ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြသူများကို ဖမ်းဆီးထောင်ချပစ်မှာဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော

 346

ဂျန်ဇက် (NP News) - မေ ၃၁

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြသူများကို အကျဉ်းထောင်များက ကြိုဆိုနေမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ဇူလိုင်လအတွင်း ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားပြီး အဲဒီရွေးကောက်ပွဲကို တရားမဝင် ဆန့်ကျင်ဆန္ဒပြမယ်ဆိုရင် ထောင်ချခံရမှာဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က သတိပေးခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ဟာ မေလ ၃၁ ရက်မှာကျင်းပတဲ့ Tonle Sap မြစ်ကူးတံတားဖွင့်ပွဲအခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောဆိုချိန်အတွင်း အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွင်း အတိုက်ခံပါတီကို သတ်မှတ်ထားတဲ့စည်းကမ်းများ ချိုးဖောက်တယ်ဆိုကာ ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်ခွင့်မပေးခြင်းနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်မှုတွေလည်းရှိနေပါတယ်။

ဟွန်ဆန်က ကမ္ဘောဒီးယားနိုင်ငံရဲ့တည်ငြိမ်မှုကို ဖျက်ဆီးဖို့ ကြိုးပမ်းမယ့်သူများကို ဖမ်းဆီးထောင်ချပစ်မှာဖြစ် ကြောင်း ဆိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲကျင်းပပြီး ရွေးကောက်ပွဲကို လာမယ့် ဇူလိုင် ၂၃ ရက်မှာ ကျင်းပဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မရှင်ဟာ ပြည်ပကိုထွက်ပြေးနေတဲ့ အတိုက်ခံအုပ်စုခေါင်းဆောင်ဖြစ်သူ ဆန်ရိန်စီ နဲ့ ဆက်နွယ်တဲ့ပါတီကို ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်းများနဲ့ မကိုက်ညီဆိုကာ ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်ခွင့်မပြုခဲ့ခြင်းနဲ့ပတ်သက်ပြီး အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံများက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

ဒါပေမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ်က ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတစ်ခု၊ နှစ်ခု မပါရုံနဲ့ နိုင်ငံဒီမိုကရေစီ ပျက်သွားပြီလို့ ပြောဆိုလို့မရနိုင်ကြောင်း၊ လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီအနည်းဆုံး ၁ဝ ခုနဲ့အထက် ပါဝင်ယှဉ်ပြိုင်မှာဖြစ်ကြောင်း ဆိုထားပါတယ်။

Zawgyi Version;
ေ႐ြးေကာက္ပြဲကို ဆန႔္က်င္ဆႏၵျပသူမ်ားကို ဖမ္းဆီးေထာင္ခ်ပစ္မွာျဖစ္ေၾကာင္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ေျပာ
ဂ်န္ဇက္ (NP News) - ေမ ၃၁

ကေမာၻဒီးယားႏိုင္ငံမွာ က်င္းပဖို႔ စီစဥ္ထားတဲ့ေ႐ြးေကာက္ပြဲကို ဆန႔္က်င္ဆႏၵျပသူမ်ားကို အက်ဥ္းေထာင္မ်ားက ႀကိဳဆိုေနမွာျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ကေမာၻဒီးယားႏိုင္ငံမွာ ဇူလိုင္လအတြင္း ေ႐ြးေကာက္ပြဲက်င္းပဖို႔ စီစဥ္ထားၿပီး အဲဒီေ႐ြးေကာက္ပြဲကို တရားမဝင္ ဆန႔္က်င္ဆႏၵျပမယ္ဆိုရင္ ေထာင္ခ်ခံရမွာျဖစ္ေၾကာင္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္က သတိေပးခဲ့တာျဖစ္ပါတယ္။

ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ဟာ ေမလ ၃၁ ရက္မွာက်င္းပတဲ့ Tonle Sap ျမစ္ကူးတံတားဖြင့္ပြဲအခမ္းအနားကို တက္ေရာက္ မိန႔္ခြန္းေျပာဆိုခ်ိန္အတြင္း အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။ ကေမာၻဒီးယားႏိုင္ငံမွာ က်င္းပဖို႔ စီစဥ္ထားတဲ့ ေ႐ြးေကာက္ပြဲအတြင္း အတိုက္ခံပါတီကို သတ္မွတ္ထားတဲ့စည္းကမ္းမ်ား ခ်ိဳးေဖာက္တယ္ဆိုကာ ေ႐ြးေကာက္ပြဲ ပါဝင္ ယွဥ္ၿပိဳင္ခြင့္မေပးျခင္းနဲ႔ပတ္သက္ၿပီး ေဝဖန္ျပစ္တင္မႈေတြလည္းရွိေနပါတယ္။

ဟြန္ဆန္က ကေမာၻဒီးယားႏိုင္ငံရဲ႕တည္ၿငိမ္မႈကို ဖ်က္ဆီးဖို႔ ႀကိဳးပမ္းမယ့္သူမ်ားကို ဖမ္းဆီးေထာင္ခ်ပစ္မွာျဖစ္ ေၾကာင္း ဆိုပါတယ္။ ကေမာၻဒီးယားႏိုင္ငံဟာ ငါးႏွစ္တစ္ႀကိမ္ ေ႐ြးေကာက္ပြဲက်င္းပၿပီး ေ႐ြးေကာက္ပြဲကို လာမယ့္ ဇူလိုင္ ၂၃ ရက္မွာ က်င္းပဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။

ကေမာၻဒီးယားေ႐ြးေကာက္ပြဲေကာ္မရွင္ဟာ ျပည္ပကိုထြက္ေျပးေနတဲ့ အတိုက္ခံအုပ္စုေခါင္းေဆာင္ျဖစ္သူ ဆန္ရိန္စီ နဲ႔ ဆက္ႏြယ္တဲ့ပါတီကို ေ႐ြးေကာက္ပြဲစည္းမ်ဥ္းစည္းကမ္းမ်ားနဲ႔ မကိုက္ညီဆိုကာ ေ႐ြးေကာက္ပြဲ ပါဝင္ ယွဥ္ၿပိဳင္ခြင့္မျပဳခဲ့ျခင္းနဲ႔ပတ္သက္ၿပီး အေမရိကန္ အပါအဝင္ အေနာက္အုပ္စုႏိုင္ငံမ်ားက ေဝဖန္ျပစ္တင္ခဲ့ပါတယ္။

ဒါေပမယ့္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္က ေ႐ြးေကာက္ပြဲမွာ ႏိုင္ငံေရးပါတီတစ္ခု၊ ႏွစ္ခု မပါ႐ုံနဲ႔ ႏိုင္ငံဒီမိုကေရစီ ပ်က္သြားၿပီလို႔ ေျပာဆိုလို႔မရႏိုင္ေၾကာင္း၊ လာမယ့္ေ႐ြးေကာက္ပြဲမွာ ႏိုင္ငံေရးပါတီအနည္းဆုံး ၁ဝ ခုနဲ႔အထက္ ပါဝင္ယွဥ္ၿပိဳင္မွာျဖစ္ေၾကာင္း ဆိုထားပါတယ္။

Related news

© 2021. All rights reserved.