ယူကရိန်း စစ်ထောက်လှမ်းရေးရုံးချုပ်ကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးသွားဖို့ အမိန့်ပေးထားကြောင်း ရုရှားသမ္မတပူတင် ထုတ်ဖော်ပြောဆို

 600

ဂျန်ဇက် (NP News) - မေ ၃၁

ယူကရိန်းနိုင်ငံ ကိဗ့်မြို့ရှိ စစ်ထောက်လှမ်းရေးရုံးချုပ် GUR ကို တိုက်ခိုက်ဖို့အမိန့်ပေးထားပြီးဖြစ်ကြောင်း၊ ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

၎င်းက "ကျွန်တော်တို့ဟာ ယူကရိန်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အဓိကဆုံးဖြတ်ချက်ချမှတ်တဲ့ ယူကရိန်း စစ်ထောက်လှမ်းရေးအဆောက်အဦးကို တိုက်ခိုက်ဖို့ ဆွေးနွေးတာမျိုးတွေ ရှိနေခဲ့ပါတယ်။ အဲဒီယူကရိန်း စစ်ထောက်လှမ်းရေးရုံးချုပ်ဟာ ကျွန်တော်တို့ တိုက်ခိုက်ဖို့ ပစ်မှတ်ထားတဲ့အဆောက်အဦးဖြစ်ပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ အဲဒီယူကရိန်းစစ်ထောက်လှမ်းရေးအဆောက်အဦးကို ပစ်မှတ်ထားပြီး ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက်လောက်က တိုက်ခိုက်ခဲ့တယ်" လို့ ပြောပါတယ်။

ယူကရိန်းဟာ မကြာသေးမီက ရုရှားနိုင်ငံကို ပစ်မှတ်ထားပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်ခြင်းများ ရှိခဲ့ကြောင်း၊ အဲဒီ တိုက်ခိုက်မှုတွေဟာ ရုရှားပြည်သူများကို ရည်ရွယ်တဲ့ ခြိမ်းခြောက်တိုက်ခိုက်မှုမျိုးဖြစ်ကြောင်း ရုရှားသမ္မတပူတင် က ပြောပါတယ်။

ရုရှားဟာ ယူကရိန်းကို တိုက်ခိုက်ရာမှာ အရပ်သားတွေကို ပစ်မှတ်ထားခြင်းမျိုးမရှိဘဲ စစ်လက်နက်ပစ္စည်းများ သိုလှောင်နေရာတွေ၊ စက်သုံးဆီထားရှိတဲ့နေရာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခြင်းများသာ ရှိနေခဲ့ကြောင်း၊ သမ္မတပူတင် က ပြောပါတယ်။

ယူကရိန်းအနေနဲ့ ရုရှားရဲ့မြို့တွေနဲ့ ရုရှားနိုင်ငံသားတွေကို ရည်ရွယ်တိုက်ခိုက်ခဲ့မယ်ဆိုရင် အဲဒီတိုက်ခိုက်မှုအတိုင်း ရုရှားဘက်က လက်တုံ့ပြန်တိုက်ခိုက်မှာဖြစ်ကြောင်း သမ္မတပူတင်က ပြောပါတယ်။ ရုရှားနဲ့ ယူကရိန်းတို့ဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် အပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး လက်ရှိ အချိန်အထိ တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။

အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ၊ အခြားအကူအညီများ ပံ့ပိုးပေးနေပြီး၊ အဲဒီလိုမျိုး ကူညီပေးခြင်းက စစ်ပွဲကို အချိန်ပိုကြာစေပြီး ယူကရိန်းပြည်သူများ ပိုမိုထိခိုက်အောင် လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ ရုရှားဘက် က ပြောပါတယ်။

Zawgyi Version;
ယူကရိန္း စစ္ေထာက္လွမ္းေရး႐ုံးခ်ဳပ္ကို ပစ္မွတ္ထားတိုက္ခိုက္ဖ်က္ဆီးသြားဖို႔ အမိန႔္ေပးထားေၾကာင္း ႐ုရွားသမၼတပူတင္ ထုတ္ေဖာ္ေျပာဆို
ဂ်န္ဇက္ (NP News) - ေမ ၃၁

ယူကရိန္းႏိုင္ငံ ကိဗ့္ၿမိဳ႕ရွိ စစ္ေထာက္လွမ္းေရး႐ုံးခ်ဳပ္ GUR ကို တိုက္ခိုက္ဖို႔အမိန႔္ေပးထားၿပီးျဖစ္ေၾကာင္း၊ ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

၎က "ကြၽန္ေတာ္တို႔ဟာ ယူကရိန္းတိုက္ခိုက္မႈေတြနဲ႔ပတ္သက္ၿပီး အဓိကဆုံးျဖတ္ခ်က္ခ်မွတ္တဲ့ ယူကရိန္း စစ္ေထာက္လွမ္းေရးအေဆာက္အဦးကို တိုက္ခိုက္ဖို႔ ေဆြးေႏြးတာမ်ိဳးေတြ ရွိေနခဲ့ပါတယ္။ အဲဒီယူကရိန္း စစ္ေထာက္လွမ္းေရး႐ုံးခ်ဳပ္ဟာ ကြၽန္ေတာ္တို႔ တိုက္ခိုက္ဖို႔ ပစ္မွတ္ထားတဲ့အေဆာက္အဦးျဖစ္ပါတယ္။ ႐ုရွားတပ္ဖြဲ႕ေတြဟာ အဲဒီယူကရိန္းစစ္ေထာက္လွမ္းေရးအေဆာက္အဦးကို ပစ္မွတ္ထားၿပီး ၿပီးခဲ့တဲ့ ႏွစ္ရက္၊ သုံးရက္ေလာက္က တိုက္ခိုက္ခဲ့တယ္" လို႔ ေျပာပါတယ္။

ယူကရိန္းဟာ မၾကာေသးမီက ႐ုရွားႏိုင္ငံကို ပစ္မွတ္ထားၿပီး ဒ႐ုန္းေတြနဲ႔ တိုက္ခိုက္ျခင္းမ်ား ရွိခဲ့ေၾကာင္း၊ အဲဒီ တိုက္ခိုက္မႈေတြဟာ ႐ုရွားျပည္သူမ်ားကို ရည္႐ြယ္တဲ့ ၿခိမ္းေျခာက္တိုက္ခိုက္မႈမ်ိဳးျဖစ္ေၾကာင္း ႐ုရွားသမၼတပူတင္ က ေျပာပါတယ္။

႐ုရွားဟာ ယူကရိန္းကို တိုက္ခိုက္ရာမွာ အရပ္သားေတြကို ပစ္မွတ္ထားျခင္းမ်ိဳးမရွိဘဲ စစ္လက္နက္ပစၥည္းမ်ား သိုေလွာင္ေနရာေတြ၊ စက္သုံးဆီထားရွိတဲ့ေနရာေတြကို ပစ္မွတ္ထားၿပီး တိုက္ခိုက္ျခင္းမ်ားသာ ရွိေနခဲ့ေၾကာင္း၊ သမၼတပူတင္ က ေျပာပါတယ္။

ယူကရိန္းအေနနဲ႔ ႐ုရွားရဲ႕ၿမိဳ႕ေတြနဲ႔ ႐ုရွားႏိုင္ငံသားေတြကို ရည္႐ြယ္တိုက္ခိုက္ခဲ့မယ္ဆိုရင္ အဲဒီတိုက္ခိုက္မႈအတိုင္း ႐ုရွားဘက္က လက္တုံ႔ျပန္တိုက္ခိုက္မွာျဖစ္ေၾကာင္း သမၼတပူတင္က ေျပာပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းတို႔ဟာ ၿပီးခဲ့တဲ့ ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ အပစ္ခတ္ရပ္စဲေရးနဲ႔ပတ္သက္ၿပီး လက္ရွိ အခ်ိန္အထိ ေတြ႕ဆုံေဆြးေႏြးႏိုင္ျခင္း မရွိေသးေၾကာင္း သိရပါတယ္။

အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြဟာ ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား၊ အျခားအကူအညီမ်ား ပံ့ပိုးေပးေနၿပီး၊ အဲဒီလိုမ်ိဳး ကူညီေပးျခင္းက စစ္ပြဲကို အခ်ိန္ပိုၾကာေစၿပီး ယူကရိန္းျပည္သူမ်ား ပိုမိုထိခိုက္ေအာင္ လုပ္ေဆာင္ေနျခင္းျဖစ္တယ္လို႔ ႐ုရွားဘက္ က ေျပာပါတယ္။

Related news

© 2021. All rights reserved.