျပည္ေတာ္သာလမ္းႏွင့္ အေဝရာလမ္း ေထာင့္ရွိ အငွားယာဥ္ဂိတ္၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကူညီေရးအသင္း (မေကြး) ထံမွ သိရသည္။

“ဘယ္လိုျဖစ္ၿပီး အခုတ္ခံလိုက္ရတာလဲမသိဘူး။ ညဘက္ႀကီးျဖစ္တယ္ေျပာတယ္။ အခုတ္ခံရေတာ့ ေခါင္းမွာပဲ ဒဏ္ရာရသြားပါတယ္။ ေလာေလာဆယ္ေတာ့ စိုးရိမ္စရာမရွိပါဘူး”ဟု ျမန္မာႏိုင္ငံလူမႈကူညီေရးအသင္း(မေကြး)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

လက္ရွိတြင္ အဆိုပါအမ်ိဳးသားႏွင့္ပတ္သက္သည့္ မည္သည့္အခ်က္အလက္မွ မသိရွိရေသးေၾကာင္း ၎ကဆက္လက္ေျပာဆိုထားသည္။ အဆိုပါအမ်ိဳးသားအား မေကြးျပည္သူေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.