တောင်အာဖရိကနိုင်ငံမှာ တစ်နာရီကို လူသုံးဦးအသတ်ခံနေရပြီး၊ ကမ္ဘာပေါ်မှာ လူသတ်မှုအများဆုံးဖြစ်ပွားနေတဲ့ နိုင်ငံဖြစ်နေ

 305

ဂျန်ဇက် (NP News) - မေ ၃၁

‌တောင်အာဖရိက နိုင်ငံမှာ ၂ဝ၂၃ ခုနှစ် ပထမ သုံးလအတွင်း တစ်နာရီကို အနည်းဆုံး လူသုံးဦး အသတ်ခံနေရတယ် လို့ တောင်အာဖရိက ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်များအရ သိရပါတယ်။

တောင်အာဖရိကရဲတပ်ဖွဲ့က ဇန်နဝါရီလမှ မတ်လအတွင်း လူပေါင်း ၆၂၈၉ ဦး အသတ်ခံရပြီး ကမ္ဘာပေါ်ရှိ နိုင်ငံတွေ ထဲ လူသတ်မှုအများဆုံးဖြစ်ပွားနေတဲ့နိုင်ငံဖြစ်နေကြောင်း သိရပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ လူသတ်မှုဖြစ်ပွား နှုန်းဟာ ပြီးခဲ့တဲ့နှစ် ပထမသုံးလနဲ့နှိုင်းယှဉ်ရင် ၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

လူသတ်မှု အပြင် အဓမ္မပြုကျင့်မှုဖြစ်ပွားမှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ၂ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ဒီနှစ်ပထမ ၄ လအတွင်းမှာ အဓမ္မပြုကျင့်မှုပေါင်း ၁ဝ၅ဝဝ မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဓါးပြတိုက်မှုအရေ အတွက်ဟာ ပြီးခဲ့တဲ့နှစ် ပထမ လေးလနဲ့ ဒီနှစ်ပထမ လေးလကို နှိုင်းယှဉ်ရင် ဒီနှစ်မှာ ဓါးပြတိုက်မှုဖြစ်ပွားတဲ့ အရေအတွက်က ၂ဝ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

တောင်အာဖရိကနိုင်ငံအတွင်း မှုခင်းဖြစ်ပွားမှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်တွေထက် နှိုင်းယှဉ်ရင် မြင့်တက်လာနေပြီး အထူးသဖြင့် လုယက်ဓါးပြတိုက်မှု၊ တိုက်ခိုက်မှု နဲ့ လူသတ်ဖို့ ကြံစည်မှုတွေလည်း မြင့်တက်လာနေကြောင်း သိရပါတယ်။

တောင်အာဖရိကနိုင်ငံအတွင်း မှုခင်းဖြစ်ပွားမှုနှုန်း မြင့်တက်နေခြင်းအတွက် ဝန်ကြီးချုပ် စီလီဟာ ဖိအားတွေအောက် ရောက်ရှိနေပြီး အတိုက်ခံပါတီဖြစ်တဲ့ ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့က ဝန်ကြီးချုပ်စီလီကို ရာထူးက ထုတ်ပယ်ဖို့ တောင်းဆိုနေပါတယ်။

အတိုက်ခံပါတီက ဝန်ကြီးချုပ်ဟာ နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ မှုခင်းဖြစ်ပွားမှုတွေကို ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း ဝေဖန်ထားပါတယ်။ အတိုက်ခံပါတီက ပြည်သူတွေဟာ ကိုယ်အိမ်ထဲမှာ နေထိုင်နေရင်းတောင် ရာဇဝတ်မှု၊ မှုခင်းဖြစ်ပွားမှာကို စိုးရိမ်ကြောက်ရွှံ့နေရသလိုမျိုး ဖြစ်နေကြောင်း ဆိုပါတယ်။

Zawgyi Version;
ေတာင္အာဖရိကႏိုင္ငံမွာ တစ္နာရီကို လူသုံးဦးအသတ္ခံေနရၿပီး၊ ကမာၻေပၚမွာ လူသတ္မႈအမ်ားဆုံးျဖစ္ပြားေနတဲ့ ႏိုင္ငံျဖစ္ေန
ဂ်န္ဇက္ (NP News) - ေမ ၃၁

‌ေတာင္အာဖရိက ႏိုင္ငံမွာ ၂ဝ၂၃ ခုႏွစ္ ပထမ သုံးလအတြင္း တစ္နာရီကို အနည္းဆုံး လူသုံးဦး အသတ္ခံေနရတယ္ လို႔ ေတာင္အာဖရိက ရဲတပ္ဖြဲ႕ရဲ႕ထုတ္ျပန္ခ်က္မ်ားအရ သိရပါတယ္။

ေတာင္အာဖရိကရဲတပ္ဖြဲ႕က ဇန္နဝါရီလမွ မတ္လအတြင္း လူေပါင္း ၆၂၈၉ ဦး အသတ္ခံရၿပီး ကမာၻေပၚရွိ ႏိုင္ငံေတြ ထဲ လူသတ္မႈအမ်ားဆုံးျဖစ္ပြားေနတဲ့ႏိုင္ငံျဖစ္ေနေၾကာင္း သိရပါတယ္။ ေတာင္အာဖရိကႏိုင္ငံရဲ႕ လူသတ္မႈျဖစ္ပြား ႏႈန္းဟာ ၿပီးခဲ့တဲ့ႏွစ္ ပထမသုံးလနဲ႔ႏႈိင္းယွဥ္ရင္ ၃ ဒသမ ၄ ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့ေၾကာင္း သိရပါတယ္။

လူသတ္မႈ အျပင္ အဓမၼျပဳက်င့္မႈျဖစ္ပြားမႈႏႈန္းဟာ ၿပီးခဲ့တဲ့ႏွစ္နဲ႔ ႏႈိင္းယွဥ္ရင္ ၂ ဒသမ ၈ ရာခိုင္ႏႈန္း က်ဆင္းသြားခဲ့ၿပီး ဒီႏွစ္ပထမ ၄ လအတြင္းမွာ အဓမၼျပဳက်င့္မႈေပါင္း ၁ဝ၅ဝဝ မႈျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။ ဓါးျပတိုက္မႈအေရ အတြက္ဟာ ၿပီးခဲ့တဲ့ႏွစ္ ပထမ ေလးလနဲ႔ ဒီႏွစ္ပထမ ေလးလကို ႏႈိင္းယွဥ္ရင္ ဒီႏွစ္မွာ ဓါးျပတိုက္မႈျဖစ္ပြားတဲ့ အေရအတြက္က ၂ဝ ရာခိုင္ႏႈန္းျမင့္တက္လာခဲ့ေၾကာင္း သိရပါတယ္။

ေတာင္အာဖရိကႏိုင္ငံအတြင္း မႈခင္းျဖစ္ပြားမႈႏႈန္းဟာ ၿပီးခဲ့တဲ့ႏွစ္ေတြထက္ ႏႈိင္းယွဥ္ရင္ ျမင့္တက္လာေနၿပီး အထူးသျဖင့္ လုယက္ဓါးျပတိုက္မႈ၊ တိုက္ခိုက္မႈ နဲ႔ လူသတ္ဖို႔ ႀကံစည္မႈေတြလည္း ျမင့္တက္လာေနေၾကာင္း သိရပါတယ္။

ေတာင္အာဖရိကႏိုင္ငံအတြင္း မႈခင္းျဖစ္ပြားမႈႏႈန္း ျမင့္တက္ေနျခင္းအတြက္ ဝန္ႀကီးခ်ဳပ္ စီလီဟာ ဖိအားေတြေအာက္ ေရာက္ရွိေနၿပီး အတိုက္ခံပါတီျဖစ္တဲ့ ဒီမိုကရက္တစ္မဟာမိတ္အဖြဲ႕က ဝန္ႀကီးခ်ဳပ္စီလီကို ရာထူးက ထုတ္ပယ္ဖို႔ ေတာင္းဆိုေနပါတယ္။

အတိုက္ခံပါတီက ဝန္ႀကီးခ်ဳပ္ဟာ ႏိုင္ငံအတြင္းျဖစ္ပြားေနတဲ့ မႈခင္းျဖစ္ပြားမႈေတြကို ထိန္းခ်ဳပ္ႏိုင္ျခင္းမရွိေၾကာင္း ေဝဖန္ထားပါတယ္။ အတိုက္ခံပါတီက ျပည္သူေတြဟာ ကိုယ္အိမ္ထဲမွာ ေနထိုင္ေနရင္းေတာင္ ရာဇဝတ္မႈ၊ မႈခင္းျဖစ္ပြားမွာကို စိုးရိမ္ေၾကာက္႐ႊံ႕ေနရသလိုမ်ိဳး ျဖစ္ေနေၾကာင္း ဆိုပါတယ္။

Related news

© 2021. All rights reserved.