(၁၈)ပေအနက်ရှိသော သင်္ဘောဝမ်းဗိုက်၌ သန့်ရှင်းရေးဝင်လုပ်သည့် အမျိုးသား(၂)ဦး အောက်ဆီဂျင်ပြတ်၍သေဆုံး

 2806

စော (NP News) - မေ ၃၁

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် (၁၈)ပေအနက်ရှိသော သင်္ဘောဝမ်းဗိုက်၌ ဆီသန့်ရှင်းရေးဝင်လုပ်သည့် အမျိုးသား(၂)ဦး အောက်ဆီဂျင်ပြတ်၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(မေလ ၃၁ ရက်)၊ နံနက်(၁ဝ)နာရီခွဲအချိန်တွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ Jetty ဆိပ်ကမ်းဝန်းအတွင်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသား(၂)ဦးသည် (၁၈)ပေအနက်ရှိသော ငါးဖမ်းသင်္ဘော၏ဝမ်းဗိုက်တွင် ဒီဇယ်ဆီများကို သန့်ရှင်းရေးလုပ်နေစဉ် အောက်ဆီဂျင်ပြတ်၍ သေဆုံးသွားကြောင်း သိရသည်။

“သင်္ဘောဝမ်းဗိုက်မှာရှိတဲ့ ဆီလှောင်ကန်ထဲမှာ ဆီသန့်ရှင်းရေးဝင်လုပ်နေရင်း အောက်ဆီဂျင်ပြတ်ပြီး ဆုံးသွားတာပါ။ သူတို့ကို အဲဒီကန်ကနေတင်ပြီး အင်းစိန်ဆေးရုံကိုပို့လိုက်ပါတယ်။ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားတာပါ”ဟု ကနောင်နာရေး/ရှင်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါအမျိုးသားနှစ်ဦးအနက် တစ်ဦးသည် အသက်(၄၉)နှစ်အရွယ်ရှိကြောင်းသိရပြီး ကျန်တစ်ဦးသည်အသက်(၂၅)နှစ်အရွယ်ရှိကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။

လက်ရှိတွင် ၎င်းတို့၏ရုပ်အလောင်းကို အင်းစိန်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
(၁၈)ေပအနက္ရွိေသာ သေဘၤာဝမ္းဗိုက္၌ သန႔္ရွင္းေရးဝင္လုပ္သည့္ အမ်ိဳးသား(၂)ဦး ေအာက္ဆီဂ်င္ျပတ္၍ေသဆုံး

ေစာ (NP News) - ေမ ၃၁

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္တြင္ (၁၈)ေပအနက္ရွိေသာ သေဘၤာဝမ္းဗိုက္၌ ဆီသန႔္ရွင္းေရးဝင္လုပ္သည့္ အမ်ိဳးသား(၂)ဦး ေအာက္ဆီဂ်င္ျပတ္၍ ေသဆုံးသြားေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ေမလ ၃၁ ရက္)၊ နံနက္(၁ဝ)နာရီခြဲအခ်ိန္တြင္ အင္းစိန္ၿမိဳ႕နယ္၊ ႀကိဳ႕ကုန္းအေနာက္ရပ္ကြက္၊ Jetty ဆိပ္ကမ္းဝန္းအတြင္း၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါအမ်ိဳးသား(၂)ဦးသည္ (၁၈)ေပအနက္ရွိေသာ ငါးဖမ္းသေဘၤာ၏ဝမ္းဗိုက္တြင္ ဒီဇယ္ဆီမ်ားကို သန႔္ရွင္းေရးလုပ္ေနစဥ္ ေအာက္ဆီဂ်င္ျပတ္၍ ေသဆုံးသြားေၾကာင္း သိရသည္။

“သေဘၤာဝမ္းဗိုက္မွာရွိတဲ့ ဆီေလွာင္ကန္ထဲမွာ ဆီသန္႔ရွင္းေရးဝင္လုပ္ေနရင္း ေအာက္ဆီဂ်င္ျပတ္ၿပီး ဆုံးသြားတာပါ။ သူတို႔ကို အဲဒီကန္ကေနတင္ၿပီး အင္းစိန္ေဆး႐ုံကိုပို႔လိုက္ပါတယ္။ အခင္းျဖစ္တဲ့ေနရာမွာပဲ ေသဆုံးသြားတာပါ”ဟု ကေနာင္နာေရး/ရွင္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါအမ်ိဳးသားႏွစ္ဦးအနက္ တစ္ဦးသည္ အသက္(၄၉)ႏွစ္အ႐ြယ္ရွိေၾကာင္းသိရၿပီး က်န္တစ္ဦးသည္အသက္(၂၅)ႏွစ္အ႐ြယ္ရွိေၾကာင္း ၎ကဆက္လက္ေျပာဆိုထားသည္။

လက္ရွိတြင္ ၎တို႔၏႐ုပ္အေလာင္းကို အင္းစိန္ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Picture

L Ja San

31/05/2023 15:41

ခဏခဏဒီလိုတွေဖြစ်နေတယ် ကာကွယ်လို့ရတယ်လေ အနက်ထဲမဆင်းခင်ဆရာဝန်တွေဆီကအကြံရယူပါ online consultation တွေ health education program တွေအများကြီးလုပ်ဖို့လိုတယ်လို့မြင်မိတယ်

Related news

© 2021. All rights reserved.